အရှေ့အာဖရိကရှိ တန်ဇန်းနီးယားမှာ အမျိုးအမည်မသိ အဖျားရောဂါ ကူးစက်ပျံ့နှံ့နေ

ဒိုဒိုမာ၊ ဇူလိုင်-၁၄-၂၀၂၂
မျိုးဆက်(VOM)

အရှေ့အာဖရိကရှိ တန်ဇန်းနီးယားနိုင်ငံတောင်ပိုင်းမှာ လူသုံးဦးသေဆုံးစေခဲ့တဲ့ အမျိုးအမည်မသိ အဖျားရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

လင်ဒီဒေသမှာ အဲဒီအမျိုးအမည်မသိ အဖျားရောဂါဖြစ်ပွားသူ ၁၃ ဦးထိရှိနေပြီး လူနာတွေဟာ အီဘိုလာ သို့မဟုတ် မားဘတ် ရောဂါနဲ့ လက္ခဏာဆင်တူကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

လူနာတွေဟာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အထူးသဖြင့် နှာခေါင်းသွေးထွက်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခံစားနေရကြောင်း သိရပါတယ်။

လက်ရှိမှာ ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့မိသူတွေကို ခြေရာခံတာတွေ ပြုလုပ်နေပြီး လူ(၅)ဦးကို သီးခြားထားစောင့်ကြည့်နေကာ အလားတူရောဂါလက္ခဏာတွေခံစားရပါက ကုသမှု ချက်ချင်းခံယူဖို့ တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။

ရောဂါနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလဆက်လက်လုပ်ဆောင်နေချိန်မှာ တန်ဇန်းနီးယားပြည်သူတွေအနေနဲ့ စိတ်အေးအေးထားကြဖို့ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ဒေါက်တာအယ်ဖယ်လိုဆီချာလွယ်က တိုက်တွန်းပြောဆိုပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #vom #ဒိုဒိုမာ

Related posts

Leave a Comment

VOM News

FREE
VIEW