မန္တလေး အိုးဘိုထောင်မှာ ဆူပူမှုဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့

ဇူလိုင် ၁၃-၂၀၂၂
KT(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းက အိုးဘိုထောင်မှာ ဒီကနေ့ ညနေပိုင်းက ထောင်ဆူမှုဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာအချို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

လူမှုကွန်ယက်တွေမှာတော့
” အိုးဘိုထောင် အပြင်မှာ ပစ်ခတ်မှု ဖြစ်တာပါ
ထောင်အတွင်းမဟုတ်ပါဘူး ၊ကျည်ထိထားသူတွေလဲ ရှိနေကြောင်းနဲ့ ထောင်ဝန်ထမ်းနဲ့ ရဲတချို့ ကျည်ထိမှန်ကြောင်း နဲ့ မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်တယ်ဆို မသိရသေးကြောင်းနဲ့ လူနာတင်ကား ၂ စီးရောက်နေပြီး ထောင်ဝင်စာ လာပို့သူများကို မောင်းထုတ်နေတယ်” လို့ ရေးသားကြသူတွေ တွေ့ရပါတယ်။

ထောင်အာဏာပိုင်တွေကို VOM က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပါဘူး ။ နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက VOMကိုပြောပြတာကတော့

” ဆူတာတော့မဟုတ်ပါဘူး၊ ညနေပိုင်း အိုဘိုထောင်မှာ အထူးတရားရုံးထုတ်တာရှိပါတယ်၊အကြမ်းဖက်ပုဒ်မနဲ့အရေးယူထားတဲ့သူတွေကို ရုံးထုတ်တာပေါ့နော်၊ အရင် Covid 19ကြောင့်ထောင်ဝင်စာတွေပိတ်ထားတာတွေရှိခဲ့ပါတယ်၊အဲ့ဒီလိုဖြစ်စဥ်တွေမှာ တရားခံပြသက်သေတွေက တွေ့ချင်နေကြတယ်၊အထူးတရားရုံးက တရားခံတွေကို ထောင်ပြန်ပို့တယ်၊ တွေခွင့်အချိန်နည်းတယ်ပေါ့နော်၊ အဲဒီမှာ အခြေအတင်ပြောတာတွေဖြစ်တယ်၊ လူစုလူဝေးဖြစ်သွားတဲ့ဖြစ်စဥ်တွေဖြစ်သွားတယ်ပေါ့နော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားခံတွေကို ထောင်တွင်းပြန်သွင်းချိန် လူစုလူဝေးမဖြစ်အောင်ထိန်းရင်း တရားခံပြသက်သေတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပြောနေစဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီး ဟန့်တားခဲ့ရပါတယ်၊ ဖြစ်စဥ်အားလုံးအေးချမ်းစွာပြီးဆုံးသွားပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

#voiceofmyanmar #VOM #အိိုးဘိုထောင် #နစကရှင်းလင်းချက်

Related posts

Leave a Comment

VOM News

FREE
VIEW