လာမယ့်နှစ်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်လာဖို့ အရှေ့တီမောနိုင်ငံ မျှော်လင့်နေ

ဂျကာတာ၊ ဇူလိုင်-၁၉-၂၀၂၂ မျိုးဆက်(VOM) အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့နဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်ဖို့ ဆယ်စုနှစ်များစွာ ကြိုးစားမှုအောင်မြင်ဖို့ မျှော်လင့်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ဇူလိုင် ၁၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သမ္မတရာမို့စ်ဟော်တာဟာ ဧပြီလမှာ သမ္မတအဖြစ် ဒုတိယအကြိမ်ရွေးချယ်ခံရပြီးနောက် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ပြီး သမ္မတဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်းကလည်း တီမောလက်စ်တီလို့ခေါ်တဲ့ အရှေ့တီမောမှာ သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အရှေ့တီမောဟာ လည်ပတ်နေတဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းထားပြီးဖြစ်လို့ အာဆီယံအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အဖွဲ့၀င်နိုင်ငံဖြစ်လာမှာပါလို့ သူကပြောပါတယ်။ လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားက တာ၀န်ယူတဲ့အချိန်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ကြောင်း အရှေ့တီမောသမ္မတက ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံအဖြစ် လျှောက်ထားခဲ့တဲ့…

Read More

ရွှေဘိုမြို့နယ်မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၂ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ကျောက်မြှောင်းမြို့ ၊ အုန်းပေါက်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာတွေဘက်မှာ မနက်ပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်မြှောင်း အုန်းပေါက်မှာ မနက် ၈ နာရီဝန်းကျင် ပေါက်ကွဲတယ် ၊ လူ ၂ ဦးသေပြီး ၊ ၁ ဦး ဒဏ်ရာရတယ် ၊ ဇီးဖြူကုန်းရွာဘက်မှာက မနက် ၁၀ နာရီဝန်းကျင် ပေါက်ကွဲတယ် ၊ လူ ၂ ဦး ဒဏ်ရာရတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲတာတွေနဲ့…

Read More

ပြန်ပေးငွေ ဘတ် ၈ သန်းတောင်းပြီး လူသတ်ခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ရနောင်း၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) ပြန်ပေးငွေဘတ် ၈ သန်းတောင်းဆိုပြီးနောက် ဒေသခံထိုင်းနိုင်ငံရေးသမားနှစ်ဦးရဲ့ ဖခင်ဖြစ်သူကို သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ကရာဘူရီခရိုင် ပါ့ခ်ချန်ရှိ ရာဘာတောထဲက အိမ်နီး ရေတွင်းပျက်ထဲမှာ အသတ်ခံရသူဖြစ်တဲ့ အသက် ၈၁ နှစ်အရွယ် သာနုဂျဒီးရဲ့ အလောင်းကို ဇူလိုင် ၁၀ ရက်မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ ဦးခေါင်းအနောက်နဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေပါတယ်။ သူဟာ ရနောင်းလွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ထောက်ဖြစ်သူ သ၀ပ်ဂျာဒီးနဲ့ ပတ်ချန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နာရူမိုဘွန်ချောတို့ရဲ့ ဖခင်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူကို ဇူလိုင် ၉ ရက်က ဆိုင်ကယ်နဲ့ အမည်မသိသူတဦးက လာရောက်ခေါ်ဆောင်ပြီးနောက် ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပြီး ညနေ ၆ နာရီ မိနစ် ၃၀ မှာတော့ သူ့ကိုဖမ်းဆီးထားကြောင်းနဲ့ ပြန်ပေးငွေ…

Read More

မုံရွာမြို့ပေါ်မှာ ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ အဆောက်အဦပေါင်း ၅၀ ကျော်အထိရှိလာ

ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်ခြံမြေ အဆောက်အဦတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းဖို့ ချိပ်ပိတ်တာတွေဟာ အရေအတွက်အနေနဲ့ ၅၀ ကျော်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သိမ်းဆည်းခံရတဲ့ အဆောက်အဦပိုင်ရှင်တွေကတော့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေ ၊ လွှတ်တော်အမတ်ဟောင်းတွေ ၊ ရှေ့နေတွေနဲ့ လက်လုပ်လက်စား လူတွေပါဝင်တယ်လို့ သိရပါတယ်။ မနေ့ ဇူလိုင် ၁၈ ရက်နေ့ကလည်း မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်က နေအိမ်၂လုံးကို ချိပ်ပိတ်သိမ်းဆည်းတာ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ချမ်းမြဝတီ ရပ်ကွက် ၊ နယ်မြေ ၆ ၊ ရေကူးကန် ၁ လမ်းမှာရှိတဲ့ ကိုအောင်ချမ်းမြှေ့ (ခေါ်…

Read More

ဇလွန်မှာ ကျောင်းမတက်တဲ့ကလေးတွေကို စာရင်းလိုက်ကောက်နေလို့ မိဘတွေစိုးရိမ်နေ

ဇူလိုင် ၁၉-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်မှာ အခုနှစ် ကျောင်းမတက်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့စာရင်းတွေကို ဇူလိုင်လ ဒုတိယအပတ်ကနေစတင်ပြီး လိုက်လံကောက်ယူနေတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေရဲ့မိဘတွေ စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ”ကျောင်းမတက်တဲ့ ကလေးတွေရဲ့စာရင်းတွေကိုလိုက်ကောက်နေတာ၊ကျေးရွာအုပ်ကြီးက ဦးဆောင်ပြီးတော့ ကောက်တာ၊ဘာလို့ကောက်တာလည်းဆိုတာကိုမပြောဘူး၊ တစ်ခုခုလုပ်မှာစိုးရိမ်တယ်၊ဖမ်းမှာဆီးမှာကို စိုးရိမ်တာ၊ ကျောင်းမတက်ရောက်တာလည်း အမျိုးမျိုးအခက်အခဲတွေကြောင့် မတက်ဖြစ်တာပါ။”လို့ ဇလွန်မြို့ခံတဦးကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးက ”အထက်ကခိုင်းတာလို့ပဲ သိရတယ်၊ဘာလို့ကောက်တာလည်းဆိုတာ မသိရဘူး၊ဘာမှတော့လုပ်မယ်မထင်ပါဘူး၊ လာလို့မတက်တာလည်းဆိုတဲ့အချက်ကို ယူချင်တာဖြစ်ပါလိမ့်မယ်။”လို့ ပြောပါတယ်။ ဇလွန်မြို့နယ်မှာ ကျောင်းမတက်တဲ့ ကလေးတွေရဲ့ မိဘတွေအမည်နဲ့ ကလေးတွေရဲ့အမည်၊အသက်၊ ကျောင်းမတက်တဲ့အကြောင်းအရင်း၊ကျောင်းမတက်တဲ့ ကာလ၊ကျောင်းမတက်တဲ့ကလေးတွေလက်ရှိအိမ်မှာ ရှိ၊မရှိ လိုက်လံကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ ”ကျောင်းမတက်လို့ကြောက်ရတာက တစ်မျိုး ၊ ကျောင်းတက်လို့ကြောက်ရတာက တစ်မျိုး ၊ကိုယ့်တွေရဲ့ အသက်တွေကိုဘယ်သူမှတာဝန်ယူပေးမှာမဟုတ်ဘူးလေ၊ ဒါ့ကြောင့် မတက်ခိုင်းခဲ့တာပါ၊အခုစာရင်းတွေလာ ကောက်တယ်၊ စာရင်းလာကောက်တာဆိုတော့ ကောင်းတဲ့အချက်တော့မဟုတ်ဘူး စိုးရိမ်နေရတယ်၊ ဒီကာလက အသေကျပ် အနေကျပ်ကာလပါ၊ပညာရေးကို ဦးစားပေးပါတယ်၊ ကလေးတွေကို စာလည်းတက်စေချင်တယ်၊…

Read More

ပခုက္ကူခရိုင်ထဲမှာ ၃ လအတွင်း ကား အစီး ၂၀ ကျော် လုယူခံရ

ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ အပါအဝင် မြို့နယ် ၅ ခုထဲမှာ အခုနှစ် မေလကနေ ဇူလိုင် ၁၇ ရက် အထိ ၃ လအတွင်းမှာ ကားလုယူခံရတဲ့ အစီးရေပေါင်း ၂၀ ကျော်ရှိတယ်လို့ ပခုက္ကူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” လုယူခံရတဲ့ကား အမျိုးအစားတွေက ခရီးသည်တင် လိုင်းကား ၊ အိမ်စီးကား ၊ ဘုန်းကြီးကားတွေ အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ကားတွေပါဝင်တယ် ” လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဒါ့အပြင် ကားလုယူခံရတာတွေနဲ့ ပတ်သက်ပြီး ပခုက္ကူဒေသခံ တဦးက ” ဒီလ ၁၇ ရက်ည ၁၀…

Read More
VOM News

FREE
VIEW