မန္တလေးမှာ စိတ်မနှံ့တဲ့ အမျိုးသမီးတဦးမှ မီးရှို့ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့

ဇွန် ၂၂-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ သိပ္ပံလမ်း ၇၃ လမ်းနဲ့ ၇၈လမ်းကြားရှိ ၊ နိုဘယ် စင်တင်တေးဂီတ (ဆိုင်အဟောင်း)အတွင်း ဝင်ရောက်နေထိုင်လျက်ရှိတဲ့ စိတ်မနှံ့သူ အမျိုးသမီး(၁)ဦးက အဝတ်အစားတွေကို ဂက်စ်မီးခြစ်နဲ့ မီးပုံရှို့ရာကနေ အဆောက်အဦ ကြမ်းခင်းကို မီးကူးစက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” အဲ့ဒီဆိုင်အဟောင်းထဲ နေနေတဲ့ စိတ်ပေါ့သွပ်တဲ့ အမျိုးသမီးက သူ့ရဲ့ အ၀တ်အစားတွေကို ဂတ်စ်အိုးတွေထားတဲ့နေရာမှာ မီးပုံရှို့တာ ၊ အဲ့ဒီကနေ မီးစလောင်ခဲ့တာ၊ ဘေးက လက်ဖက်ရည်ဆိုင်ပါ မီးထဲပါသွားတယ်”လို့ မီးသတ်သမားတဦးကပြောပါတယ်။

မီးလောင်မှုကို Level-2နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး လောင်မှုကြောင့် နိုဘယ် စင်တင်တေးဂီတာ(ဆိုင်အဟောင်း)နဲ့ ပါးချိုင့်လေး လက်ဖက်ရည်ဆိုင်တို့ မီးလောင်ပျက်စီးကာ မီးသတ်တွက်ချက်တန်ဖိုးငွေ ၈၂သိန်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး အမှတ်(၁၁)နယ်မြေရဲစခန်းက စိတ်ပေါ့သွပ်သူ (အမည်မေးမရ) အမျိုးသမီး (၁)ဦးကို (ပ- ၁၄၈/ ၂၀၂၂၊ ပုဒ်မ (၄၃၆ )နဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW