တရုတ်တန်း ဖျာဝိုင်း

ဆူးငှက် ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၂၀ ဝန်းကျင်။ မန္တလေးမြို့ လမ်း ၈ဝ တရုတ်တန်းနှင့် ၂၉ လမ်းထောင့်ရှိ ဇလားပုံမှန်အိမ်ကြီးတွင် ရေနံမီးထွန်းညှိထားသည်။ မှန်အိမ်ကြီးမှ အလင်းရောင်က တရုတ်တန်းကျောက်ကြမ်းလမ်းပေါ် ဖြာကျနေသည်။ တစ်ဖက် လမ်းထောင့်မှာ ဗဟိုရ်လက်ဖက်ရည်ဆိုင်ရှိ၏။ လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုးလမ်း၏အရှေ့ဘက်တွင် ဧရာမကွပ်ပျစ်ကြီးတစ်ခုပေါ်၌ လူငယ်တစ်စုသည် တယော၊ မယ်ဒလင်၊ ဘင်ဂျို၊ ဗမာဂီတာ၊ ဗျက်စောင်းများကို မြိုင်မြိုင်ကြီး တီးခတ်နေကြသည်။ ရပ်ကွက်ခံလူငယ်များကလည်း ကွပ်ပျစ်ကြီးပေါ် ထိုင်သူထိုင်၊ ရပ်သူရပ်နှင့် ဝိုင်းဝန်းကြည့်ရှုနေကြ၏။ လူငယ် ၂ယာက်က ဘင်ဂျိုတစ်လုံးစီကိုင်ကာ သီချင်းတစ်ပုဒ်ကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင် တီးနေကြသည်။ စည်းနှင့်ဗျောက် လိုက်သူပင်လျှင် ဂီတ၏မြူးကြွမှုမှာ ပီတိသောမန ရိုးတိုးရွတဖြစ်လာပြီး “ဟဲ့ … ဘာတဲ့တုန်း …”၊ “အို .. ကိုငြိမ်းရေ ..”၊ “ကြိုးစားလိုက်ပါဦး ကိုတွေးရဲ့…”ဟု အသံတစာစာ တဟဲ့ဟဲ့ ဖြစ်လာတော့၏။…

Read More

မန္တလေးမှာ စိတ်မနှံ့တဲ့ အမျိုးသမီးတဦးမှ မီးရှို့ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့

ဇွန် ၂၂-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ သိပ္ပံလမ်း ၇၃ လမ်းနဲ့ ၇၈လမ်းကြားရှိ ၊ နိုဘယ် စင်တင်တေးဂီတ (ဆိုင်အဟောင်း)အတွင်း ဝင်ရောက်နေထိုင်လျက်ရှိတဲ့ စိတ်မနှံ့သူ အမျိုးသမီး(၁)ဦးက အဝတ်အစားတွေကို ဂက်စ်မီးခြစ်နဲ့ မီးပုံရှို့ရာကနေ အဆောက်အဦ ကြမ်းခင်းကို မီးကူးစက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အဲ့ဒီဆိုင်အဟောင်းထဲ နေနေတဲ့ စိတ်ပေါ့သွပ်တဲ့ အမျိုးသမီးက သူ့ရဲ့ အ၀တ်အစားတွေကို ဂတ်စ်အိုးတွေထားတဲ့နေရာမှာ မီးပုံရှို့တာ ၊ အဲ့ဒီကနေ မီးစလောင်ခဲ့တာ၊ ဘေးက လက်ဖက်ရည်ဆိုင်ပါ မီးထဲပါသွားတယ်”လို့ မီးသတ်သမားတဦးကပြောပါတယ်။ မီးလောင်မှုကို Level-2နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး လောင်မှုကြောင့် နိုဘယ် စင်တင်တေးဂီတာ(ဆိုင်အဟောင်း)နဲ့ ပါးချိုင့်လေး လက်ဖက်ရည်ဆိုင်တို့ မီးလောင်ပျက်စီးကာ မီးသတ်တွက်ချက်တန်ဖိုးငွေ ၈၂သိန်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး အမှတ်(၁၁)နယ်မြေရဲစခန်းက…

Read More

တရုတ်တောင်ပိုင်းမှာ စံချိန်တင်မ်ိုးရွာသွန်းမှုကြောင့် လူ ၅ သန်းကျော် ရေဘေးသင့်

ပေကျင်း၊ ဇွန်-၂၂-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံတောင်ပိုင်းမှာ စံချိန်တင်မိုးရွားသွန်းမှုတွေကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းတွေဖြစ်ပေါ်နေပြီး လူ ၅ သန်းကျော် ရေဘေးသင့်နေကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်နဲ့ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းတွင်းပိုင်းရှိ Hunan ပြည်နယ်အပါအ၀င် ဒေသသုံးခုမှာ ပြီးခဲ့တဲ့လကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေခဲ့ပါတယ်။ Guangdong ပြည်နယ်နဲ့ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာ မေ ၁ ရက်ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အထိ မိုးရေချိန် ၆၂၁ မီလီမီတာရှိခဲ့ပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ တရုတ်မိုးလေ၀သ တာ၀န်ရှိသူတွေက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် အဲဒီဒေသမှာ လူ ၅ သန်းကျော် ရေဘေးသင့်နေပြီး နေအိမ်များစွာလည်း ပျက်ဆီးခဲ့ရပါတယ်။ ရေကြီးရေလျှံမှုတွေဟာ လာမယ့်ရက်အနည်းငယ်အထိ ပိုမိုဆိုးရွားလာဖွယ်ရှိပြီး မြစ်ချောင်းဘေးတွေနဲ့ မြေန်ိမ့်ဒေသတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့…

Read More

မြင်းခြံ EPCရုံးက ဒုလက်ထောက်ကြီးကြပ်ရေးမှူးနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၂၂-၂၀၂၂ KK(VOM) မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာမှာ မနေ့ ဇွန်၂၁ရက် နေ့လယ်ပိုင်းက မီတာခကောက်ပြီးပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံးမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူးနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မီတာခကောက်ပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံး ဒု-လက်ထောက်ကြီးကြပ်ရေးမှူးအဆင့်ရှိသူနှစ်ဦးကို အပြန်လမ်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “မီတာခတွေကောက်ပြီး အပြန်လမ်းမှာ သေနတ်နဲ့စောင့်ပြီးပစ်တာ ပွဲချင်းပြီးပဲ သေသွားတာ”လို့ သူကပြောပါတယ်။ သေဆုံးသူနှစ်ဦးဟာ မြင်းခြံမြို့နယ် EPC ရုံးမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကိုနဲ့ဦးမျိုးဇော်ဝင်း တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သေနတ်နဲ့ပစ်သတ်သွားရုံတင်မဟုတ်ပါဘူး၊ မီတာခကောက်ထားတဲ့ ပိုက်ဆံတွေပါ ယူသွားတာပါ “လို့ သူက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ နှပ်ချိုတောကျေးရွာမှာ စစ်ဆေးမှုတွေပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းမရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရွှေ့ပြောင်း

နေပြည်တော်၊ ဇွန်-၂၂-၂၀၂၂ VOM ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းကြည်ကို ပြီးခဲ့တဲ့ နာရီပိုင်းက နေပြည်တော် အချုပ်ထောင်ကို ရွေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း လုံခြုံရေးအသိုင်းအဝိုင်းက သိရသလို NLD ပါတီဝင်တွေဆီကလည်းသိရပါတယ်။ မနက်ဖြန် ဇွန်လ၂၃ ရက်နေ့ ရုံးချိန်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင် အထူးတရားရုံးမှာ ရွှေ့ပြောင်းရုံးထုတ်မယ်လို့လည်း တရားသူကြီးက ဒီနေ့ရုံးထုတ်မှာ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီးဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #နေပြည်တော်အချုပ်ထောင်

Read More

အာဖဂန်နစ္စတန်မှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁ထောင်ကျော်သေဆုံး၊ ၁၅၀၀ဒဏ်ရာရ

ကဘူး၊ ဇွန်-၂၂-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံမှာ ဇွန် ၂၂ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးပြီး ၁၅၀၀နီးပါး ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ ပါကစ်ကာပြည်နယ်ရှိ ခရိုင်လေးခုမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ရာနဲ့ချီတဲ့ပြည်သူတွေဒဏ်ရာရရှိခဲ့ကာ အိမ်ခြေဒါဇင်ပေါင်းများစွာ ပျက်ဆီးသွားခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဘီလယ်ခါရီမီက ပြောပါတယ်။ မြေငလျင်ဟာ နိုင်ငံအရှေ့တောင်ဘက် ကော့စ်မြို့မှ ၂၇ မိုင်အကွာမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း ဥရောပမြေထဲပင်လယ် ငလျင်ဆိုင်ရာစင်တာက ပြောပါတယ်။ လူတွေအိပ်မောကျနေချိန်မှာ လှုပ်ခတ်ခဲ့တဲ့ အဲဒီမြေငလျင်ဟာ မြေအောက်အနက် ၅၁ ကီလိုမီတာမှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo: AFGHAN GOVERNMENT NEWS AGENCY #voiceofmyanmar…

Read More

စင်ကာပူမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူတစ်ဦး ပထမဆုံးအကြိမ်တွေ့ရှိ ၊ တောင်ကိုရီးယားမှာလည်း သံသယ လူနာနှစ်ဦးရှိနေ

စင်ကာပူ၊ ဇွန်-၂၂-၂၀၂၂ မျိုးဆက်(VOM) စင်ကာပူနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက နိုင်ငံသို့လာရောက်ခဲ့တဲ့ ဗြိတိန်လေကြောင်းလိုင်းတခုမှ လေယာဉ်အမှုထမ်းတဦးမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေး၀န်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ ရောဂါတွေ့ရှိမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဇွန် ၂၁ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဇွန်လမှာ စင်ကာပူနိုင်ငံသို့ ၀င်ထွက်သွားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အရှေ့တောင်အာရှဒေသမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိခြင်းလည်းဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါဟာ မေလမှစပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေပြီး အတည်ပြုလူနာ ၂၁၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ အဲဒီရောဂါသည် ဥရောပမှာ ရောဂါဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းကျော်ကို တွေ့ရှိထားပေမယ့်လည်း မြောက်အမေရိက ၊ တောင်အမေရိကနဲ့ သြစတြေးလျတို့ထိပါ ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းရှိ ဝေးလံခေါင်သီတဲ့…

Read More

ဖားကန့်က အချုပ်ထောင်နားမှာ လက်နက်ကြီးကျည် ၂ ဒါဇင်နီးပါး ကျရောက်ပေါက်ကွဲ

ဇွန် ၊ ၂၂ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မဇွပ်ယန်ကျေးရွာနားက အကျဥ်းဦးစီးဌာနပိုင် ၊အချုပ်ထောင်နားကို ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မဇွပ်ယန်ရွာခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၄ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပေါက်ကွဲသံ ၂၀ ကျော်ကြားရတယ် ၊ အဲ့ဒီအပြင် ပစ်ခတ်သံတွေကိုပါ ကြားရတာ” လို့ မဇွပ်ယန်ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေး အဖွဲံဝင် တယောက်​ပြောတာက ” ပစ်ခတ်မှုဖြစ်ပွားတယ်၊ ထိခိုက်ပျက်စီးတာ မရှိဘူး ” လို့ပြောပါတယ်။ ကေအိုင်အေနဲ့ စစ်တပ်ဟာ ဒီနေ့မနက်ကစပြီး မဇွပ်ယန်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဲဒီလ ၁၉ ရက်မနက်ကလည်း ဖားကန့်မြို့နယ် ၊…

Read More

လက်ပံတောင်းဒေသမှာ နေအိမ်တွေ မီးလောင်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ဇွန် ၊ ၂၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ လက်ပံတောင်းဒေသဘက်က ကျေးရွာတချို့ဟာ ဒီရက်ပိုင်းမှာ မီးရှို့ခံရတဲ့အတွက် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီနယ်မှာနေသူတွေဆီက သိရပါတယ်။ ” ဒီလ ၂၀ ရက်ဝန်းကျင်ကစလို့ ဆားလင်းကြီးနယ်ဘက်ကို ပစ်ခတ်တာတွေ ၊ မီးရှို့တာတွေ လှည့်လာတယ် ၊ မီးလောင်လို့ ဆုံးရှုံးပျက်စီးတာ အများဆုံးကတော့ လက်ပံတောင်းဒေသဘက်က လင်းစာကျက်ရွာဖြစ်တယ် ” လို့ ဒေသခံတယောက်ကပြောပါတယ်။ မနေ့က နေ့ခင်းပိုင်းမှာ အဲ့ဒီ လင်းစာကျက်ရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးသွားတာကတော့ လူနေအိမ် ၁၁၃ လုံး ၊ ကောက်ပဲသီးနှံနဲ့ တိရစ္ဆာန်အစာ သိုလှောင်တဲ ၅၉ လုံး ၊ ယာယီစာသင်ဆောင် ၂ ဆောင် ၊ ကျေးလက်ဆေးပေးခန်း ၁…

Read More
VOM News

FREE
VIEW