အီရတ်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာက ပါလီမန်ကို ၀င်ရောက်စီးနှင်း

ဘဂ္ဂဒက်၊ ဇူလိုင်-၂၈-၂၀၂၂
မျိုးဆက်(VOM)

အီရတ်နိုင်ငံမှာ ထောင်ပေါင်းပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘဂ္ဂဒက်မြို့ရှိ လုံခြုံရေး တင်းကြပ်တဲ့ နေရာကို ချိုးဖောက်၀င်ရောက်ပြီး ပါလီမန်အဆောက်အအုံကို ဇူလိုင် ၂၇ ရက်မှာ ၀င်ရောက်စီးနှင်းခဲ့ကြပါတယ်။

ဘာသာရေးခေါင်းဆောင် မက်တာဒါအယ်လ်ဆာဒါကို ထောက်ခံသူတွေဟာ ၀န်ကြီးချုပ်အဖြစ် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတဦးကို အမည်စာရင်းတင်သွင်းခြင်းအပေါ် ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မစ္စတာဆာဒါရဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့ဟာ အောက်တိုဘာလမှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့ပေမယ့်လည်း နိုင်ငံရေးအကျပ်အတည်းကြောင့် အာဏာရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

နိုင်ငံရဲ့ ပြိုင်ဘက်နိုင်ငံရေးအုပ်စုများအကြား အငြင်းပွားမှုတွေကြောင့် အစိုးရသစ်ဖွဲ့စည်းရေး အတားအဆီးတွေဖြစ်ပေါ်နေပြီးနောက် ကိုးလအကြာမှာယခုကဲ့သို့ မငြိမ်မသက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်းခဲ့ပြီး အခင်းဖြစ်ပွားချိန်မှာ ပါလီမန်အတွင်း၌ လွှတ်တော်အမတ်တွေရှိမနေခဲ့ပါဘူး။

ပါလီမန်ကို၀င်စီးပြီး ခုံတွေပေါ်မှာ သီချင်းဆို ကခုန်နေကြတဲ့ ဆန္ဒပြသူတွေကို အဆောက်အအုံအတွင်းကနေ ထွက်ခွာကြဖို့ လက်ရှိ၀န်ကြီးချုပ် မူစတာဖာအယ်လ်ကာဒီမီက တိုက်တွန်းပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images/Reuters
#voiceofmyanmar #VOM #ဘဂ္ဂဒက်

Related posts

Leave a Comment

VOM News

FREE
VIEW