တရုတ်တောင်ပိုင်းမှာ စံချိန်တင်မ်ိုးရွာသွန်းမှုကြောင့် လူ ၅ သန်းကျော် ရေဘေးသင့်

ပေကျင်း၊ ဇွန်-၂၂-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံတောင်ပိုင်းမှာ စံချိန်တင်မိုးရွားသွန်းမှုတွေကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းတွေဖြစ်ပေါ်နေပြီး လူ ၅ သန်းကျော် ရေဘေးသင့်နေကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်နဲ့ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းတွင်းပိုင်းရှိ Hunan ပြည်နယ်အပါအ၀င် ဒေသသုံးခုမှာ ပြီးခဲ့တဲ့လကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေခဲ့ပါတယ်။

Guangdong ပြည်နယ်နဲ့ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာ မေ ၁ ရက်ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အထိ မိုးရေချိန် ၆၂၁ မီလီမီတာရှိခဲ့ပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ တရုတ်မိုးလေ၀သ တာ၀န်ရှိသူတွေက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် အဲဒီဒေသမှာ လူ ၅ သန်းကျော် ရေဘေးသင့်နေပြီး နေအိမ်များစွာလည်း ပျက်ဆီးခဲ့ရပါတယ်။

ရေကြီးရေလျှံမှုတွေဟာ လာမယ့်ရက်အနည်းငယ်အထိ ပိုမိုဆိုးရွားလာဖွယ်ရှိပြီး မြစ်ချောင်းဘေးတွေနဲ့ မြေန်ိမ့်ဒေသတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Ref: NHK
Photo:AFP/Kyodo
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW