ပြန်ပေးငွေ ဘတ် ၈ သန်းတောင်းပြီး လူသတ်ခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ရနောင်း၊ ဇူလိုင်-၁၈-၂၀၂၂
မျိုးဆက်(VOM)

ပြန်ပေးငွေဘတ် ၈ သန်းတောင်းဆိုပြီးနောက် ဒေသခံထိုင်းနိုင်ငံရေးသမားနှစ်ဦးရဲ့ ဖခင်ဖြစ်သူကို သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ကရာဘူရီခရိုင် ပါ့ခ်ချန်ရှိ ရာဘာတောထဲက အိမ်နီး ရေတွင်းပျက်ထဲမှာ အသတ်ခံရသူဖြစ်တဲ့ အသက် ၈၁ နှစ်အရွယ် သာနုဂျဒီးရဲ့ အလောင်းကို ဇူလိုင် ၁၀ ရက်မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ ဦးခေါင်းအနောက်နဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေပါတယ်။

သူဟာ ရနောင်းလွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ထောက်ဖြစ်သူ သ၀ပ်ဂျာဒီးနဲ့ ပတ်ချန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နာရူမိုဘွန်ချောတို့ရဲ့ ဖခင်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သေဆုံးသူကို ဇူလိုင် ၉ ရက်က ဆိုင်ကယ်နဲ့ အမည်မသိသူတဦးက လာရောက်ခေါ်ဆောင်ပြီးနောက် ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပြီး ညနေ ၆ နာရီ မိနစ် ၃၀ မှာတော့ သူ့ကိုဖမ်းဆီးထားကြောင်းနဲ့ ပြန်ပေးငွေ ဘတ် ၈ သန်းရရှိပြန်လွှတ်ပေးမယ်လို့ တူဖြစ်သူရဲ့ဖုန်းကို မက်ဆေ့ခ်ျပို့လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီညမှာ သူ့ကိုစတင်ရှာဖွေခဲ့ကြပြီး နောက်တနေ့မနက်မှာတော့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ မြန်မာနိုင်ငံသား ဇော်မျိုး ၃၂ နှစ်နဲ့ ခင်မောင်ဇော် ၃၆ နှစ်တို့ကို ပြန်ပေးဆွဲမှု၊ လူသတ်မှု ၊ ပြန်ပေးငွေတောင်းခံမှုတို့နဲ့ ရနောင်းတရားရုံးက စွဲချက်တင်ထားပါတယ်။

သူတို့နှစ်ဦးဟာ သာနုဂျဒီးကို သစ်သားတုတ်နဲ့ ရိုက်နှက်သတ်ဖြတ်ပြီးနောက် ခြေထောက်ကိုကြိုးချည်ကာ ရေတွင်းပျက်ထဲကို စွန့်ပစ်ထားခဲ့တယ်လို့ ၀န်ခံထွက်ဆိုထားပါတယ်။

Ref: Bangkok Post
Photo: Bangkok Post

#voiceofmyanmar #VOM #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW