မြင်းခြံမြို့နယ်ထဲမှာ သေနတ်နဲ့ပစ်သတ်ပြီး စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

ဇွန် ၊ ၂၆ ၊ ၂၀၂၂
SP(VOM)

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ ဂျုပ်ပင်ကျေးရွာရဲ့ အရှေ့မြောက်ဘက်မှာ မနေ့ ဇွန် ၂၅ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ် ၊ စွန့်ပစ်ထားတဲ့ အလောင်း ၃ လောင်း တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက
သိရပါတယ်။

” ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်း ၃ လောင်း တွေ့ရတာပါ ၊ ဆေးရုံပို့ဆောင်ပေးဖို့ ကူညီပေးခဲ့တယ် ” လို့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

.” သေဆုံးသူတွေက ဂျုပ်ပင်ရွာက လူတွေမဟုတ်သလို ၊ ရွာနားဝန်းကျင် အခြားရွာက လူတွေလည်း မဟုတ်ဘူး ၊ သေနတ်သမားတွေက တနေရာက ဖမ်းခေါ်လာတဲ့သူတွေကို ဂျုပ်ပင်ရွာနားရောက်မှ သတ်ထားခံရတာ ဖြစ်နိုင်မယ် ၊ ညက ၁၁ ဝန်းကျင်မှာ သေနတ်သံ ၇ ချက်ကြားလိုက်ရတယ် ” လို့ ဂျုပ်ပင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့ရုံးကတော့ ” အလောင်းတွေ ဆေးရုံကောက်လာရင် စစ်ဆေးပြီး သေမှုသေခင်းနဲ့ အရင်ဖွင့်မှာပါ ” လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဒီလ ၂၁ ရက်ကလည်း မြင်းခြံမြို့နယ် လျှပ်စစ်ရုံးက မီတာကောက်ခံရေး ဝန်ထမ်း ၂ ဦးဟာ တာဝန်ထမ်းဆောင်နေရင်း သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မြင်းခြံ #ဂျုပ်ပင် #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW