ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာ၀န်ခံ မြန်မာနိုင်ငံကနေ ရုတ်တရက်ထွက်ခွာ

ရန်ကုန်၊ ဇူလိုင်-၁၄-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးရဲ့တာ၀န်ခံဖြစ်သူ Pete Vowels ဟာ မြန်မာအာဏာပိုင်တွေရဲ့ဖိအားပေးမှုတွေကြောင့် ဇူလိုင် ၁၃ ရက်မှာ မြန်မာနိုင်ငံကနေ ရုတ်တရက်ထွက်ခွာခဲ့ရတယ်လို့ သူ့ရဲတွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

ဒီလိုဖိအားပေးမှုတွေအတွက် စိတ်မကောင်းဖြစ်ရပေမယ့် တရား၀င်အသိအမှတ်ပြုဖို့ ဖိအားပေးခံရမှုအပေါ် သူ့အနေနဲ့ ငြင်းဆန်နိုင်ခဲ့တာကြောင့် ၀မ်းသာမိတယ်လို့ Pete Vowels ကပြောပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံက ထွက်ခွာခဲ့ရပေမယ့် မြန်မာနိုင်ငံမှာကျန်ရှိခဲ့တဲ့ ဗြိတိန်သံရုံးအဖွဲ့သားတွေက ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုကလွဲပြီး ဘာကိုမှမလိုချင်တဲ့ မြန်မာပြည်သူတွေအတွက် တတ်နိုင်သမျှနည်းလမ်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။

သူဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ်အဖြစ် လွန်ခဲ့တဲ့နှစ်က ခန့်အပ်ခံရပေမယ့် နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံတာ၀န်ခံအဖြစ် ဗြိတိန်အစိုးရက ပြောင်းလဲခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး လျှော့ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပြည်ပခရီးစဉ်တခုထွက်ခွာပြီးနောက် သူ့ကို မြန်မာအာဏာပိုင်တွေက ဇွန်လကုန်ပိုင်းထိ ပြည်၀င်ခွင့်မပေးခဲ့ဘဲ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကမှ ပြည်၀င်ခွင့်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

Pete Vowels မြန်မာနိုင်ငံကထွက်ခွာရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နစကဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

#voiceofmyanmar #VOM #မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးတာ၀န်ခံ #မြန်မာနိုင်ငံကနေရုတ်တရက်ထွက်ခွာ

Related posts

Leave a Comment

VOM News

FREE
VIEW