အမ်းမှာ ပဉ္စမအကြိမ် စစ်ဘေးရှောင် (၇၀၀) ကျော်နေရပ်ပြန်ကြချိန် ရပ်ရွာတွေအနီး မိုင်းရှင်းပေးဖို့ တောင်းဆို

ဇူလိုင် ၉-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့က ပဉ္စမအကြိမ်အဖြစ် စစ်ဘေးရှောင် (၇၀၀)ကျော် နေရပ်ပြန်ကြပြီး နေရပ်ပြန်စစ်ဘေးရှောင် ၄ ထောင်ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို နေရပ်ပြန်ကြတဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေပြီး အရင်က မှီခိုလုပ်ကိုင်ခဲ့တဲ့ ဥယျာဉ်ခြံမြေတွေကိုလည်း မိုင်းအန္တရာယ်ကြောင့် မသွားလာရဲဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။ “နေရပ်ကိုတော့ လူတိုင်းကသွားချင်တယ်။ ကိုယ့်ရဲ့မွေးရပ်မြေကို သွားချင်တယ်။ ကျနော်တို့ဒေသက လုံလောက်တဲ့ စားနပ်ရိက္ခာ ဆန်စပါးတွေ ထွက်တဲ့နေရာတွေ မဟုတ်ဘူး။ ဆန်၊ စပါးတွေ စားနပ်ရိက္ခာတွေကို ဝယ်ယူရတဲ့ဟာတွေရှိတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ ရှိပါတယ်”လို့ ဒါးလက်အုပ်စုဒေသခံတဦးကပြောပါတယ်။ နေရပ်ပြန်မယ့် စစ်ဘေးရှောင် အိမ်ထောင်စုတွေကို ပြည်နယ်ကောင်စီက အိမ်ထောင်စုတစ်စုအတွက် ငွေကျပ်(၅)သိန်းနဲ့ တခြားအိမ်သုံးပစ္စည်း(၁၀)မျိုးကို ထောက်ပံ့ပေးတယ်လို့ နေရပ်ပြန်သွားတဲ့ ဒါးလက်- ရှမ်းကုန်းကျေးရွာက စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။…

Read More

အပျော်ကြီး ပျော်ခဲ့ပုံ

ဆူးငှက် ကျွန်တော်မွေးဖွားကြီးပြင်းရာ အရပ်မှာ မန္တလေးအနောက်ပြင်တွင် ရှိခြင်းကြောင့် မြို့အနောက်ခြမ်းတွင် ရှိသော မြစ်ဆိပ်နှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။ ကျွန်တော်တို့ငယ်ငယ်က ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေဖြစ်သော မိဘများသည် ဥပုသ်နေ့တွင် ဈေးရောင်းနားကြပြီး မြစ်ဆိပ်သို့ တစ်ပတ်စာ အဝတ်တွေ သွားရောက်ဖွပ်လျှော်လေ့ရှိသည်။ အထူးသဖြင့် စောင်တွေ၊ခြင်ထောင်တွေ လျှော်ရမည်ဆိုလျှင် မြစ်ဆိပ်သို့ပဲ သွားလျှော်ကြသည်။ တကယ်တော့ နေအိမ်နှင့် မြစ်ဆိပ်က ထင်သလောက်တော့မနီးလှ။ မန္တလေးအခေါ် ပြနှစ်ဆယ်လောက်တော့ ဝေးမှာပေါ့။ ဒါပေမယ့် ထိုစဉ်ကာလက အခုလောက် ဝမ်းတစ်ထွာအတွက် ရှာဖွေရသည်မှာ မခက်လေတော့ အချိန်ပိုတွေအများကြီးရှိနေပြီး မြစ်ဆိပ်သွားခြင်းကိစ္စမှာလည်း အဝတ်ဖွပ်သည်ထက် အပျော်သဘော၊အချင်းချင်း ချစ်ခင်ညီညွှတ်သည်ကို ပိုမိုခိုင်မာစေသည့် သဘောများဖြင့် သွားရောက်သည်ဟု ယခုအချိန်တွင် သုံးသပ်မိပါသည်။ အမေက အဝတ်ဟောင်းတွေမှန်သမျှ စောင်တစ်ထည်တွင် စုပြုံထည့်ပြီး စောင်​၏ ထောင့်နားလေးဘက်ကို စုချည်ထားသော အဝတ်ထုပ်ကြီးကို ခေါင်းပေါ်ရွက်သည်။ ခါးပေါ်မှာလည်း အဲဒီလောက်မကြီးသော အဝတ်ထုပ်တစ်ထုပ် ပွေ့ပိုက်ထားသေးသည်။ပိုက်ထားသော…

Read More

ပြည်ပကနေ ရွှေတင်သွင်းပြီး သန့်စင်ကာ ပြည်ပကိုပြန်တင်ပို့မယ်

ဇူလိုင် ၉-၂၀၂၂ VOM (GG) ဗဟိုဘဏ် ကန့်သတ်ချက်နဲ့ ကိုဗစ်ရောဂါကြောင့် ရပ်ခဲ့ရတဲ့ ပြည်ပနိုင်ငံအချို့ကနေ ရွှေကုန်ကြမ်းတွေကို တင်သွင်းပြီး မြန်မာနိုင်ငံမှာ ရွှေသန့်စင်ကာ ပြည်ပကို တင်ပို့ရောင်းချတဲ့စနစ် ပြန်လည်စတင် လုပ်ဆောင်သွားဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ ပြည်ပကနေ ရွှေတင်သွင်းပြီး ပြန်လည်တင်ပို့တာဟာ ပြည်တွင်းရွှေဈေးကွက် နဲ့ ကမ္ဘာ့ရွှေဈေးကွက်ကို ချိတ်ဆက်တာဖြစ်ပြီး ပြည်ပကရတဲ့နည်းပညာတွေနဲ့ ရွှေထည်တွေလုပ်တဲ့အခါမှာ စက်နဲ့လုပ်တာဖြစ်လို့ အလျော့တွက် လက်ခ ကုန်ကျမှုမရှိတဲ့အပြင် ၅ နှစ်ကြာတဲ့အထိ အရောင်မှိန်တာမျိုးမရှိဘူးလို့ သိရပါတယ်။ “နိုင်ငံခြားကနေ ကုန်ကြမ်းတင်သွင်းမယ်၊ စက်ပစ္စည်းတွေပါမယ်၊နည်းပညာတွေရောပါမယ်။ နိုင်ငံတကာနည်းနဲ့ကျ ၅ နှစ်ကြာလည်း မှိန်မသွားဘူး။ ပြီးခဲ့တဲ့ တနှစ်ထဲကလုပ်တယ်၊ ဒီမှာစက်ရုံတောင်ဖွင့်ထားပြီးပြီ၊ နောက်တော့ ဗဟိုဘဏ်က TT ခွင့်မပြုဘူး LC ခွင့်ပြုတယ်ဆိုတော့ လုပ်ငန်းရပ်သွားတယ်၊နောက် ကိုဗစ်က ဖြစ်တော့မစနိုင်၊ အခုမှပြန်စမှာပေါ့။စလို့ရပြီဆိုပေမယ့် ဟိုဘက်ကလူတွေက မလာကြသေးဘူး၊ ပြည်တွင်း လေကြောင်းလိုင်းတွေ အကုန်ပြန်မဖွင့်သေးတာရယ်၊…

Read More

သေနတ်နဲ့ပစ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်၊ ရေတပ် စစ်မှုထမ်းဟောင်းတဦးက လုပ်ကြံခဲ့ခြင်းဖြစ်

တိုကျို၊ ဇူလိုင် ၈-၂၀၂၂ မျိုးဆက်(VOM) ဒီနေ့မနက်ပိုင်း မဲဆွယ်စည်းရုံးရေးပွဲတခုမှာ သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ရှင်ဇိုအာဘေးဟာ သောကြာနေ့က နာရာမြို့မှာ မိန့်ခွန်းပြောနေစဉ်အတွင်း သေနတ်နဲ့ နှစ်ချက် ပစ်ခံခဲ့ရတာဖြစ်ပါတယ်။ NHK သတင်းထောက်တစ်ဦးသည် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ သေနတ်သံနှစ်ချက်ကြားကြားရပြီး ဆေးရုံသို့မပို့မီ ရှင်ဇိုအာဘေးဟာ လဲကျသွားပြီး သွေးတွေထွက်နေတာကို တွေ့ခဲ့ရတယ်လို့ NHK သတင်းထောက်က ပြောပါတယ်။ လူသတ်မှုဖို့ ကြိုးပမ်းမှုနဲ့ သေနတ်သမားဖြစ်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမားဟာ ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှာ ၂၀၀၅ ခုနှစ်အထိ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရှင်ဇိုအာဘေးဟာ…

Read More

ဟားခါးမြို့က အထက ၁ ကျောင်းနားမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး

ဇူလိုင် ၊ ၈-၂၀၂၂ SP ( VOM) ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်မှာရှိတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနားမှာ မနေ့ ဇူလိုင် ၇ ရက် ည ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။ ” ညကပေါက်ကွဲတယ် ၊ ဒီမနက်အစောပိုင်းရောက်မှ သေဆုံးသူ ရုပ်အလောင်းတွေကို စစ်သားနဲ့ ရဲတွေက လာကောက်သွားတယ် “လို့ ဟားခါးမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုမှာ သေဆုံးသူ ၂ ယောက်ကတော့ ဆလိုင်း ရိုလန့်ကီကမ်ထန် (Salai Roland Kil Kam Thang နဲ့ ဆလိုင်းဒံယေလ Salai Daniel တို့ဖြစ်တယ်လို့ ဒီမနက် ရုပ်အလောင်းတွေကို လာကြည့်သူတွေက…

Read More

ပခုက္ကူနယ် ရှားဒူးရွာနဲ့ စိုင်ဖြူရွာက လူနေအိမ် ရာနဲ့ချီပြီး မီးရှို့ခံရ

ဇူလှိုင် ၊ ၈ ၊ ၂၀၂၂ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ရှားဒူးကျေးရွာအုပ်စု ၊ ရှားဒူးရွာနဲ့ စိုင်ဖြူရွာမှာရှိတဲ့ လူနေအိမ် ၂ ရာကျော်ဟာ ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ ပခုက္ကမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၉ နာရီဝန်းကျင်မှာ ရှားဒူးရွာ မီးရှို့ခံရတယ် ၊ အိမ်ခြေ ၂ ရာကျော် မီးလောင်တယ် ၊ ရွာလုံးကျွတ် လောင်သွားတဲ့ အခြေအနေပါ ၊ အဲ့ဒီနောက် ၁၁ နာရီဝန်းကျင်မှာ စိုင်ဖြူရွာက အိမ်တွေ မီးရှို့ခံရပြန်တယ် ၊ မီးမငြိမ်းသေးတော့ အိမ်ခြေ အရေအတွက် ပြောမရသေးဘူး “လို့ ပခုက္ကူဒေသခံတယောက်က ပြောပါတယ်။ ဒီမနက် အစောပိုင်းက ရှားဒူရွာဘက်ကို စစ်ကြောင်းတွေရောက်လာတာကြောင့် ရှားဒူးရွာခံတွေဟာ ဘေးလွတ်ရာကို…

Read More

လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းနေအိမ် ချိပ်ပိတ်ခံရ

ဇူလိုင် ၈-၂၀၂၂ GG+SP (VOM) မြစ်ကြီးနားမြို့ က လီဆူတိုင်းရင်သားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်နဲ့ တရားလွတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းတို့ရဲ့နေအိမ်တွေကို ဒီကနေ့ ဇူလိူင် ၈ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ချိပ်ပိတ်လိုက်တယ်လို့သိရပါတယ်။ ဦးအားတီယောဟန် နေအိမ် ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၊ ၅၂(က) နဲ့ ချိတ်ပိတ်သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး၊တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း ရဲ့ နေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၊ ၅၄ အရ ချိပ်ပိတ်သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” အခုမနက်ပဲ စာလာချိတ်သွားတာ။ အရင်လတုန်းကတည်းက အိမ်ချိပ်ပိတ်ဖို့တွေ လာပြောတာရှိတယ်။ ရှေ့နေလင်မယားကတော့ အိမ်မှာမရှိပါဘူး ။ လီဆူဝန်ကြီးအိမ်လည်း အပိတ်ခံရတယ်ကြားတယ်။ ” လို့ ဒေသခံတဦးကပြောပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ မြစ်ကြီးနားမြို့နယ်ရဲစခန်းကနေ (ပ)၈၀/၂၀၂၂ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အမှုအရ ယာယီပိတ်သိမ်းထားတယ်ဆိုပြီးတော့ စာတန်းချိတ်ဆွဲပြီး ချိပ်ပိတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ နေအိမ် ၂…

Read More

မအူပင်မှာ ရဲဒုတပ်ကြပ်တဦးရဲ့နေအိမ် ဓားပြတိုက်ခံရ

ဇူလိူင် ၈-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊မအူပင်မြို့၊အမှတ်(၇)ရပ်ကွက်၊ ခိုင်နှင်းဆီလမ်းက ရဲဒုတပ်ကြပ်နောင်နောင်ထွန်းဆိုသူရဲ့ နေအိမ်မှာ ဇူလိုင်၆ရက် ညပိုင်းက ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ”ညတိုင်းကင်းလှည့်နေတဲ့ကြားကဖြစ်တာ၊ အမည်မသိ အဖွဲ့တစ်ခုက ဓားပြတိုက်တာ၊ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ဘူး၊ မျက်နှာဖုံးတွေစွပ်ထားတာ၊သေနတ်တွေ ကိုင်ထားတာ၊ငွေသိန်း ၅၀ ကျော်ဖိုး တန်ဖိုးရှိတဲ့ပစ္စည်းတွေပါသွားတာ၊ဓားပြတွေကအတင့်ရဲလွန်းတယ် မျက်နှာဖုံးတွေ စွပ်ထားတော့ခက်တယ်။”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ ဓားပြတိုက်ခံရတဲ့အချိန်ဟာ မြို့အတွင်းပုံမှန်ကင်းလှည့်နေတဲ့အချိန်ဖြစ်ပြီး ဒေသခံအများစု အပြင်မထွက်ရဲတဲ့အချိန်ဖြစ်တယ်လို့သိရကာ ဓားပြတိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နောင်နောင်ထွန်းနဲ့ အမျိုးသမီးတို့ကတော့ အိမ်မှာမရှိကြဘူးလို့ သိရပါတယ်။ ”ညဘက်ကင်းလှည့်နေတဲ့အချိန်ဖြစ်တာ အများစုက မအူပင်မြို့မှာ အဲ့ဒီအချိန်ကြောက်လို့အပြင်မထွက်ဘူး၊ ကိုယ်တွေတောင် မနက်မိုးလင်းတော့ စစ်သားတွေအတော်များများ လာစစ်ဆေးနေတာတွေ့လို့ သိရတာ၊အတွင်းထဲကလူတွေလို့ယူဆတယ်။”လို့ မအူပင်မြို့ခံတဦးကပြောပါတယ်။ အဲ့ဒီဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မအူပင်မြို့မှာလုံခြုံရေးတွေထပ်တိုးချထားလိုက်ပြီး ရဲတွေရဲ့နေအိမ်တွေပတ်ပတ်လည်ကိုလည်း ဝါးချွန်တွေ နဲ့ ခြံစည်းရိုးကာလိုက်တယ်လို့ သိရပါတယ်။…

Read More

(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမည်မဟုတ်

ဖနွမ်းပင်၊ ဇူလိုင် ၈-၂၀၂၂ မျိုးဆက်(VOM) အာဆီယံအဖွဲ့ဟာ ယခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် ၅၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများတွေမှာ နစက နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ထိပ်သီးဖိုရမ်ကို တက်ရောက်ဖို့ မြန်မာစစ်တပ်က ရွေးချယ်ထားတဲ့ ထိပ်တန်းသံတမန်ကို အာဆီယံက ဒုတိယအကြိမ် ခွင့်မပြုတာလည်း ဖြစ်ပါတယ်။ အဲဒီအစား အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံက နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်တဦးကိုသာ အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားမှာဖြစ်တယ်လို့ အာဆီယံအထူးသံတမန် ပရက်ဆိုခွန်းက ပြောပါတယ်။ အစည်းအဝေးကို လာမယ့် ဇူလိုင် ၃၀ ရက်ကနေ သြဂုတ် ၆ ရက်အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကမ္ဘောဒီးယားဟာ လက်ရှိအာဆီယံ အလှည့်ကျ ဥကဌဖြစ်ပြီး အထူးသံတမန်ဖြစ်တဲ့ ပရက် ဆိုခွန်းဟာ မြန်မာ နိုင်ငံကိုနှစ်ကြိမ်တိုင်တိုင်…

Read More

တနိုင်ငံလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၈ သိန်းနီးပါးနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူ ၂ သိန်းခွဲအထက်ရှိနေ

ဇူလိူင် ၇-၂၀၂၂ VOM (GG) မြန်မာတနိုင်ငံလုံးမှာ တနှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ပြည်သူပေါင်း ၈ သိန်းနီးပါးရှိနေတယ်လို့ UN OCHA Myanmar ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်​နေ့ ကနေ ဇွန်လ ၂၇ ရက်နေ့အထိ ကုလသမဂ္ဂကိန်းဂဏန်းတွေအရ သိရှိရခြင်းဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေရသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်းက စုစုပေါင်း ၂ သိန်း ၅သောင်း အထက်မှာ ရှိတယ်လို့ သိရပါတယ်။ ” ညောင်လေးပင် ကျောက်ကြီးနဲ့မုန်းဘက်မှာ စစ်ဘေးရှောင်နေရတာ ၄ သောင်းအထက်ရှိနေတယ်။အကူအညီတွေလည်းလိုနေတယ်။ကရင်ပြည်ဘက်ဆိုလည်း စစ်ဘေးရှောင်တွေအများကြီးပဲ။ အများဆုံးကတော့ စစ်ကိုင်းတိုင်းဘက်ကပေါ့ ” လို့ ကျောက်ကြီး စစ်ဘေးရှောင်တွေအတွက် အကူအညီပေးနေသူတဦးကပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပဲခူးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ကယားပြည်နယ် အပါအဝင် တိုင်းဒေသကြီး…

Read More
VOM News

FREE
VIEW