မအူပင်မှာ ဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်နဲ့ အမှုဖွင့်အရေးယူခံထားရသူ ၁၈၀ ကျော်အထိ ရှိလာ

ဇူလိုင် ၁၇-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊မအူပင်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကနေ မနေ့ ဇူလိုင် ၁၆ ရက်အထိ ဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်နဲ့အမှုဖွင့်ခံထားရတဲ့သူ ၁၈၉ယောက်အထိ ရှိလာတယ်လို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။

ဖမ်းခံရသူတွေဟာ ပုဒ်မ ၅၀၅ -ကနဲ့ အမှုဖွင့်ဖမ်းဆီးခံထားသူရ ၁၀၇ ယောက်၊အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၀(ဂ)တွေနဲ့အမှုဖွင့်ခံထားသူအယောက် ၅၀ ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့အရေးယူခံထားရသူ ၁၂ ယောက်၊ပေါက်ကွဲစေတက်သောဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ- ၃ အရအမှုဖွင့် အရေးယူထားသူ ၂၀ နဲ့စုစုပေါင်းအမှုဖွင့်ခံထားရသူ စုစုပေါင်း ၁၈၉ ယောက်အထိရှိလာပြီလို့သိရပါတယ်။

”မနေ့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၂၀၀၀ ကျော်အထိ ရှိပါတယ်၊အဲ့ဒီအထဲကနေအရေးယူခံထားရတဲ့သူက ၁၈၉ ယောက်ရှိပါတယ်၊ ပုဒ်မ ၅၀၅ – ကနဲ့အမှုဖွင့်ဖမ်းဆီးထားတဲ့သူတွေကတော့ ၁၀၀ ကျော်အထိရှိပြီးအများဆုံးဖြစ်ပါတယ်။”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

ဖမ်းဆီခံရသူတွေထဲက မိသားစုဝင်တဦးကလည်း ”အဖမ်းခံရသူတွေထဲကနေ ဒီကနေ့အထိ အဆက်အသွယ်မရသူတွေရှိတယ်၊အဆက်အသွယ် ရပေမယ့် တွေ့ခွင့်မရတာတွေရှိတယ်၊ကာလရှည်ထိန်းချုပ်ခံထားရတော့ ရိုက်နှက်မှာတွေကို စိုးရိမ်တယ်၊အခုနောက်ပိုင်း စစ်ကြောရေးတွေမှာ သေဆုံးတာတွေရှိလာတော့ ပိုဆိုးတယ်။”လို့ ပြောပါတယ်။

ဖမ်းဆီး၊အမှုဖွင့် ၊အရေးယူခံထားရသူတွေဟာ မအူပင်မြို့နယ်မှာ ဆန္ဒပြပွဲပါဝင်သူတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ NLD ပါတီဝင်တွေ၊CDM ဝန်ထမ်းများတွေဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေလည်း အများအပြားရှိတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင်

Related posts

Leave a Comment

VOM News

FREE
VIEW