ဘရပ်ဆဲလ်၊ ဇွန်-၂၃-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံဟာ ယခုနှစ်ဆောင်းရာသီမှာ ဥရောပသို့ ဓါတ်ငွေ့ထောက်ပံ့မှု ရပ်တန့်သွားနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။ ဒီလိုအလုံးစုံရပ်တန့်လိုက်တာဟာ ဖြစ်နိုင်ခြေအရှိဆုံးအခြေအနေမဟုတ်ဘူးလို့ ယူဆရပေမယ့်လည်း ဥရောပဒေသ နိုင်ငံတွေအနေနဲ့ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားဖို့ အစီအစဉ်တွေလိုအပ်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အကြီးအကဲFatih Birol ကပြောပါတယ်။ မကြာသေးမီ ရက်တ္တပတ်တွေအတွင်း ဥရောပနိုင်ငံအများအပြားဟာ ရုရှားရဲ့ ဓါတ်ငွေ့ကို မျှော်လင့်ထားတာထက် သိသိသာသာလျော့နည်းရရှိနေတယ်လို့ ဥရောပနိုင်ငံအများအပြားက ထုတ်ဖော်ပြောဆိုထားပါတယ်။ ရုရှားတာ၀န်ရှိသူတွေကတော့ ဒါဟာတမင်သက်သက်မဟုတ်ကြောင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီ ဥရောပဒေသဟာ ရုရှားဆီက ဓါတ်ငွေ့ ၄၀ ရာခိုင်နှုန်းတင်သွင်းခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ၂၀ ရာခိုင်နှုန်းကျဆင်းသွားပြီဖြစ်ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဘရပ်ဆဲလ်
Read MoreMonth: June 2022
မြိုင်မြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေ ၊ ၆ ဦးဒဏ်ရာရ
ဇွန် ၊ ၂၃-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ထန်းဖူးတောကျေးရွာမှာ မနေ့ ဇွန် ၂၂ ရက် နေ့လယ်ပိုင်းက နေအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၊ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဦးစိန်မောင်ရဲ အိမ်ဝန်းထဲမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာပါ ၊ အိမ်ရှေ့မှာ စကားဝိုင်းဖွဲ့ပြောနေတဲ့ လူတွေကို ပေါက်ကွဲစတွေထိမှန်တယ် ၊ ၅ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ဒေါ်စောနွယ် ကတော့ သေဆုံးသွားတယ် ၊ ကျန် လူ ၆ ယောက်လည်း ဒဏ်ရာရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မြိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ နီးစပ်သူတယောက်က”လက်လုပ်…
Read Moreကမ္ဘာ့နိုင်ငံ ၄၀ ကျော်မှာ မျောက်ကျောက်ရောဂါကူးစက်မှု ၃၀၀၀ ကျော်ရှိလာ
ဂျီနီဗာ၊ ဇွန်-၂၃-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ ရှိ၊မရှိကို ဇွန် ၂၃ ရက်မှာ ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ အဲဒီအရေးပေါ်ကော်မတီအစည်းအဝေးမှာတော့ ရောဂါကူးစက်မှုအများဆုံးနိုင်ငံတွေက ပညာရှင်တွေ ပါ၀င်ဆွေးနွေးကြမှာဖြစ်ပြီး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာဖို့ကိစ္စကို ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ မျောက်ကျောက်ရောဂါဟာ ကိုဗစ်-၁၉ ရောဂါလို အလွယ်တကွယ် မကူးစက်နိုင်ပေမယ့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်းလို ကာကွယ်ဆေးနဲ့ ကုသဆေးတွေ သီးခြားထွက်ပေါ်မလာသေးပါဘူး။ လက်ရှိမှာတော့ နိုင်ငံပေါင်း ၄၀ ကျော်မှာ မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နေပြီး အာဖရိကဒေသပြင်ပမှာ ရောဂါဖြစ်ပွားမှု ၃၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး အများစုကတော အမျိုးသားချင်း လိင်တူဆက်ဆံသူတွေမှာ ဖြစ်ပါတယ်။ ရောဂါကြောင့် သေဆုံးမှုကတော့ လက်ရှိချိန်ထိ မရှိသေးပါဘူး။ တုပ်ကွေးရောဂါလို လက္ခဏာတွေနဲ့ အရေပြားပေါ်မှာ အဖုအပိန့်တွေဖြစ်ပေါ်စေတတ်တဲ့ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာသာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။ Ref:Reuters…
Read Moreပြန်ပေးဆွဲခံရတဲ့ ဆရာနဲ့ဆရာမကို ကျပ်သိန်း၁ထောင်နဲ့ ပြန်ရွေးခဲ့ရ
ဇွန် ၂၃-၂၀၂၂ SW(VOM) မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ဆရာနဲ့ ဆရာမတို့ကို မနေ့ ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ရခိုင်ရွာတစ်ရွာအတွင်း ဖမ်းဆီးတဲ့အဖွဲ့က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ သူတို့ပြန်လည်လွတ်မြောက်ဖို့ အစီအစဉ်တစ်ခုလုံးအတွက် ငွေကျပ်သိန်းပေါင်း ၁ ထောင်ကျော်ကို ဖမ်းဆီးတဲ့အဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ရတယ်လို့ မောင်တောမြို့နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။ မောင်တောမြို့နယ်ပညာရေးမှူးက “ဟိုဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်းဆိုတဲ့ ရွာမှာ လာပို့တယ်လို့ ပြောတယ်။ ဘယ်အဖွဲ့ကလာပို့သလဲဆိုတာက အဖွဲ့နာမည်မပါဘူး။ သူတို့ကို ပြန်ပေးဆွဲထားတဲ့အဖွဲ့က ပြန်လွှတ်လိုက်တာပေါ့။ သူတို့ရဲ့တောင်းဆိုချက်တွေ(တာကာငွေတောင်းတာ)ကို ကျနော်တို့ဘက်က ပေးလိုက်တဲ့အတွက် ပြန်လွှတ်လာတယ်ပေါ့။ မြန်မာငွေ သိန်းတစ်ထောင်ပေးလိုက်ရတယ်။ လွှဲတာနဲ့ဆိုရင် သိန်းတစ်ထောင်ကျော်တယ်” လို့ ပြောပါတယ်။ လက်ရှိမှာ ပြန်လည်လွှတ်မြောက်လာတဲ့ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာက ကျောင်းအုပ်ဆရာနဲ့ ဆရာမတို့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ခြမ်း ခြံချောင်းရွာက အသိမိတ်ဆွေ…
Read Moreဒဂုံဆိပ်ကမ်းက မာကျူရီ စားသောက်ဆိုင်မီးလောင်မှု ဝန်ထမ်း၂ဦးသေဆုံး၊ တဦးဒဏ်ရာရ
ရန်ကုန်၊ဇွန် ၂၃၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က မာကျူရီစားသောက်ဆိုင်ဟာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ရာ အမျိုးသမီးဝန်ထမ်း ၂ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ မီးလောင်ခဲ့တဲ့ဆိုင်ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၁ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းမပေါ်က မာကျူရီစားသောက်ဆိုင်ဖြစ်ပြီး ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က မီးလောင်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ကလေးမလေးတွေ အိပ်နေတဲ့အချိန် လောင်တာဖြစ်တာဖြစ်မယ်၊ မီးငြိမ်းသွားတော့ နှစ်ဦးက သေနေပြီ တဦးကခုန်ချလို့ ဒဏ်ရာရသွားတယ်”လို့ သူကပြောပါတယ်။ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက “မာကျူရီ စားသောက်ဆိုင်က ဒီကနေ့ မနက်အစောပိုင်း ငါးနာရီဝန်းကျင်က မီးစတင်လောင်ခဲ့တယ်၊ မီးကို မီးသတ်ယာဉ်ငါးစီးနဲ့ ငြိမ်းသတ်ခဲ့ရာမှာ ၆း၀၈ နာရီမှာ မီးငြိမ်းခဲ့တယ်၊ Dead Body ၂ ဦးတွေ့ရှိတယ် တစ်ဦးက ဒဏ်ရာရတယ်၊ မီးလောင်တဲ့အကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေတုန်းပါ”လို့ ပြောပါတယ်။ မီးလောင်မှုကြောင့်…
Read Moreတရားရုံးမှာ သက်သေခံပြီး ပြန်လာတဲ့ရဲတွေ မိုင်းနင်းမိပြီး ရဲ ၁၁ ဦး သေဆုံး
ဇွန် ၊ ၂၃ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မြင်းဒေါင်းကျေးရွာအနီး ၊ ရေဦး ခင်ဦးကားလမ်းမှာ မနေ့ ဇွန် ၂၂ ရက် ညနေပိုင်းက ရေဦးတရားရုံးကနေ သက်သေခံပြီးပြန်လာတဲ့ ရဲတွေစီးလာတဲ့ ကား ၁ စီး မိုင်းထိမှန်ပြီး ဝိုင်းဝန်း ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်းမှာ ရုပ်အလောင်း ၁၁ လောင်း သယ်ယူပြီး ခင်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်.” လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အမှုကိစ္စနဲ့ သက်သေခံပြီး ရေဦးကနေ…
Read Moreတရုတ်တန်း ဖျာဝိုင်း
ဆူးငှက် ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၂၀ ဝန်းကျင်။ မန္တလေးမြို့ လမ်း ၈ဝ တရုတ်တန်းနှင့် ၂၉ လမ်းထောင့်ရှိ ဇလားပုံမှန်အိမ်ကြီးတွင် ရေနံမီးထွန်းညှိထားသည်။ မှန်အိမ်ကြီးမှ အလင်းရောင်က တရုတ်တန်းကျောက်ကြမ်းလမ်းပေါ် ဖြာကျနေသည်။ တစ်ဖက် လမ်းထောင့်မှာ ဗဟိုရ်လက်ဖက်ရည်ဆိုင်ရှိ၏။ လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုးလမ်း၏အရှေ့ဘက်တွင် ဧရာမကွပ်ပျစ်ကြီးတစ်ခုပေါ်၌ လူငယ်တစ်စုသည် တယော၊ မယ်ဒလင်၊ ဘင်ဂျို၊ ဗမာဂီတာ၊ ဗျက်စောင်းများကို မြိုင်မြိုင်ကြီး တီးခတ်နေကြသည်။ ရပ်ကွက်ခံလူငယ်များကလည်း ကွပ်ပျစ်ကြီးပေါ် ထိုင်သူထိုင်၊ ရပ်သူရပ်နှင့် ဝိုင်းဝန်းကြည့်ရှုနေကြ၏။ လူငယ် ၂ယာက်က ဘင်ဂျိုတစ်လုံးစီကိုင်ကာ သီချင်းတစ်ပုဒ်ကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင် တီးနေကြသည်။ စည်းနှင့်ဗျောက် လိုက်သူပင်လျှင် ဂီတ၏မြူးကြွမှုမှာ ပီတိသောမန ရိုးတိုးရွတဖြစ်လာပြီး “ဟဲ့ … ဘာတဲ့တုန်း …”၊ “အို .. ကိုငြိမ်းရေ ..”၊ “ကြိုးစားလိုက်ပါဦး ကိုတွေးရဲ့…”ဟု အသံတစာစာ တဟဲ့ဟဲ့ ဖြစ်လာတော့၏။…
Read Moreမန္တလေးမှာ စိတ်မနှံ့တဲ့ အမျိုးသမီးတဦးမှ မီးရှို့ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့
ဇွန် ၂၂-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ သိပ္ပံလမ်း ၇၃ လမ်းနဲ့ ၇၈လမ်းကြားရှိ ၊ နိုဘယ် စင်တင်တေးဂီတ (ဆိုင်အဟောင်း)အတွင်း ဝင်ရောက်နေထိုင်လျက်ရှိတဲ့ စိတ်မနှံ့သူ အမျိုးသမီး(၁)ဦးက အဝတ်အစားတွေကို ဂက်စ်မီးခြစ်နဲ့ မီးပုံရှို့ရာကနေ အဆောက်အဦ ကြမ်းခင်းကို မီးကူးစက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အဲ့ဒီဆိုင်အဟောင်းထဲ နေနေတဲ့ စိတ်ပေါ့သွပ်တဲ့ အမျိုးသမီးက သူ့ရဲ့ အ၀တ်အစားတွေကို ဂတ်စ်အိုးတွေထားတဲ့နေရာမှာ မီးပုံရှို့တာ ၊ အဲ့ဒီကနေ မီးစလောင်ခဲ့တာ၊ ဘေးက လက်ဖက်ရည်ဆိုင်ပါ မီးထဲပါသွားတယ်”လို့ မီးသတ်သမားတဦးကပြောပါတယ်။ မီးလောင်မှုကို Level-2နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး လောင်မှုကြောင့် နိုဘယ် စင်တင်တေးဂီတာ(ဆိုင်အဟောင်း)နဲ့ ပါးချိုင့်လေး လက်ဖက်ရည်ဆိုင်တို့ မီးလောင်ပျက်စီးကာ မီးသတ်တွက်ချက်တန်ဖိုးငွေ ၈၂သိန်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး အမှတ်(၁၁)နယ်မြေရဲစခန်းက…
Read Moreတရုတ်တောင်ပိုင်းမှာ စံချိန်တင်မ်ိုးရွာသွန်းမှုကြောင့် လူ ၅ သန်းကျော် ရေဘေးသင့်
ပေကျင်း၊ ဇွန်-၂၂-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံတောင်ပိုင်းမှာ စံချိန်တင်မိုးရွားသွန်းမှုတွေကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းတွေဖြစ်ပေါ်နေပြီး လူ ၅ သန်းကျော် ရေဘေးသင့်နေကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်နဲ့ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းတွင်းပိုင်းရှိ Hunan ပြည်နယ်အပါအ၀င် ဒေသသုံးခုမှာ ပြီးခဲ့တဲ့လကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေခဲ့ပါတယ်။ Guangdong ပြည်နယ်နဲ့ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာ မေ ၁ ရက်ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အထိ မိုးရေချိန် ၆၂၁ မီလီမီတာရှိခဲ့ပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ တရုတ်မိုးလေ၀သ တာ၀န်ရှိသူတွေက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် အဲဒီဒေသမှာ လူ ၅ သန်းကျော် ရေဘေးသင့်နေပြီး နေအိမ်များစွာလည်း ပျက်ဆီးခဲ့ရပါတယ်။ ရေကြီးရေလျှံမှုတွေဟာ လာမယ့်ရက်အနည်းငယ်အထိ ပိုမိုဆိုးရွားလာဖွယ်ရှိပြီး မြစ်ချောင်းဘေးတွေနဲ့ မြေန်ိမ့်ဒေသတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့…
Read Moreမြင်းခြံ EPCရုံးက ဒုလက်ထောက်ကြီးကြပ်ရေးမှူးနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
ဇွန် ၂၂-၂၀၂၂ KK(VOM) မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာမှာ မနေ့ ဇွန်၂၁ရက် နေ့လယ်ပိုင်းက မီတာခကောက်ပြီးပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံးမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူးနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မီတာခကောက်ပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံး ဒု-လက်ထောက်ကြီးကြပ်ရေးမှူးအဆင့်ရှိသူနှစ်ဦးကို အပြန်လမ်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “မီတာခတွေကောက်ပြီး အပြန်လမ်းမှာ သေနတ်နဲ့စောင့်ပြီးပစ်တာ ပွဲချင်းပြီးပဲ သေသွားတာ”လို့ သူကပြောပါတယ်။ သေဆုံးသူနှစ်ဦးဟာ မြင်းခြံမြို့နယ် EPC ရုံးမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကိုနဲ့ဦးမျိုးဇော်ဝင်း တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သေနတ်နဲ့ပစ်သတ်သွားရုံတင်မဟုတ်ပါဘူး၊ မီတာခကောက်ထားတဲ့ ပိုက်ဆံတွေပါ ယူသွားတာပါ “လို့ သူက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ နှပ်ချိုတောကျေးရွာမှာ စစ်ဆေးမှုတွေပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။…
Read More