ဘရိတ်ပေါက်တဲ့ကားက တောင်ကြီး စစ်တပ်ဂိတ်ကို ဝင်တိုက်မိလို့ ၃ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၁ ၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ကျောင်းစုရပ်ကွက် ၊ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ၊ ဆက်သွယ်ရေး စစ်တပ်ရဲ့ ဂိတ်မှာ တားဆီးထားတဲ့ အရံအတားတွေကို ဘရိတ်ပေါက်တဲ့ ကား ၁ စီးက ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်မိတဲ့အတွက် ဂိတ်တာဝန်ကျ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တောင်ကြီးမြို့ခံတွေဆီက သိရပါတယ်။

” ဘရိတ်ပေါက်လာတဲ့ကားက ဆိုင်ကယ်နဲ့ ငြိမယ်ဖြစ့်ပြီး ကားကိုဆွဲချလိုက်တဲ့အခါ အမှတ် ၂၁၂ စစ်တပ်ဂိတ်ကို မတော်တဆ တိုက်မိသွားတဲ့ သဘောပါ “လို့ ကျောင်းစုရပ်ကွက်ခံတယောက်က ပြောပါတယ်။

အဲ့ဒီ အမှတ် ၂၁၂ စစ်တပ်နဲ့ နီးစပ်သူတဦးက ” ဂိတ်အရံအတား တချို့ ပျက်စီးတယ် ၊ တာဝန်ကျ စစ်သည် ၃ ဦးနဲ့ ကားသမားလည်း ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေကို စပ်စံထွန်းဆေးရုံမှာ ပို့ဆောင်ပြီး ဆေးကုသမှုခံယူတဲ့အခါ ရရှိဒဏ်ရာတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ကားသမားဖြစ်သူကိုလည်း ယာဥ်မဆင်မခြင် မောင်းနှင်းပြီး အခြားလူကို ဒဏ်ရာရစေတဲ့အတွက် တောင်ကြီးရဲစခန်းက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo-တောင်ကြီး ဒေသခံ တစ်ဦး
#voiceofmyanmar #VOM #တောင်ကြီး #ဘရိတ်ပေါက်ကား #စစ်တပ်ဂိတ်၀င်တိုက်

Related posts

Leave a Comment

VOM News

FREE
VIEW