ဖရိန်ချား ၊ ဘော်ကြယ်..နှင့် နနွင်းမကင်း

ဆူးငှက် ပန်းမြိုင်လယ် သာနယ်ဘွေမျှော်လေတိုင်း ပြာခြေဆိုင်း ဝေမှိုင်းမြူမှောင်ခြယ်… အိုး…ဘယ်ဝယ်၊တောင်စွယ်မှော်ရုံကြော.. လွမ်းသာမောဖွယ့် တောစုံယံမှာ.. ရွှေလျှံဝင်းမှည့်ထုံမှုန်ကြွေ.. ရီဝေပြာပြာ လွမ်းဖွယ်စေ..တဲ့။ပင်စည်မင်းသားကြီးက ပန်းမြိုင်လယ် ဖရိန်းချားကြီးကို ရေးသားခဲ့သည်။ ရာမဇာတ်ထွက် ယိုးဒယားတဲ့..။ မြန်မာရာဇဝင်၌ ဆင်ဖြူရှင်မင်းတရားကြီးလက်ထက် ထောင်ချီ၍ ရောက်ရှိလာသော ယိုးဒယား(ထိုင်း)အနုပညာရှင်များသည် တစ်ရပ်တစ်ကွက် တစ်စုတစ်ဝေးကြီး ရှိခဲ့သည်ဆို၏။ ထို့ကြောင့် အင်းဝနေပြည်တော်တွင် ယိုးဒယား၊ ထိုင်းလူမျိုးများနေထိုင်ရန် ရပ်ကွက်တစ်ကွက်ပင် သတ်မှတ်ပေးထားသည်။ ယိုးဒယားရပ်၊ ယိုးဒယားလမ်း။ ယိုးဒယားဈေးဟု ခေါ်တွင်ခဲ့သည်။ ထိုအရပ်များက အင်းဝမှတစ်ဆင့် မင်းနေပြည်တော်ကို အမရပူရသို့ ပြောင်းလာတော့ အမရပူရသို့ပင် ပါလာသည်။ ထို့နောက် မန္တလေးပြောင်းပြန်တော့ မန္တလေးသို့လည်း မြို့ပြအကွက် အကွင်း၌ တစ်ပါတည်း ပါဝင်လာ၏။ အင်းဝမြို့၌ ယိုးဒယားရပ်ကွက်တွင်နေထိုင်သော ယိုးဒယားလူမျိုးများက မိမိတို့ ရိုးရာလက်မှုပညာများ လုပ်ကိုင်ကြသည်။ မိမိတို့ ရိုးရာမုန့်များ ပြုလုပ်ရောင်းချကြသည်။ ယိုးဒယားမှာ ယိုးဒယား အဝတ်အထည်၊…

Read More

ဘရိတ်ပေါက်တဲ့ကားက တောင်ကြီး စစ်တပ်ဂိတ်ကို ဝင်တိုက်မိလို့ ၃ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၁ ၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ကျောင်းစုရပ်ကွက် ၊ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ၊ ဆက်သွယ်ရေး စစ်တပ်ရဲ့ ဂိတ်မှာ တားဆီးထားတဲ့ အရံအတားတွေကို ဘရိတ်ပေါက်တဲ့ ကား ၁ စီးက ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်မိတဲ့အတွက် ဂိတ်တာဝန်ကျ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တောင်ကြီးမြို့ခံတွေဆီက သိရပါတယ်။ ” ဘရိတ်ပေါက်လာတဲ့ကားက ဆိုင်ကယ်နဲ့ ငြိမယ်ဖြစ့်ပြီး ကားကိုဆွဲချလိုက်တဲ့အခါ အမှတ် ၂၁၂ စစ်တပ်ဂိတ်ကို မတော်တဆ တိုက်မိသွားတဲ့ သဘောပါ “လို့ ကျောင်းစုရပ်ကွက်ခံတယောက်က ပြောပါတယ်။ အဲ့ဒီ အမှတ် ၂၁၂ စစ်တပ်နဲ့ နီးစပ်သူတဦးက ” ဂိတ်အရံအတား တချို့ ပျက်စီးတယ် ၊ တာဝန်ကျ စစ်သည်…

Read More

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုမျိုးသူအောင် ဖမ်းဆီးခံရ

ဇူလိုင် ၊ ၁-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူ တက္ကသိုလ်မှာ ၂၀၁၈ / ၁၉ ပညာသင်နှစ်တုန်းက ကျောင်းသား သမဂ္ဂအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုမျိုးသူအောင်ဟာ မနေ့ ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ပခုက္ကူ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ .” ကိုမျိုးသူအောင်က ပခုက္ကူသား ဇာတိ မဟုတ်ဘူး ၊ သူက ပေါက်မြို့နယ် ၊ ထန်းတောဦးကျေးရွာသားဖြစ်တယ် ၊ ပခုက္ကူမှာ မနေ့က သူ အဖမ်းခံရတာ ” လို့ ပခုက္ကူ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက် နေ့လယ်၂ နာရီဝန်းကျင်မှာ ပခုက္ကူမြို့၊အမှတ် ၆ ရပ်ကွက် ၊ ၁၁…

Read More

မတူပီမြို့မှာ ဒီကနေ့ မနက်ပိုင်းကစလို့ ဖုန်းလိုင်းတွေ ပြတ်တောက်နေ

ဇူလိုင် ၊ ၁ ၊ ၂၀၂၂ SP (VOM) ချင်းပြည်နယ်တောင်ပိုင်း ၊ မတူပီမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ ဖုန်းလိုင်းအားလုံး အဆက်အသွယ် ပြတ်တောက်သွားပြီဖြစ်တယ်လို့ မတူပီမြို့ခံတွေဆီက သိရပါတယ်။ ” ဖုန်းလိုင်းက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နောက်ပိုင်း ကောင်းတချက် ၊ မကောင်းတချက်ဖြစ်နေတယ် ၊ အသုံးပြုရတာ အဆင်မပြေဘူး ၊ ဒီ မနက်ပိုင်းကစလို့ လိုင်းလုံးဝပျက်သွားတယ် ၊ ဖုန်းပြောဖို့ဆိုရင် မင်းတပ်လမ်းဘက်အထိသွားပြီးပြောရတယ် ” လို့ မတူပီမြို့နေ ဒေသခံတယောက်က ပြောပါတယ်။ မင်းတပ်မြို့ကိုရောက်ရှိနေတဲ့ မတူပီမြို့ခံ စျေးသည် တယောက်ကလည်း” ဒီမှာက မိုးအရမ်းများတယ် ၊ ရာသီဥတုကြောင့် ဖုန်းလိုင်းပြတ်တာဆိုရင် ၊ အကြောင်းမဟုတ်ဘူး ၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ လာမှာမို့ ပြတ်တာထင်ပြီး တမြို့လုံးက အထုပ်အပိုးပြင်ပြီး စိုးရိမ်နေကြတာ”လို့ ပြောပါသေးတယ်။…

Read More

ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံး အပူလှိုင်းဖြတ်မှုနဲ့ ရင်ဆိုင်နေရ

တိုကျို၊ ဇူလိုင်-၁-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံးသော အပူလိုင်းဖြတ်မှုနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ ၁၈၇၅ ခုနှစ်မှာ မှတ်တမ်းတွေ စတင်ပြီးနောက် အပူပြင်းဆုံးဖြစ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်ကြောင်း တရား၀င်သတိပေးချက်တွေ ထုတ်ပြန်ထားပြီး တတ်နိုင်သမျှစွမ်းအင်ချွေတာကြဖို့ ပြည်သူတွေကို အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အပူဒဏ်ကြောင့် ဆေးရုံတက်ရမှုတွေ မြင့်တက်နေချိန်မှာ အပူဒဏ်ကိုလွန်ကဲစွာမခံစားရစေဖို့ လေအေးပေးစက်တွေ အသုံးပြုဖို့ကိုတော့ အစိုးရက အကြံပြုထားဆဲဖြစ်ပါတယ်။ လာမယ့် ရက်တွေအတွင်းမှာ အပူလှိုင်းဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း မိုးလေ၀သတာ၀န်ရှိသူတွေက သတိပေးထားပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် အပူလှိုင်းတွေဟာ မကြာခဏဖြစ်ပေါ်နေပြီး ယခင်ထက်ပိုမိုပြင်းထန်လာသလို ပိုမိုကြာမြင့်လာပါတယ်။ စက်မှုခေတ်စတင်ကတည်းက ကမ္ဘာ့အပူချိန်ဟာ ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ခန့်ရှိနေခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှုကို ထိထိရောက်ရောက်လျှော့ချခြင်းမပြုပါက အပူချိန်ဆက်လက်မြင့်တက်နေဦးမှာဖြစ်ကြောင်း ပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။ Ref: BBC Photo:Taiwan Times #voiceofmyanmar #VOM…

Read More

ရန်ကုန်က မြို့နယ်အချို့မှာ ဇွန်လအတွင်း နိူင်ငံရေးတက်ကြွလှုပ်ရှားသူ ၇၀ နီးပါး ဖမ်းဆီးခံရ

ဇူလိုင် ၁-၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ ဇွန်လအတွင်း နိူင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ် ၇၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။ ဖမ်းဆီးခံရတဲ့မြို့နယ်တွေကတော့ ရွှေပြည်သာ၊လှိုင်သာယာ၊ ထန်းတပင်၊ဒဂုံဆိပ်ကမ်း၊သင်္ဃန်းကျွန်း၊အင်းစိန်၊တွံတေး၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်သူတွေဖြစ်တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူအချို့ဆီကနေ သိရပါတယ်။ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်နေသူတဦးက”ကျ နော်တို့ဘက်မှာ ၁၄ ရက်နေ့က ကောင်မလေးနှစ်ယောက် နဲ့ ကောင်လေးနှစ်ယောက်ဖမ်းသေးတယ်၊ ရွာမအရှေ့ရပ်ကွက်မှာလည်း ဖမ်းသေးတယ် အဲ့ဒီနေ့ကပဲ”လို့ ပြောပါတယ်။ အဲ့ဒီလိုဖမ်းဆီးရာမှာ ရပ်ကွက်အတွင်းမှာသာမက နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လမ်းမပေါ်မှာပဲ ဖုန်းင်္တေကိုစစ်ဆေးကာ ဖမ်းဆီးခဲ့တာမျိုးလည်းရှိခဲ့တယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။ “မီးပွိုင့်တွေ ကားမှတ်တိုင်တွေမှာ ဖုန်းတွေစစ်ပြီးဖမ်းတာလည်းရှိတယ်၊ ဖမ်းခံရတဲ့သူရှိသလို အဖမ်းမခံရတဲ့သူလည်းရှိတယ်”လို့ ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ၁၃ ရပ်ကွက်က နေအိမ်တအိမ်ကို စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးလို့ အမျိုးသားနှစ်ဦးဖမ်းဆီးခံရတာလည်းရှိခဲ့တယ်လို့ အဆိုပါမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ရွှေပြည်သာမြို့နယ်က တိုက်ခန်းတစ်ခုမှာ ဇွန်လ…

Read More

တောင်ကိုရီးယားကပို့တဲ့ ပစ္စည်းတွေကြောင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ ဇူလိုင်-၁-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်အနီး ရောက်ရှိလာတဲ့ အမျိုးအမည်မသိအရာတွေကို နိုင်ငံသားတွေထိတွေ့ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဇွန် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီအတွက်ကြောင့် တောင်ကိုရီးယားဘက်မှ နယ်စပ်ကိုဖြတ်ကျော်ရောက်ရှိလာတဲ့ ပစ္စည်းတွေကို သတိထားကြဖို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။ တောင်ကိုရီးယားကတော့ အဲဒီနည်းလမ်းနဲ့ ကိုဗစ်-၁၉ ကူးစက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။ တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားဘက်ကို လက်ကမ်းစာစောင်တွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို မိုးပျံပူပေါင်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး နှစ်ပေါင်းများကတည်းက ပေးပို့ခဲ့ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာရဲ့ အဆိုအရ တရားဝင်စုံစမ်းစစ်ဆေးမှုတခုမှာ တောင်ကိုရီးယားနယ်စပ်အနီး အမည်မသိပစ္စည်းတွေနဲ့ ထိတွေ့မိပြီးနောက် ကူးစက်မှုအစောပိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အိုင်ဖိုရီရှိ တောင်ကုန်းတစ်ခုပေါ်မှာ တောင်ကိုရီးယားဘက်မှ ပို့လွှတ်လိုက်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ပြီးနောက်…

Read More

ပလက်ဝမြို့နယ်မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ ၅ ရက်ကြာနေပြီလို့ သိရ

ဇူလိုင် ၊ ၁-၂၀၂၂ SP (VOM) ချင်းပြည်နယ်တောင်ပိုင်း ရခိုင်ပြည်နယ်စပ်က ပလက်ဝမြို့မှာ လျှပ်စစ်ဓာတ်အား ပေးဝေတာတွေ ပြတ်တောက်နေတဲ့အတွက် လျှပ်စစ်မီး မလာတာဟာ ရက်သတ္တပတ်ပြည့်တော့မှာ ဖြစ်တယ်လို့ ပလက်ဝမြို့ခံတွေဆီက သိရပါတယ်။ ” အချိန်ပိုင်းနဲ့ မီးပေးတာမျိုးဖြစ်တယ် ၊ ၂ ပိုင်းခွဲပြီး အလှည့်ကျပေးတာပါ ၊ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်ကစလို့ လုံးဝ မီးမလာတာ ဒီကနေ့အထိပဲ “လို့ ပလက်ဝမြို့ခံတယောက်က ပြောပါတယ်။ ပလက်ဝဒေသရဲ့ မြို့မီးလင်းရေးနဲ့ လျှပ်စစ်မီးဖြန့်ဖြူးရေးလုပ်ငန်းတွေဟာ လောင်စာဆီသုံး အင်ဂျင်မီးစက်ကို အသုံးပြုပြီး ညစဥ် အချိန်ပိုင်းနဲ့သာ ထုတ်လုပ်ဖြန့်ဝေပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လောင်စာဆီစျေးနူန်းတွေ ကြီးမြင့်လာပြီး သယ်ယူပို့ဆောင်တဲ့အခါ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေရှိတာကြောင့် ပလက်ဝဒေသမှာ အခြားမြို့ရွာတွေထက် လောင်စာဆီစျေးနူန်း မြင့်တက်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ကအထိ ပလက်ဝမှာ…

Read More

လက်ပံတောင်းတောင် စီမံကိန်းနဲ့ ဒေသခံတို့ တင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်

ဇူလိုင် ၊ ၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသက ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္မဏီတို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ၂ ဖက်တင်းမာမှုတွေရှိခဲ့ပြီး အပြန်အလှန် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။ ” ဧပြီလကုန်ပိုင်းကစလို့ စတင် တင်းမာခဲ့တယ်လို့ ပြောလို့ရတယ် ၊ ဘာကြောင့်လဲဆိုတော့ ဧပြီ နောက်ဆုံးအပတ်မှာ ဝမ်ပေါင်က Non CDM ဝန်ထမ်းတွေအနေနဲ့ မေလ ၅ ရက်နောက်ဆုံးထားပြီး CDM မှာ ပါဝင်ကြဖို့ ကြေညာ ၁ စောင် အရင်ထွက်လာတယ် ၊ အဲ့ဒီ ကြေညာချက်ထဲမှာ CDM မှာ မပါဝင်ဘူးဆိုရင် မပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဘဝ အသက်အာမ မခံဘူး ဆိုတာ ပါတယ် ၊…

Read More
VOM News

FREE
VIEW