ဘီလာရုစ်အတွက် နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ရုရှားပေးမယ်

မော်စကို၊ ဇွန်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ သူ့ရဲ့မဟာမိတ် ဘီလာရုစ်ကို နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်တဲ့ တာတိုပစ်ဒုံးကျည်စနစ်တွေ ပေးပို့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ရုရှားရဲ့ Iskander-M ဒုံးကျည်စနစ်ဟာ သမရိုးကျနဲ့ နျူကလီးယားထိပ်ဖူးတွေသယ်ဆောင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ခတ်နိုင်ပြီး မိုင် ၃၁၀ အကွာအဝေးထိ ရောက်ရှိနိုင်ပါတယ်။

ဒါ့အပြင် ရုရှားဟာ ဘီလာရုစ်အတွက် SU-25 တိုက်လေယာဉ်တွေမှာ နျူကလီးယားလက်နက်တွေ တင်ဆောင်ပစ်ခတ်နိုင်ဖို့အတွက် ပြုပြင်မွမ်းမံပေးဖို့ကိုလည်း ကူညီပေးသွားမယ်လို့ သမ္မတပူတင်ကပြောပါတယ်။

လက်ရှိမှာတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဆီဗီရိုဒွန်နက်စ်မြို့ကို သီတင်းပတ်များစွာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် မြို့ကို အပြည့်အ၀ထိန်းချုပ်လိုက်နိုင်ပြီလို့ ရုရှားကပြောပါတယ်။

ဒီမြို့ကို သိမ်းပိုက်လိုက်တာဟာ လူဟန့်ခ်ဒေသအားလုံးနီးပါးနဲ့ အိမ်နီးချင်း ဒွန်နက်စ်ဒေသကိုပါ ထိန်းချုပ်လိုက်နိုင်တဲ့ သဘောဖြစ်ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW