အိန္ဒိယသမ္မတသစ်အဖြစ် လူမျိုးစု၀င်အမျိုးသမီးတဦး ပထမဆုံးရွေးချယ်တင်မြှောက်ခံရ

ဒေလီ၊ ဇူလိုင်-၂၆-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံရဲ့ သမ္မတသစ်အဖြစ် လူမျိုးစု၀င်အမျိုးသမီးတဦးဖြစ်သူ ဒရူပါဒီမာမူး ရွေးချယ်ခံခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှာတော့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် နိုင်ငံရေးသမားဖြစ်သူ ဒရူပါဒီမာမူး ဟာ အိန္ဒိယနိုင်ငံရဲ့ဒုတိယမြောက် အမျိုးသမီးသမ္မတနဲ့ ပထမဆုံးသော လူမျိုးစုနွယ်၀င်သမ္မတအဖြစ် မှတ်တမ်း၀င်သွားပြီဖြစ်ပါတယ်။

သမ္မတအဖြစ် ခန့်အပ်ခံလိုက်ရတာဟာ သူ့အတွက်သာမက နိုင်ငံကပြည်သူတွေအားလုံးရဲ့အောင်ပွဲဖြစ်ပြီး လူတိုင်း သမ္မတဖြစ်ခွင့်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါတယ်လို့ သူမက ပြောပါတယ်။

သူမဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြဒိဿပြည်နယ်ရှိ စန်သဲလ်အမည်ရှိ လူမျိုးစုတခုကနေ မွေးဖွားခဲ့သူဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ သမ္မတရာထူးဟာ ဂုဏ်ထူးဆောင်ရာထူးမျိုးသာဖြစ်ပေမယ့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာချိန်မှာ အရေးပါအရာရောက်တဲ့ ရာထူးမျိုးဖြစ်ပါတယ်။

အာဏာရ ဘီဂျေပီပါတီကိုယ်စားပြုပြီး သမ္မတတဦးရွေးချယ်တင်မြှောက်နိုင်ခဲ့တာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ လူမျိုးစုတွေရဲ့ ထောက်ခံမဲတွေရရှိဖို့ ဘီဂျေပီပါတီက မျှော်လင့်နေပါတယ်။

Ref: BBC
Photo:Mint
#voiceofmyanmar #vom #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW