ဝက်လက်မြို့နယ်က ပညာရေးဝန်ထမ်း ၃ ဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦး အလုပ်ထွက်

ဇူလိုင် ၊ ၁၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပညာရေးဝန်ထမ်းတချို့ဟာ ဒီရက်ပိုင်းအတွင်း အလုပ်ကနေ နူတ်ထွက်သွားတာရှိတယ်လို့ ဝက်လက်မြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ရပ်ကျေး အုပ်ချုပ်ရေးမှူးက ၂ ယောက် ၊ ပညာရေး ဝန်ထမ်းက ၃ ယောက် နဲ့ မြေစာရင်းက ၁ ယောက်ဖြစ်တယ် “လို့ ဝက်လက် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် ပညာရေး အသိုင်းအဝိုင်းက ” ဆင်နင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆရာမ ဒေါ်မြနှင်းဝါ ၊ ညောင်ကန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၊ ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာဝင်း ၊ ဖိုးဝင်းတပ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆရာ ဦးညွှန့်သိန်းဦးတို့ အလုပ်ထွက်သွားတာ…

Read More

အုတ်တွင်းမြို့မှာ မိခင်ကိုသတ်၊ သမီးဖြစ်သူကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှုဖြစ်ပွား

ဇူလိူင် ၁၄-၂၀၂၂ VOM (GG) ပဲခူးတိုင်းအ​ရှေ့ပိုင်း ၊အုတ်တွင်းမြို့မှာ မိခင်ဖြစ်သူအသတ်ခံရပြီး အသက်မပြည့်သေးတဲ့ ၁၃နှစ်အရွယ် သမီးလည်း အဓမ္မပြုကျင့်ခံရကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဒီနေ့ ဇူလိူင်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ မိခင်ဖြစ်သူနဲ့ကလေးငယ်ဟာ ပိုက်ဆံအကြွေးတောင်းဖို့ သွားစဥ် သကြားစက်အနီးက သီဟိုခြံအ​ရောက်မှာ လူချင်းကွဲပြီး ကလေးတယောက်ထဲရှိနေချိန် မျက်နှာဖုံးတွေနဲ့ အမျိုးသား ၂ ဦးက ကလေးငယ်ကို ကြိုးတုတ်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တာ​ဖြစ်တယ်လို့ သိရပါတယ်။ ” ကလေးက မတရားပြုကျင့်ခံရတဲ့အပြင် ရိုက်တာလည်းခံရတော့ သတိလစ်သွားတယ်။ အခုသိရတာတွေက သူသတိရချိန် သူပြန်ပြောပြချက်အရသိရတာ။ အခုတော့ သူ့အမေအသတ်ခံရတာလည်းသိသွားပြီ။ အမေကလည်း အဲ့ဒီ သီဟိုခြံထဲမှာပဲအသတ်ခံထားရတာကိုတွေ့ရတယ်။ “လို့ ပရဟိတသမားတဦးကပြောပါတယ်။ မိခင်ဖြစ်သူဟာ အသက် ၄၀ ကျော်ဝန်းကျင်ဖြစ်ပြီး မိခင်အလောင်းကိုလည်း သိဟိုခြံထဲမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၊ဝမ်းဗိုက်ပွင့်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကလေးငယ်ကို…

Read More

ဒီပဲယင်း မီးဘေးသင့်ပြည်သူတွေ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြန်လည်ထူထောင်ရေးခက်ခဲနေ

ဇူလိုင် ၁၅-၂၀၂၂ Voice Of Myanmar ပိုင်ဆိုင်သမျှ အိုးအိမ်စည်းစိမ်တွေ မီးလောင်ဆုံးရှုံးမှုကြောင့် စားဝတ်နေရေးကျပ်တည်းမှုတွေနဲ့ အခက်အခဲမျိုးစုံကြုံတွေ့နေကြရတဲ့ မီးဘေးသင့်ပြည်သူတွေ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများအပြားရှိနေပါတယ်။ အဲ့ဒီအထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် (၈) ရက်နေ့က နေအိမ် (၂၆) လုံးမီးလောင်ဆုံးရှုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ ပျံကျ(အေးသာယာ)ရွာ မီးဘေးသင့်ပြည်သူတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အဲ့ဒီမီးဘေးင့်ပြည်သူတွေဟာ လယ်ကူလီအငှားလုပ်ကိုင်စားသောက်နေရသူတွေ အများစုပါဝင်နေတယ်လို့ သိရပါတယ်။ တောင်သူအလုပ်ကို အဓိကလုပ်ကိုင်ကြပြီး မကြာခဏစစ်ဘေးရှောင်နေရတာကြောင့် တောင်သူအလုပ်ကိုလည်း ထိထိရောက်ရောက်မလုပ်ကိုင်နိုင်ကြတာကြောင့် တောင်သူတွေကို အမှီပြုလုပ်ကိုင်နေရတဲ့ မီးဘေးသင့်ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးနဲ့ ပြည်လည်ထူထောင်ရေးအတွက် အခက်အခဲမျိုးစုဲကြုံတွေ့နေကြပါတယ်။ အခုလိုအခြေအနေတွေကြောင့် အဲ့ဒီဒေသကလူငယ်တချို့ဟာ မိသားစုစားဝတ်နေရေးအတွက် ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ စဉ်းစားလာကြပြီး နိုင်ငံကူးလက်မှတ်ရဖို့ မလွယ်ကူတဲ့အခြေအနေတွေကြောင့် မိဘဖြစ်သူတွေကလည်း စိတ်မချဖြစ်နေရတယ်လို့ ပြောပါတယ်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေကြားမှာ အိုးအိမ်စည်းစိမ်တွေပျက်ဆီးဆုံးရှုံးပြီး အနာဂတ်တွေပျောက်ဆုံးနေကြရတာကြောင့် နိုင်ငံရေးအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ကိုလည်း လိုလားနေကြတာဖြစ်ပါတယ်။ #voiceofmyanmar #VOM…

Read More

နယ်စပ်ကနေ ဆီထွက်သီးနှံတွေတင်ပို့မယ်ဆိုရင် ပို့ကုန်ရငွေလိုင်စင်နဲ့အတူ ပို့ကုန်ရငွေ ဘဏ်အထောက်ထားပြနိုင်မှ ခွင့်ပြုမယ်

ဇူလိူင် ၁၅-၂၀၂၂ GG(VOM) ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံတွေကို နယ်စပ်ဂိတ်ကနေ တင်ပို့မယ်ဆိုရင် ပို့ကုန်ရငွေလိုင်စင်နဲ့အတူ ပို့ကုန်ရငွေ ဘဏ်အထောက်အထားပြနိုင်မှသာ တင်ပို့ခွင့်ပြုမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဲ့ဒီသတ်မှတ်ချက်ကို မနေ့ ဇူလိူင် ၁၄ ရက်နေ့ကနေ စတင်ကျင့်သုံးသွားမှာဖြစ်ပြီး ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံတွေကိုတင်ပို့ဖို့ ပို့ကုန်ရငွေ ရရှိကြောင်း သက်ဆိုင်ရာဘဏ်ကနေ ပို့ကုန်ရငွေ ဘဏ်အထောက်အထား Bank Certificate, (TT)နဲ့ ပို့ကုန်လိုင်စင်ပါ ပူးတွဲပြီး တင်ပို့ခွင့်လျှောက်ထားလာမှသာ ED ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” ဗဟိုဘဏ်ရဲ့ကြေညာချက်တွေလည်း ရှိတယ်၊နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဥပဒေအရ ကုန်ပစ္စည်းပို့ရင် ဘယ်နှစ်ရက်နေရင် ပြန်ပြီးတော့ နိုင်ငံခြားဝင်ငွေပြန်ဝင်မယ်ဆိုတဲ့အထောက်အထားလေး ပါမှ ပို့ကုန်နောက်တစောင်ပေးတဲ့သဘောပါပဲ “လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။ ဒါ့အပြင် ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း ဆီထွက်သီးနှံတွေကို တင်ပို့ရောင်းချမယ်ဆိုရင် တင်ပို့ရောင်းချမှုတိုင်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက…

Read More

မြိုင်နယ် ကျောက်ခွက်က ရေနံလက်ယက်တွင်းလုပ်ကွက်တွေ မီးရှို့ခံရ

ဇူလိုင် ၊ ၁၄ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ကျောက်ခွက်ကျေးရွာနားက ကျောက်ခွက် ရေနံလုပ်ကွက်ထဲက ရေနံ လက်ယက်တွင်း ၁ ရာကျော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ မြိုင်မြို့နယ် ရေနံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” တနိုင်တပိုင် တူးနေတဲ့ ရေနံလက်ယက်တွင်း ၁၂၀ နဲ့ ဆက်စပ်ပစ္စည်းတွေ မီးရှို့ခံရတာပါ ၊ ဒီလ ၁၂ရက်က ဖြစ်တယ်”လို့ ဒေသခံ ရေနံလုပ်သားတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ကျောက်ခွက်က ရေနံတွင်းလုပ်ငန်းတွေဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့် ရထားတာ မဟုတ်သလို ၊ ခွင့်ပြုချက်နဲ့ အခွန်ဆောင်ပြီး လုပ်နေတာလည်း…

Read More

အရှေ့အာဖရိကရှိ တန်ဇန်းနီးယားမှာ အမျိုးအမည်မသိ အဖျားရောဂါ ကူးစက်ပျံ့နှံ့နေ

ဒိုဒိုမာ၊ ဇူလိုင်-၁၄-၂၀၂၂ မျိုးဆက်(VOM) အရှေ့အာဖရိကရှိ တန်ဇန်းနီးယားနိုင်ငံတောင်ပိုင်းမှာ လူသုံးဦးသေဆုံးစေခဲ့တဲ့ အမျိုးအမည်မသိ အဖျားရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ လင်ဒီဒေသမှာ အဲဒီအမျိုးအမည်မသိ အဖျားရောဂါဖြစ်ပွားသူ ၁၃ ဦးထိရှိနေပြီး လူနာတွေဟာ အီဘိုလာ သို့မဟုတ် မားဘတ် ရောဂါနဲ့ လက္ခဏာဆင်တူကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လူနာတွေဟာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အထူးသဖြင့် နှာခေါင်းသွေးထွက်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခံစားနေရကြောင်း သိရပါတယ်။ လက်ရှိမှာ ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့မိသူတွေကို ခြေရာခံတာတွေ ပြုလုပ်နေပြီး လူ(၅)ဦးကို သီးခြားထားစောင့်ကြည့်နေကာ အလားတူရောဂါလက္ခဏာတွေခံစားရပါက ကုသမှု ချက်ချင်းခံယူဖို့ တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။ ရောဂါနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလဆက်လက်လုပ်ဆောင်နေချိန်မှာ တန်ဇန်းနီးယားပြည်သူတွေအနေနဲ့ စိတ်အေးအေးထားကြဖို့ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ဒေါက်တာအယ်ဖယ်လိုဆီချာလွယ်က တိုက်တွန်းပြောဆိုပါတယ်။ Ref: BBC Photo: Getty Images #voiceofmyanmar…

Read More

ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယအကြိမ် မီးရှို့ခံရ

ဇူလိုင် ၊ ၁၄ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ မြို့နယ်အထွေထွေရွေးကော်ပွဲကော်မရှင်ရုံးဟာ မနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်က ဒုတိယအကြိမ်မီးရှို့ခံလိုက်ရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။ ” ဒါရောဆို မီးရှို့ခံရတာ ၂ ကြိမ်ရှိပြီး ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ရှို့ခံရတာက ရုံးသုံးပရိဘောဂတွေ ပျက်စီးတယ် ၊ အခု တကြိမ်က ရုံးထဲက ရွေးကောက်ပွဲသုံး ပစ္စည်းတွေနဲ့ အဆောက်အဦးပါ လောင်သွားတာ “လို့ ဆားလင်းကြီး မီးသတ်တပ်ဖွဲ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဆားလင်းကြီးမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့နဲ နီးစပ်သူတယောက်က “ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီက ၁…

Read More

သီရိလင်္ကာမှာ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွား၊ လူတဦးသေဆုံးပြီး ၈၄ ဦးဒဏ်ရာရ

ကိုလံဘို၊ ဇူလိုင်-၁၄-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုမှာ ဇူလိုင် ၁၃ ရက်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူတဦးသေဆုံးပြီး ၈၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာ၀န်ရှိသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ပြီးနောက် အသက် ၂၆ နှစ်အရွယ်အမျိုးသားတဦးဟာ အသက်ရှူကြပ်ကာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ နိုင်ငံကနေထွက်ပြေးပြီးနောက် ၀န်ကြီးချုပ် ရာနေးလ်ဝီခရီမီဆင်းကို ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ကိုလည်း ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ မနေ့ကညနေပိုင်းက ၀န်ကြီးချုပ်ရုံးနဲ့ လွှတ်တော်မှာ ဆန္ဒပြသူတွေပါ၀င်တယ်လို့ ကိုလံဘိုဆေးရုံက တာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ည ၁၂ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ ရုံးတွေနဲ့ အခြားအစိုးရအဆောက်အအုံတွေကို စွန့်ခွာဖို့နဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ယာယီသမ္မတ…

Read More

စိုင်းတောင်မှာ ဆန္ဒပြပြီးပြန်လာတဲ့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

ဇူလိုင် ၊ ၁၄ ၊ ၂၀၂၂ SP( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ စိုင်းတောင်ကျေးရွာမှာ မနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်းက ဆန္ဒပြပြီး ပြန်လာတဲ့ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဆိပ်မူးဘက်မှာ ဆန္ဒပြပြီးပြန်လာတဲ့ အမျိုးသမီး ၇ ယောက်နဲ့ ကားသမား အမျိုးသား ၁ ယောက် ၊ အဲ့ဒီ ၈ ယောက်ကို ညနေ ၄ နာရီဝန်းကျင်မှာ စိုင်းတောင် အမှတ် ၃ ရပ်ကွက် တံတားနားကနေ စောင့်ပြီးဖမ်းသွားတာ ” လို့ တွေ့မြင်လိုက်ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။ အဖမ်းခံလိုက်ရတဲ့ အမျိုးသမျိုးသမီး…

Read More

ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာ၀န်ခံ မြန်မာနိုင်ငံကနေ ရုတ်တရက်ထွက်ခွာ

ရန်ကုန်၊ ဇူလိုင်-၁၄-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးရဲ့တာ၀န်ခံဖြစ်သူ Pete Vowels ဟာ မြန်မာအာဏာပိုင်တွေရဲ့ဖိအားပေးမှုတွေကြောင့် ဇူလိုင် ၁၃ ရက်မှာ မြန်မာနိုင်ငံကနေ ရုတ်တရက်ထွက်ခွာခဲ့ရတယ်လို့ သူ့ရဲတွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ ဒီလိုဖိအားပေးမှုတွေအတွက် စိတ်မကောင်းဖြစ်ရပေမယ့် တရား၀င်အသိအမှတ်ပြုဖို့ ဖိအားပေးခံရမှုအပေါ် သူ့အနေနဲ့ ငြင်းဆန်နိုင်ခဲ့တာကြောင့် ၀မ်းသာမိတယ်လို့ Pete Vowels ကပြောပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက ထွက်ခွာခဲ့ရပေမယ့် မြန်မာနိုင်ငံမှာကျန်ရှိခဲ့တဲ့ ဗြိတိန်သံရုံးအဖွဲ့သားတွေက ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုကလွဲပြီး ဘာကိုမှမလိုချင်တဲ့ မြန်မာပြည်သူတွေအတွက် တတ်နိုင်သမျှနည်းလမ်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။ သူဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ်အဖြစ် လွန်ခဲ့တဲ့နှစ်က ခန့်အပ်ခံရပေမယ့် နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံတာ၀န်ခံအဖြစ် ဗြိတိန်အစိုးရက ပြောင်းလဲခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး လျှော့ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပြည်ပခရီးစဉ်တခုထွက်ခွာပြီးနောက် သူ့ကို မြန်မာအာဏာပိုင်တွေက ဇွန်လကုန်ပိုင်းထိ ပြည်၀င်ခွင့်မပေးခဲ့ဘဲ ပြီးခဲ့တဲ့…

Read More
VOM News

FREE
VIEW