အာဖဂန်နစ္စတန်မှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁ထောင်ကျော်သေဆုံး၊ ၁၅၀၀ဒဏ်ရာရ

ကဘူး၊ ဇွန်-၂၂-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံမှာ ဇွန် ၂၂ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးပြီး ၁၅၀၀နီးပါး ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

ပါကစ်ကာပြည်နယ်ရှိ ခရိုင်လေးခုမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ရာနဲ့ချီတဲ့ပြည်သူတွေဒဏ်ရာရရှိခဲ့ကာ အိမ်ခြေဒါဇင်ပေါင်းများစွာ ပျက်ဆီးသွားခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဘီလယ်ခါရီမီက ပြောပါတယ်။

မြေငလျင်ဟာ နိုင်ငံအရှေ့တောင်ဘက် ကော့စ်မြို့မှ ၂၇ မိုင်အကွာမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း ဥရောပမြေထဲပင်လယ် ငလျင်ဆိုင်ရာစင်တာက ပြောပါတယ်။

လူတွေအိပ်မောကျနေချိန်မှာ လှုပ်ခတ်ခဲ့တဲ့ အဲဒီမြေငလျင်ဟာ မြေအောက်အနက် ၅၁ ကီလိုမီတာမှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo: AFGHAN GOVERNMENT NEWS AGENCY
#voiceofmyanmar #VOM #ကဘူး

Related posts

✕
VOM News

FREE
VIEW