ပခုက္ကူနယ် ရှားဒူးရွာနဲ့ စိုင်ဖြူရွာက လူနေအိမ် ရာနဲ့ချီပြီး မီးရှို့ခံရ

ဇူလှိုင် ၊ ၈ ၊ ၂၀၂၂
SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ရှားဒူးကျေးရွာအုပ်စု ၊ ရှားဒူးရွာနဲ့ စိုင်ဖြူရွာမှာရှိတဲ့ လူနေအိမ် ၂ ရာကျော်ဟာ ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ ပခုက္ကမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၉ နာရီဝန်းကျင်မှာ ရှားဒူးရွာ မီးရှို့ခံရတယ် ၊ အိမ်ခြေ ၂ ရာကျော် မီးလောင်တယ် ၊ ရွာလုံးကျွတ် လောင်သွားတဲ့ အခြေအနေပါ ၊ အဲ့ဒီနောက် ၁၁ နာရီဝန်းကျင်မှာ စိုင်ဖြူရွာက အိမ်တွေ မီးရှို့ခံရပြန်တယ် ၊ မီးမငြိမ်းသေးတော့ အိမ်ခြေ အရေအတွက် ပြောမရသေးဘူး “လို့ ပခုက္ကူဒေသခံတယောက်က ပြောပါတယ်။

ဒီမနက် အစောပိုင်းက ရှားဒူရွာဘက်ကို စစ်ကြောင်းတွေရောက်လာတာကြောင့် ရှားဒူးရွာခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန်မှာ ရွာမီးလောင်တာဖြစ်ပြီး အိမ်မွေးတိရစ္ဆာန် အများအပြားလည်း မီးလောင်သေဆုံးထားတာတွေ့ရတယ်လို့ သိရပါတယ်။

” ထိတွေ့ပစ်ခတ်တာတော့ မရှိဘူး ၊ ပခုက္ကူမြို့ပေါ်က လုယက်မှု ၊ ဓားပြမှုတွေနဲ့ ပတ်သက်လို့ လာတယ်ထင်တယ်”လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ စိုင်ဖြူရွာခံတယောက်က ပြောပါတယ်။

ဒီမနက် ရှားဒူးရွာနဲ့ စိုင်ဖြူရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ရှို့တယ်ဆိုတာကိုတော့ VOM က အတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလကစလို့ ပခုက္ကူုမြို့ပေါ်နဲ့ ခရိုင်နယ်ထဲမှာ လုယက်မှု ၊ ဓားပြမှု အကြိမ်ရေ ၁ ဒါဇင်မက ဖြစ်ပွားခဲဲ့ပြီးနောက် ပခုက္ကူနယ်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပခုက္ကူဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW