ဖားကန့်က အချုပ်ထောင်နားမှာ လက်နက်ကြီးကျည် ၂ ဒါဇင်နီးပါး ကျရောက်ပေါက်ကွဲ

ဇွန် ၊ ၂၂ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မဇွပ်ယန်ကျေးရွာနားက အကျဥ်းဦးစီးဌာနပိုင် ၊အချုပ်ထောင်နားကို ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မဇွပ်ယန်ရွာခံတွေဆီက သိရပါတယ်။

” ဒီမနက် ၄ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပေါက်ကွဲသံ ၂၀ ကျော်ကြားရတယ် ၊ အဲ့ဒီအပြင် ပစ်ခတ်သံတွေကိုပါ ကြားရတာ” လို့ မဇွပ်ယန်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေး အဖွဲံဝင် တယောက်​ပြောတာက ” ပစ်ခတ်မှုဖြစ်ပွားတယ်၊ ထိခိုက်ပျက်စီးတာ မရှိဘူး ” လို့ပြောပါတယ်။

ကေအိုင်အေနဲ့ စစ်တပ်ဟာ ဒီနေ့မနက်ကစပြီး မဇွပ်ယန်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဲဒီလ ၁၉ ရက်မနက်ကလည်း ဖားကန့်မြို့နယ် ၊ မှော်ပုံရွာ လမ်းသွယ် ၉ နဲ့ စိမ်းလဲ့အောင်ကျောက်ဖြတ်လုပ်ငန်း အကြား အလားတူ လက်နက်ကြီးကျည့်ကျရောက်ပေါက်ကွဲပြီး လူ ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကေအိုင်အေ #ဖားကန့် #တိုက်ပွဲသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW