ရုရှားလက်နက်သိုလှောင်ရုံကို အမေရိကန်ပေးတဲ့ ဒုံးကျည်တွေနဲ့ ယူကရိန်းတိုက်ခိုက်ဖျက်ဆီး

ကိယက်ဗ်၊ ဇူလိုင်-၁၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းဟာ အမေရိကန်ထောက်ပံ့ပေးတဲ့ ဒုံးကျည်တွေနဲ့ Nova Kakhovka မြို့မှာရှိတဲ့ ရုရှားရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားစစ်သားဒါဇင်နဲ့ချီပြီးသေဆုံးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယခုတိုက်ခိုက်မှုကို အမေရိကန်ကထောက်ပံ့ပေးထားတဲ့ Himars ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယစစ်အင်အားကြီး ရုရှားအတွက် အမှန်တကယ်ထိခိုက်စေခဲ့တယ်လို့ ယူကရိန်းသမ္မတရဲ့လက်ထောက် Mykhaylo Podolyak ကပြောပါတယ်။

ရုရှားကတော့ ယူကရိန်းဟာ အမေရိကန်ရဲ့လက်နက်တွေနဲ့ ငြိမ်းချမ်းတဲ့မြို့တွေကို တိုက်ခိုက်နေတာလို့ ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသမှာရှိနေတဲ့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ လက်နက်သိုလှောင်ရုံတခုကို ထိမှန်ပျက်စီးခဲ့တယ်လို့ သူတို့က ပြောဆိုထားခြင်းမရှိဘဲ ဓါတ်မြေသြဇာနဲ့ ယမ်းစိမ်းတွေပါ၀င်တဲ့ ဂိုထောင်ကို ထိမှန်ခဲ့တာသာဖြစ်တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို စတင်ကျူးကျော်ပြီး ပထမပတ်အတွင်း ခါဆွန်ဒေသက နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပေမယ့်လည်း ယူကရိန်းအရှေ့ပိုင်းကို စစ်ဆင်ရေးတွေအာရုံစိုက်နေချိန်မှာ ယူကရိန်းတပ်တွေက ခါဆွန်ဒေသမှာ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်ခဲ့ပါတယ်။

Ref:BBC
Photo: EYEPRESS NEWS/REX/SHUTTERSTOCK
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW