ညှော်

ဆူးငှက် ၁၉၉၉-၂၀၀၀ပြည့်နှစ် မန္တလေးမြို့မတူရိယာအသင်း စိန်ရတုသဘင်အခမ်းအနားအတွက် ပြင်ဆင်နေဆဲကာလတွင် ၈၆ လမ်းနှင့် ၂၁ လမ်းထောင့်ရှိ မြို့မအသင်းတိုက်သို့ အပတ်စဉ် စနေနေ့တိုင်း ရောက်ဖြစ်နေသည်။ အသင်းတိုက်ရှေ့ ပိတောက်ပင်အောက် ခုံဝိုင်းလေး၌ ထိုင်ရင်း မြို့မအသင်း နာယကလူကြီးများထံမှ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာများ နာကြားရသည်မှာ အရသာရှိလှသည်။ ထိုစဉ်က အသက် ၉၀ နားနီးနေသော်လည်း နာယကကြီး တောင်မြို့ဦးကိုလေးမှာ အလွန်မှတ်မိ တက်ကြွလှသည်။ သူ့မိတ်ဆွေ ကိုသန့်နှင့် ကိုညိန်း အကြောင်းများပြောလျှင် မမောနိုင်မပန်းနိုင်….၊ ကျွန်တော်ကလည်း အချိန်ရလျှင်ရသလို သိလိုသည်များ မေးမြန်းရသည်။ “အဘရေ … အသံချဲ့စက်က သီချင်းတစ်ပုဒ် ဖွင့်နေသံကြားရင် လူမမြင်ရ၊ အရုပ်မမြင်ရပေမဲ့ ဒါမြို့မလို့ နားကသိတယ်။ ကဲ သီချင်းကမှ ဆရာငြိမ်းသီချင်း၊ ဦးဘသိန်းသီချင်းလို့ ခွဲသိပြီး မြို့မလို့ တပ်အပ်ပြောနိုင်တာမျိုး ရှိနိုင်သေးတယ်။ ဥပမာဆိုပါတော့ ဆရာ ……

Read More

မအူပင်မှာ ဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်နဲ့ အမှုဖွင့်အရေးယူခံထားရသူ ၁၈၀ ကျော်အထိ ရှိလာ

ဇူလိုင် ၁၇-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊မအူပင်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကနေ မနေ့ ဇူလိုင် ၁၆ ရက်အထိ ဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်နဲ့အမှုဖွင့်ခံထားရတဲ့သူ ၁၈၉ယောက်အထိ ရှိလာတယ်လို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။ ဖမ်းခံရသူတွေဟာ ပုဒ်မ ၅၀၅ -ကနဲ့ အမှုဖွင့်ဖမ်းဆီးခံထားသူရ ၁၀၇ ယောက်၊အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၀(ဂ)တွေနဲ့အမှုဖွင့်ခံထားသူအယောက် ၅၀ ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့အရေးယူခံထားရသူ ၁၂ ယောက်၊ပေါက်ကွဲစေတက်သောဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ- ၃ အရအမှုဖွင့် အရေးယူထားသူ ၂၀ နဲ့စုစုပေါင်းအမှုဖွင့်ခံထားရသူ စုစုပေါင်း ၁၈၉ ယောက်အထိရှိလာပြီလို့သိရပါတယ်။ ”မနေ့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၂၀၀၀ ကျော်အထိ ရှိပါတယ်၊အဲ့ဒီအထဲကနေအရေးယူခံထားရတဲ့သူက ၁၈၉ ယောက်ရှိပါတယ်၊ ပုဒ်မ ၅၀၅ – ကနဲ့အမှုဖွင့်ဖမ်းဆီးထားတဲ့သူတွေကတော့ ၁၀၀ ကျော်အထိရှိပြီးအများဆုံးဖြစ်ပါတယ်။”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖမ်းဆီခံရသူတွေထဲက မိသားစုဝင်တဦးကလည်း ”အဖမ်းခံရသူတွေထဲကနေ…

Read More

အပူလှိုင်းကြောင့် မြေထဲပင်လယ်ဒေသတလျှောက် တောမီးအကြီးအကျယ်လောင်၊ပေါ်တူဂီမှာ လူ ၂၃၈ ဦးသေဆုံး

မက်ဒရစ်၊ ဇူလိုင်-၁၇-၂၀၂၂ မျိုးဆက်(VOM ဥရောပဒေသမှာ အပူလှိုင်းကြောင့် ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုတွေ ဖြစ်ပွားနေပြီး ထောင်ပေါင်းများစွာသော မီးသတ်သမားတွေက မီးငြှိမ်းသတ်လျှက်ရှိပါတယ်။ ပေါ်တူဂီမြောက်ပိုင်း စပိန်နယ်စပ်အနီးမှာ မီးသတ်လေယာဉ်တစင်းပျက်ကျမှုကြောင့် လေယာဉ်မှူး တဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အပူလှိုင်းကြောင့် လူ ၂၃၈ ဦးသေဆုံးခဲ့တယ်လို့ ပေါ်တူဂီအာဏာပိုင်တွေကပြောပါတယ်။ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာလည်း တောမီးအကြီးအကျယ်လောင်ကျွမ်းနေပြီးဒေသခံ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။ နိုင်ငံတောင်ပိုင်းဒေသတွေမှာ အပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ်ထိ တိုးလာမယ်လို့ ပြင်သစ်မိုးလေ၀သဌာနက ခန့်မှန်းထားပြီး ဇူလိုင် ၁၈ ရက်မှာ အပူချိန်စံချိန်သစ်တင်နိုင်တယ်လို့ သတိပေးထားပါတယ်။ စပိန်မှာတော့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်နဲ့ ပေါ်တူဂီမှာ ၄၇ ဒီဂရီစင်တီဂရိတ်ရှိနေပြီး အပူချိန်မြင့်မားမှုက တောမီးလောင်ကျွမ်းမှုကို မီးလောင်ရာလေပင့်ဖြစ်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ အပူလှိုင်းတွေဟာ ပိုမိုပြင်းထန်ပြီး မကြာခဏဖြစ်ပေါ်နေသလို အချိန်လည်း…

Read More

ယူကရိန်းမှာ ထိုးစစ်နောက်တဆင့်ပြုလုပ်ဖို့ ရုရှားပြင်ဆင်နေ

ကိယက်ဗ်၊ ဇူလိုင်-၁၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းမှာ ထိုးစစ်နောက်တဆင့် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ယူကရိန်းစစ်ဘက် တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းက စစ်ဆင်ရေးဒေသအားလုံးမှာ သူ့ရဲ့စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ရုရှားက ထုတ်ဖော်ပြောဆိုပြီးနောက် ယူကရိန်းတာ၀န်ရှိသူတွေက အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ မကြာသေးမီရက်တွေအတွင်းကလည်း ယူကရိန်းမြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး လူဒါဇင်များစွာ သေဆုံးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ဝေဟင်နဲ့ ပင်လယ်ပြင်ကနေ တိုက်ခိုက်မှုတင်မကပါဘူး။ ရှေ့တန်းတလျှောက် ဆက်သွယ်မှုလမ်းကြောင်းတွေကိုလည်း တိုက်ခိုက်မှုတွေ ရုရှားကလုပ်နေပြီး နည်းဗျူဟာမြောက် လေကြောင်းနဲ့ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုလာနေတယ်လို့ယူကရိန်းစစ်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ Vadym Skibitskyi ကပြောပါတယ်။ ရှေ့တန်းတလျှောက်မှာလည်း ရုရှား တပ်တွေရဲ့လှုပ်ရှားမှုတွေ တိုးလာနေပြီး ဒါဟာ ထိုးစစ်နောက်တဆင့်အတွက် ပြင်ဆင်နေတယ်ဆိုတာရှင်းနေကြောင်း၊ နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသမှာ ယူကရိန်းက ထိန်းချုပ်ထားတဲ့ အရေးပါတဲ့ Sloviansk မြို့ကို ထိုးစစ်ဆင်ဖို့ ရုရှားတပ်တွေ…

Read More

ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်၍ နှစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ဇူလိုင် ၁၇ ၊၂၀၂၂ KK(VOM) ရန်ကုန်က ရွှေပြည်သာ၊ တောင်ဒဂုံနဲ့ ဒလမြို့နယ်တွေမှာ ဒီကနေ့ ဇူလိုင် ၁၇ရက် မနက်ပိုင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းကလ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အမည်မသိလူနှစ်ဦးက ပစ်ခတ်ခဲ့လို့ ရာအိမ်မှုးတဦး သေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူက ပြော ပါတယ်။ “ရုံးနားက လ္ဘက်ရည်ဆိုင်မှာ ဖြစ်တာ ရာအိမ်မှုးတွေထိုင်နေတုန်း ဝင်ပစ်သွားတာ လူနာတင်ယာဥ်တွေတော့ လာသယ်သွားတာတွေ့တယ် တယောက်သေပြီး တယောက်ဒဏ်ရာရတယ် “လို့ သူကပြောပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ မှန်ကန်ပြီး ရာအိမ်မှုးဦးဝင်းနိူင်နဲ့ဦးထွန်းမင်းတို့ နှစ်ဦးအနက် ဦးဝင်းနိူင်မှာ သေဆုံးသွားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေအပြင် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါ ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာရောက်ရှိပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရပ်ကွက်နေ သူတွေဆီက…

Read More

စပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်း ၊ မြန်မာ ယန်စီ ကုမ္မဏီ အလုပ်ဆိုက် ဓားပြတိုက်ခံရ

ဇူလိုင် ၊ ၁၇ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကျောက်မျက်ကျေးရွာနားက စံပယ်တောင် – ကြေးစင်တောင် ကြေးနီစီမံကိန်း မြန်မာ ယန်စီ ကုမ္မဏီ အလုပ်ဆိုက်ဟာ ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ကုမ္မဏီဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကျောက်မျက်ရွာနားက မြန်မာ ယန်စီ စက်သုံးဆီ သိုလ်လှောင်ရုံ ဆိုက်မှာ တိုက်ခံရတာ ” လို့ မြန်မာ ယန်စီ ကုမ္မဏီဝန်ထမ်း တယောက်က ပြောပါတယ်။ အဲ့ဒီ ကြေးစင်တောင် စီမံကိန်း မြန်မာ ယန်စီ ကုမ္မဏီ ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက ”…

Read More

Kaung For You ကျောင်းအုပ်အပါအဝင် ဆရာမ ၂၅ယောက် ဝန်းကျင်ဖမ်းဆီးခံရ

ရန်ကုန်၊ဇူလိုင် ၁၇၊၂၀၂၂ KK(VOM) Kaung For You educationရဲ့ ကျောင်းအုပ်ဖြစ်သူ ဦးကောင်းသိုက်စိုးအပါအဝင် ဆရာမ ၂၃ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။ မိတ္တီလာ မြစ်သား ပခုက္ကူ၊ တာမွေ ကျိုက်ထို မြင်းခြံစတဲ့မြို့နယ်တွေမှာ မနေ့ဇူလိုင် ၁၆ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ Kaung For You ကျောင်းစာသင်သူ CDM ဆရာမ ရှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ “မနေ့က သတင်းအရင်းအမြစ်တွေဆီကနေ တဆင့်ကြားတာ အဲ့ဒီမြို့နယ်တွေမှာ ဆရာမတွေ အဖမ်းခံရတယ် အရင်နေ့တွေက ဖမ်းဆီးခံရတာနဲ့ဆိုရင် ၂၀ နီးပါးရှိသွားပြီ ဒါ တောင် ကိုယ်မသိရသေးတဲ့ အဖမ်းခံရသူအချို့ ရှိသေးတယ်”လို့ ရှင်းပြပါတယ်။ ကလော၊ဟဲဟိုး၊မြစ်သား၊ကော့သောင်းနဲ့မြိုနယ်အချို့ကCDM ကျောင်းဆရာမ ၁၂ဦးကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးခံရတာဖြစ်တယ်လို့ CDM ပညာရေးအသို င်းအဝိုင်းက သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း…

Read More
VOM News

FREE
VIEW