ရန်ကုန်က မြို့နယ်အချို့မှာ ဇွန်လအတွင်း နိူင်ငံရေးတက်ကြွလှုပ်ရှားသူ ၇၀ နီးပါး ဖမ်းဆီးခံရ

ဇူလိုင် ၁-၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ ဇွန်လအတွင်း နိူင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ် ၇၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့မြို့နယ်တွေကတော့ ရွှေပြည်သာ၊လှိုင်သာယာ၊ ထန်းတပင်၊ဒဂုံဆိပ်ကမ်း၊သင်္ဃန်းကျွန်း၊အင်းစိန်၊တွံတေး၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်သူတွေဖြစ်တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူအချို့ဆီကနေ သိရပါတယ်။

အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်နေသူတဦးက”ကျ
နော်တို့ဘက်မှာ ၁၄ ရက်နေ့က ကောင်မလေးနှစ်ယောက်
နဲ့ ကောင်လေးနှစ်ယောက်ဖမ်းသေးတယ်၊ ရွာမအရှေ့ရပ်ကွက်မှာလည်း ဖမ်းသေးတယ် အဲ့ဒီနေ့ကပဲ”လို့ ပြောပါတယ်။

အဲ့ဒီလိုဖမ်းဆီးရာမှာ ရပ်ကွက်အတွင်းမှာသာမက နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လမ်းမပေါ်မှာပဲ ဖုန်းင်္တေကိုစစ်ဆေးကာ ဖမ်းဆီးခဲ့တာမျိုးလည်းရှိခဲ့တယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“မီးပွိုင့်တွေ ကားမှတ်တိုင်တွေမှာ ဖုန်းတွေစစ်ပြီးဖမ်းတာလည်းရှိတယ်၊ ဖမ်းခံရတဲ့သူရှိသလို အဖမ်းမခံရတဲ့သူလည်းရှိတယ်”လို့ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ၁၃ ရပ်ကွက်က နေအိမ်တအိမ်ကို စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးလို့ အမျိုးသားနှစ်ဦးဖမ်းဆီးခံရတာလည်းရှိခဲ့တယ်လို့ အဆိုပါမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်က တိုက်ခန်းတစ်ခုမှာ ဇွန်လ ၂၆ ရက်က လူငယ် ၁၁ ဦးကို လက်နက်အချို့၊ကျည်ဆံတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးရာမှာလည်း နိူင်ငံရေးတက်ကြွလှုပ်ရှားသူကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီးတာမျိုးလည်းရှိတယ်လို့ တွံတေးမြို့ခံတဦးက ပြောပါတယ်။

“တွံတေးမှာဆို ကောင်မလေးတယောက်ကိုမတွေ့လို့ သူ့.အစ်ကိုဝမ်းကွဲကို ၁၈ ရက်နေ့က ဖမ်းထားတယ်၊ ၁၉ ရက်နေ့မှာ သူ့အဖေနဲ့အမေကို လာဖမ်းတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို နီးစပ်ရာ စစ်ကြောရေးစခန်းတွေမှာ စစ်ဆေးပြီးမှသာ သက်ဆိုင်ရာမြို့နယ်အလိုက် ရဲစခန်းမှာအမှုဖွင့်လှစ်ပြီး တရားစွဲဆိုတာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးက ပြောပါတယ်။

“အချို့က ဖမ်းသွားတာ တစ်လရှိပြီ ရက်ကြာပြီဆိုပြီး စခန်းတွေမှာ လာစုံစမ်းတယ်၊ တကယ်တမ်းက စစ်ကြောရေးက စစ်ပြီးမှ စခန်းကိုလွဲတာ “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း ရန်ကုန်က မြို့နယ်အချို့မှာ နိူင်ငံတက်ကြွလှုပ်ရှားသူလူငယ်နဲ့NLD ပါတီဝင်တွေ ငါးဆယ်နီးပါး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW