ရွှေဘိုမြို့နယ်မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၂ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ကျောက်မြှောင်းမြို့ ၊ အုန်းပေါက်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာတွေဘက်မှာ မနက်ပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကျောက်မြှောင်း အုန်းပေါက်မှာ မနက် ၈ နာရီဝန်းကျင် ပေါက်ကွဲတယ် ၊ လူ ၂ ဦးသေပြီး ၊ ၁ ဦး ဒဏ်ရာရတယ် ၊ ဇီးဖြူကုန်းရွာဘက်မှာက မနက် ၁၀ နာရီဝန်းကျင် ပေါက်ကွဲတယ် ၊ လူ ၂ ဦး ဒဏ်ရာရတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က

” ကျောက်မြှောင်းဘက်က အုန်းပေါက်ရွာ ပေါက်ကွဲမှုမှာ လက်လုပ်မိုင်းကို တိုက်မိတာပါ ၊ ဦးစံသိန်းနဲ့ ဒေါ်ဝင်းအေး ၂ ယောက်သေတယ် ၊ ဒေါ်မို့မို့ထွန်းကတော့ ဒဏ်ရာရတယ် ၊ နောက်ပြီး ဇီးဖြူကုန် ပေါက်ကွဲမှုကတော့ ဦးနေစိမ့်အောင်နဲ့ ဦးဖြိုးဝေအောင် ၂ ယောက် ဒဏ်ရာရတာ ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ရွှေဘိုမြို့နယ်မှာ မနေ့က ၁ ရက်တည်း ပေါက်ကွဲတာ ၂ ကြိမ်ဖြစ်ပြီး သေဆုံးသူ ၂ ဦး ၊ ဒဏ်ရာရသူ ၃ ဦး ရှိတာလို့ သိရတာဖြစ်ပါတယ်။

ဒါအပြင် ရွှေဘိုခရိုင်ထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာကစလို့ အခုနှစ် ဇူလိုင် ၁၈ ရက်အထိ ပေါက်ကွဲတာတွေကြောင့် သေဆုံးသူ လူ ၃၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀ ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘိုပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW