မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ(၂)ဦးအထိရှိလာ

ဇူလိုင် ၁၃-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူရှစ်ဦးအနက် (၂)ဦးသေဆုံးသွားပြီဖြစ်တယ်လို့ သွားရောက်ကူညီပေးခဲ့သူတွေဆီက သိရပါတယ်။

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ပြည်လမ်းနဲ့ ဗားကရာလမ်းထောင့်မှာ မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ရာ မနေ့က တဦးသေဆုံးပြီး ဒီကနေ့ မနက်ပိုင်းမှာ ထပ်မံအမျိုးသမီးတစ်ဦးသေဆုံး
ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါ
တယ်။

“မနေ့က အမျိုးသမီးတဦးသေတယ် ရင်ဘတ်ကိုဗုံးစမှန်ပြီး၊ ရန်ကုန်ဆေးရုံကြီးမှာဒီကနေ့ နောက်တဦးထပ်သေတယ် စစ်ဆေးရုံမှာ”လို့ သူကပြောပါတယ်။

မြေနီကုန်းဗုံးပေါက်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ လှိုင်သာယာ၊တောင်ဒဂုံ၊ကြည့်မြင်တိုင်၊ရွှေပြည်သာ၊သာကေတနဲ့မှော်ဘီမြို့နယ်တို့ကအမျိုးသား(၂)ဦးနဲ့အမျိုးသမီး(၆)ဦးတို့ ဒဏ်ရာရရှိခဲ့ရာကနေ အမျိုးသမီး(၂)ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“စစဖြစ်တဲ့အချိန် အမျိုးသမီးတဦးက ရန်ကုန်ဆေးရုံကြီးမှာ ဆုံးတာ၊ ဒုတိယတယောက်က စစ်ဆေးရုံမှာ ဆေးကုသပေးနေရင်း ဆုံးတာ”လို့ သူကပြောပါတယ်။

ရန်ကုန်မှာ မနေ့ ဇူလိုင် ၁၂ရက်က စမ်းချောင်းမြို့နယ် ၊ မြေနီကုန်းတံတားအောက် ဗုံးမပေါက်ကွဲမီ နေ့လယ်ပိုင်းက လှိုင်သာယာအရှေပိုင်းမြို့နယ်ပန်းခြံမှာ ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် တာမွေမြို့နယ်၊ ဗညားဒလလမ်းမှာလည်း မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးကို သက်ဆိုင်ရာက ဖျက်ဆီးခဲ့ရသေးတယ်လို့ သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မြေနီကုန်းတံတားအောက်ပေါက်ကွဲမှု #သေဆုံးသူ၂ဦးထိရှိ

Related posts

Leave a Comment

VOM News

FREE
VIEW