ရခိုင်ကမ်းရိုးတန်းမှာတွေ့တဲ့ တော်ပီဒိုကို ရေတပ်က လာယူသွားတယ်လို့ ဒေသခံတွေပြော

ဇူလိုင် ၁၃-၂၀၂၂ SW(VOM) ဒီကနေ့ မနက် ၇ နာရီလောက်က ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းတလျှောက် မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာအနီးကမ်းခြေမှာ ဒေသခံတွေတွေ့ရှိတဲ့ တော်ပီဒိုကို ရေတပ်က ယူဆောင်သွားပြီဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ အဲဒီတော်ပီဒိုဟာ လုံးပတ် (၃)ပေခန့်၊ အရှည် (၉)ပေခန့်ရှိပြီး ငွေရောင်နဲ့ လိမ္မော်ရောင် ဆေးသုတ်ထားကာ လုံးပတ်မှာ LWT-XP D&P Torpedo စာသားကို ရေးသားထားတယ်လို့ ဒေသခံတွေရဲ့ပေးပို့ချက်ပုံမှာ တွေ့ရပါတယ်။ တော်ပီဒိုကို နေ့လယ်နှောင်းပိုင်းလောက်မှာ မာန်အောင်မြို့နယ်အခြေစိုက် မျှော်တော်ဦးရေတပ်စခန်းက ကားတစီးနဲ့ တင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိန်းမကြွယ်ကျေးရွာ ရွာဦးဘုန်းတော်ကြီးက “ရေတပ်က ကားနဲ့လာပြီး တင်ယူသွားတယ်လို့ သိရပါတယ်။ မျှော်တော်ဦးရေတပ်စခန်းတို့မှာက စစ်ကားအသုံးပြုတာတွေ့တော့ စစ်ကားနဲ့ သယ်ယူသွားတယ်လို့ ယူဆရပါတယ်။ မျက်မြင်ကိုယ်တွေ့တင်တဲ့အခါတော့ ဘုန်းဘုန်းတို့မရှိဘူး”လို့ မိန့်ပါတယ်။ အဲဒီလိုမျိုး ကျေးရွာအနီးကမ်းခြေမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အသုံးဆောင် တော်ပီဒိုတလုံးကို တွေ့ရှိရတဲ့အပေါ်…

Read More

မန္တလေး အိုးဘိုထောင်မှာ ဆူပူမှုဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့

ဇူလိုင် ၁၃-၂၀၂၂ KT(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းက အိုးဘိုထောင်မှာ ဒီကနေ့ ညနေပိုင်းက ထောင်ဆူမှုဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာအချို့မှာ ပျံ့နှံ့ခဲ့ပါတယ်။ လူမှုကွန်ယက်တွေမှာတော့ ” အိုးဘိုထောင် အပြင်မှာ ပစ်ခတ်မှု ဖြစ်တာပါ ထောင်အတွင်းမဟုတ်ပါဘူး ၊ကျည်ထိထားသူတွေလဲ ရှိနေကြောင်းနဲ့ ထောင်ဝန်ထမ်းနဲ့ ရဲတချို့ ကျည်ထိမှန်ကြောင်း နဲ့ မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်တယ်ဆို မသိရသေးကြောင်းနဲ့ လူနာတင်ကား ၂ စီးရောက်နေပြီး ထောင်ဝင်စာ လာပို့သူများကို မောင်းထုတ်နေတယ်” လို့ ရေးသားကြသူတွေ တွေ့ရပါတယ်။ ထောင်အာဏာပိုင်တွေကို VOM က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပါဘူး ။ နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက VOMကိုပြောပြတာကတော့ ” ဆူတာတော့မဟုတ်ပါဘူး၊ ညနေပိုင်း အိုဘိုထောင်မှာ အထူးတရားရုံးထုတ်တာရှိပါတယ်၊အကြမ်းဖက်ပုဒ်မနဲ့အရေးယူထားတဲ့သူတွေကို ရုံးထုတ်တာပေါ့နော်၊ အရင် Covid 19ကြောင့်ထောင်ဝင်စာတွေပိတ်ထားတာတွေရှိခဲ့ပါတယ်၊အဲ့ဒီလိုဖြစ်စဥ်တွေမှာ တရားခံပြသက်သေတွေက တွေ့ချင်နေကြတယ်၊အထူးတရားရုံးက တရားခံတွေကို ထောင်ပြန်ပို့တယ်၊ တွေခွင့်အချိန်နည်းတယ်ပေါ့နော်၊…

Read More

မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ(၂)ဦးအထိရှိလာ

ဇူလိုင် ၁၃-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူရှစ်ဦးအနက် (၂)ဦးသေဆုံးသွားပြီဖြစ်တယ်လို့ သွားရောက်ကူညီပေးခဲ့သူတွေဆီက သိရပါတယ်။ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ပြည်လမ်းနဲ့ ဗားကရာလမ်းထောင့်မှာ မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ရာ မနေ့က တဦးသေဆုံးပြီး ဒီကနေ့ မနက်ပိုင်းမှာ ထပ်မံအမျိုးသမီးတစ်ဦးသေဆုံး ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါ တယ်။ “မနေ့က အမျိုးသမီးတဦးသေတယ် ရင်ဘတ်ကိုဗုံးစမှန်ပြီး၊ ရန်ကုန်ဆေးရုံကြီးမှာဒီကနေ့ နောက်တဦးထပ်သေတယ် စစ်ဆေးရုံမှာ”လို့ သူကပြောပါတယ်။ မြေနီကုန်းဗုံးပေါက်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ လှိုင်သာယာ၊တောင်ဒဂုံ၊ကြည့်မြင်တိုင်၊ရွှေပြည်သာ၊သာကေတနဲ့မှော်ဘီမြို့နယ်တို့ကအမျိုးသား(၂)ဦးနဲ့အမျိုးသမီး(၆)ဦးတို့ ဒဏ်ရာရရှိခဲ့ရာကနေ အမျိုးသမီး(၂)ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “စစဖြစ်တဲ့အချိန် အမျိုးသမီးတဦးက ရန်ကုန်ဆေးရုံကြီးမှာ ဆုံးတာ၊ ဒုတိယတယောက်က စစ်ဆေးရုံမှာ ဆေးကုသပေးနေရင်း ဆုံးတာ”လို့ သူကပြောပါတယ်။ ရန်ကုန်မှာ မနေ့ ဇူလိုင် ၁၂ရက်က စမ်းချောင်းမြို့နယ် ၊ မြေနီကုန်းတံတားအောက် ဗုံးမပေါက်ကွဲမီ နေ့လယ်ပိုင်းက လှိုင်သာယာအရှေပိုင်းမြို့နယ်ပန်းခြံမှာ ဗုံးပေါက်ကွဲခဲ့ရာ…

Read More

ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ်ကို တွစ်တာက တရားစွဲပြီ

ဝါရှင်တန်၊ ဇူလိုင်-၁၃-၂၀၂၂ မျိုးဆက်(VOM) တွစ်တာကို ၀ယ်ယူမယ့် အစီအစဉ်ကိုရုပ်သိမ်းလိုက်တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မာ့ခ်ကို တွစ်တာက ဇူလိုင် ၁၂ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။ အီလွန်မာ့ခ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ လွှဲပြောင်း၀ယ်ယူဖို့ကိစ္စကို ရုပ်သိမ်းကြောင်း ဇူလိုင် ၈ ရက်မှာ ကြေညာပြီးနောက် တွစ်တာဘက်ကနေ အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ တွစ်တာဟာ သူ့ရဲ့ဆိုရှယ်ပလက်ဖောင်းရှိ အကောင့်တုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပေးအပ်ခြင်းမရှိကြောင်း အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ အီလွန်မာ့ခ်အနေနဲ့ တွစ်တာရှယ်ယာတစုကို ဒေါ်လာ ၅၄ ဒသမ ၂၀ နဲ့ သဘောတူညီထားတဲ့ အတိုင်း ကုမ္ပဏီပေါင်းစည်းမှုကို အဆုံးသတ်ပေးရေးအတွက် တရားရုံးကအမိန့်ချပေးဖို့ တွစ်တာက ဒယ်လာဝဲတရားရုံးကို လျှောက်ထားခဲ့ပါတယ်။ တရားစွဲဆိုမှုမှာတော့ အီလွန်မာ့ခ်ဟာ တွစ်တာနဲ့ လုပ်ငန်းအပေါ် အနှောက်အယှက်ဖြစ်စေဖို့ ပေါင်းစည်းရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း တွစ်တာက စွပ်စွဲထားပါတယ်။…

Read More

တောင်ကုတ်မှာ ငွေစက္ကူအတုကိုင်ဆောင်သူ(၃)ဦး ဖမ်းဆီးရမိ

ဇူလိုင် ၁၃-၂၀၂၂ KK(VOM) တောင်ကုတ်မြို့နယ်မှာ မနေ့ ဇူလိူင်၁၂ရက် မနက်ပိုင်းက ၁သောင်းငွေစက္ကူအတုကိုင်ဆောင်သူ(၃)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ တောင်ကုတ်မြို့နယ်၊ လိပ်ကုန်းဘောင်ကျေးရွာနဲ့ပါဒကျေးရွာတို့မှ ငွေစက္ကူအတုကိုင်ဆောင်သူ(၃)ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တသောင်းတန်ငွေစက္ကူအတုအရွက်ရေ သုံးရာကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “လိပ်ကုန်းဘောင်က ကောင်လေးကို အရင်မိတာ၊ သူကနေပြီး ဖော်လိုက်တာ၊ အဲ့ဒီကွင်းဆက်နဲ့ ပါဒရွာက ကောင်မလေးနှစ်ယောက်ကို ထပ်မိတာ”လို့ ပြောပါတယ်။ တစ်သောင်းတန်ငွေအတုတွေမိတာနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက”မီးချောင်းထိုးရွာဘက်မှာငွေစက္ကူအတုတွေ လဲလှယ်လုပ်နေတယ်ဆိုတဲ့သတင်းကြားလို့ သွားစစ်ဆေးတာ၊ လိပ်ကုန်းဘောင်က ကောင်လေးဆီမှာ ၁သောင်းတန် ၁၀၅ ရွက်မိတယ်၊ ပါဒရွာကကောင်က ကောင်မလေးနှစ်ယောက်ဆီမှာ ၂၂၉ ရွက်မိတယ်”လို့ ပြောပါတယ်။ ငွေစက္ကူအတုလက်ဝယ်တွေ့ရှိသူတွေရဲ့ပြောဆိုချက်အရ လူမှုကွန်ရက်စာမျက်နှာက မက်ဆင်ဂျာကနေ ချိန်းဆိုပြီး ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းကနေ ၁သောင်းတန်အတု ၅၃သိန်းကို ၁၇ သိန်းဝယ်ယူခဲ့ပြီး သုံးစွဲခဲ့တယ်လို့ စစ်ဆေးတွေ့ရှိကြောင်း သူကရှင်းပြပါတယ်။ တောင်ကုတ်မြို့နယ်မှာ မနေ့မနက်ပိုင်းက ငွေအတုတွေဖမ်းဆီးရမိပြီးနောက် မြောက်ဥက္ကလာပမြို့နယ်၊…

Read More

သီရိလင်္ကာသမ္မတ ထွက်ပြေးပြီးနောက် ၀န်ကြီးချုပ်က ယာယီသမ္မတာ၀န်ယူပြီး နိုင်ငံအရေးပေါ် အခြေအနေကြေညာ

ကိုလံဘို၊ ဇူလိုင်-၁၃-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ နိုင်ငံတွင်းကနေ ထွက်ပြေးသွားပြီးနောက် ၀န်ကြီးချုပ်ဖြစ်သူ ရာနေးလ်၀စ်ခရီမီဆင်းက ယာယီသမ္မတအဖြစ် တာ၀န်ယူလိုက်ပြီး နိုင်ငံအရေးပေါ်အခြေအနေကို ဇူလိုင် ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ယာယီသမ္မတအဖြစ်တာ၀န်ယူလိုက်တဲ့ ၀န်ကြီးချုပ်က တနိုင်ငံလုံးကို အရေးပေါ်အခြေအနေကြေညာလိုက်ပြီး နိုင်ငံအနောက်ပိုင်းပြည်နယ်တွေမှာတော့ ညမထွက်ရအမ်ိန့်ထုတ်ပြန်ထားကာ ဒါက ချက်ချင်းသက်၀င်မှာဖြစ်တယ်လို့ ရာနေးလ်၀စ်ခရီမီဆင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ သမ္မတဖြစ်သူ ဂိုတာဘာယာရာဂျာပက်ဆာဟာ ရာထူးကနေ ဇူလိုင် ၁၃ ရက်မှာဆင်းပေးမယ်လို့ ကတိပြုခဲ့ပေမယ့် အဲဒီနေ့မတိုင်မီမှာ စစ်ရဟတ်ယာဉ်နဲ့ မော်လ်ဒိုက်ကို ထွက်ပြေးခဲ့ပါတယ်။ ဒီလိုသမ္မတထွက်ပြေးပြီးနောက်မှာတော့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြမှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး လောင်စာဆီ၊ ဆေးဝါး ၊ စားသောက်ကုန်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းဖို့ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။…

Read More

မြန်မာဒုက္ခသည်တွေအတွက် နယ်စပ်ဖြတ်ကျော်အကူအညီတွေခွင့်ပြုဖို့ ထိုင်းနိုင်ငံကို တိုက်တွန်း

ဘန်ကောက်၊ ဇူလိုင်-၁၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားမှာ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်စာနာမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော် ပေးပို့ခွင့်ပြုဖို့ ထိုင်းနိုင်ငံကို Refugees International အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက အလွန်အမင်းလိုအပ်နေတဲ့ ဒေသတွေကို ကူညီမှုတွေပေးပို့မှုကို အာဏာပိုင်တွေက ပိတ်ပင်ထားတယ်လို့ Refugees International အဖွဲ့က ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအတောအတွင်း အိမ်နီးချင်းနိုင်ငံတွေကတဆင့် နိုင်ငံတကာအကူအညီတွေကို အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ လှုပ်ရှားနေတဲ့ဒေသခံအဖွဲ့တွေကတဆင့် အကူအညီပေးပို့နိုင်မှုဟာ အနည်းငယ်မျှသာရှိတယ်လို့ ဆိုပါတယ်။ နယ်စပ်ဖြတ်ကျော်၀င်ရောက်နိုင်တဲ့ ဒေသတွေသို့ အကူအညီတွေ လွယ်ကူချောမွေ့စွာရောက်ရှိစေဖို့ ထိုင်းနိုင်ငံအနေနဲ့ ဒေသခံတာ၀န်ရှိသူတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ Refugees International ရဲ့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာမျိုးမလုပ်ဘဲ…

Read More

စစ်ကိုင်းတိုင်းအတွင်းမှာ ဝါဆိုလပြည့် ၁ ရက်တည်း လူသတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး လူ ၄ ဦး သေဆုံး

ဇူလိုင် ၊ ၁၃ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ မင်းကင်းမြို့နဲ့ ထီးချိုင့်မြို့နယ်တွေမှာ မနေ့ဇူလိုင် ၁၂ ဝါဆိုလပြည့်နေ့ ၁ ရက်တည်း လူသတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ယောက်အထိရှိတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “လပြည့်နေ့က အသတ်ခံရတဲ့ သူ ၄ ယောက်ရှိတယ် ၊ စစ်ကိုင်းမှာ ၁ ယောက် ၊ မင်းကင်းမှာ ၁ ယောက်နဲ့ ထီးချိုင့်မှာ၂ လောင်ပြိုင်တွေဖြစ်တာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ မနေ့ ဇူလိုင်၁၂ရက် နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကိုင်း ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားဖူးပြီးပြန်လာတဲ့ စစ်ကိုင်း NTTသစ်ပါးလွှားစက်ရုံက စက်ရုံလုပ်သား ၃ ယောက်ဟာ ရွှေမင်းဝံ စကျင်ကားလမ်းမှာ…

Read More

ရုရှားလက်နက်သိုလှောင်ရုံကို အမေရိကန်ပေးတဲ့ ဒုံးကျည်တွေနဲ့ ယူကရိန်းတိုက်ခိုက်ဖျက်ဆီး

ကိယက်ဗ်၊ ဇူလိုင်-၁၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းဟာ အမေရိကန်ထောက်ပံ့ပေးတဲ့ ဒုံးကျည်တွေနဲ့ Nova Kakhovka မြို့မှာရှိတဲ့ ရုရှားရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားစစ်သားဒါဇင်နဲ့ချီပြီးသေဆုံးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယခုတိုက်ခိုက်မှုကို အမေရိကန်ကထောက်ပံ့ပေးထားတဲ့ Himars ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယစစ်အင်အားကြီး ရုရှားအတွက် အမှန်တကယ်ထိခိုက်စေခဲ့တယ်လို့ ယူကရိန်းသမ္မတရဲ့လက်ထောက် Mykhaylo Podolyak ကပြောပါတယ်။ ရုရှားကတော့ ယူကရိန်းဟာ အမေရိကန်ရဲ့လက်နက်တွေနဲ့ ငြိမ်းချမ်းတဲ့မြို့တွေကို တိုက်ခိုက်နေတာလို့ ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသမှာရှိနေတဲ့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ လက်နက်သိုလှောင်ရုံတခုကို ထိမှန်ပျက်စီးခဲ့တယ်လို့ သူတို့က ပြောဆိုထားခြင်းမရှိဘဲ ဓါတ်မြေသြဇာနဲ့ ယမ်းစိမ်းတွေပါ၀င်တဲ့ ဂိုထောင်ကို ထိမှန်ခဲ့တာသာဖြစ်တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားဟာ ယူကရိန်းကို စတင်ကျူးကျော်ပြီး ပထမပတ်အတွင်း ခါဆွန်ဒေသက နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပေမယ့်လည်း ယူကရိန်းအရှေ့ပိုင်းကို စစ်ဆင်ရေးတွေအာရုံစိုက်နေချိန်မှာ ယူကရိန်းတပ်တွေက ခါဆွန်ဒေသမှာ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ Ref:BBC…

Read More

Kaung For You တည်ထောင်သူ ဖမ်းခံရတဲ့သတင်းထွက်နေပြီး အဆက်အသွယ်ပြတ်နေ

ဇူလိုင် ၁၃-၂၀၂၂ KK(VOM) အွန်လိုင်းအခြေပြု ပညာရေးအဖြစ်ပြုလုပ်နေတဲ့ Kaung For You ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်နေပြီး အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။ မြစ်သားမြို့နယ်ပညာရေးမှုးရုံးက CDM ပြုလုပ်ထားတဲ့ လက်ထောက်ပညာရေးမှူး ဦးကောင်းသိုက်စိုးကို ဒီကနေ့မနက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ “သတင်းကတော့ ပျံ့နေပြီ၊ အတည်ပြုဖို့ပဲ ခက်နေတာ၊ ကျွန်တော်တို့လည်း စိတ်ပူနေတာ “လို့ သူကပြောပါတယ်။ Kaung For You Education ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့မနက် ၆နာရီခွဲက “ဆရာကောင်း အဖမ်းခံရ”ဆိုတဲ့ ပိုစ့်တစ်ခုတင်ပြီးနောက် စိတ်ပူနေခဲ့ရတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။ “အဖမ်းခံရတယ်ဆိုပြီး ကျောင်းကစပြီး Post တင်တယ်၊ ပြီးတော့ အဖမ်းမခံရဘူးလုပ်တယ်၊ အဖမ်းမခံရဘူးဆိုရင် Live လွှင့်ပြီး ရှင်းပြသင့်တယ်၊ အကုန်လုံးက စိတ်ပူလို့ပြောနေတာ”လို့ ပြောပါတယ်။ အဲ့ဒီလို…

Read More
VOM News

FREE
VIEW