ရန်ကုန်က မြို့နယ်တချို့မှာ လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ လုပ်သူ ဆယ်ဦးနဲ့အထက်ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၁၊၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲပါဝင်သူ ဆယ်ဦးနဲ့အထက် ဖမ်းဆီးခံခဲ့ရတယ်လို့ သက်ဆိုင်တဲ့မြို့နယ်တွေဆီက သိရပါတယ်။

ကမာရွတ်၊ ပုဇွန်တောင်၊ လှိုင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်တွေမှာ မနေ့ဇူလိုင်၃၁ရက်မနက်ပိုင်းကနေ ညအထိ ဖမ်းဆီးခံရသူဆယ်ဦးနဲ့အ
ထက်ရှိတယ်လို့ ဖမ်းဆီးခံရတဲ့မြို့နယ်တွေဆီက သိရပါတယ်။

ဗဟန်းမြို့နယ် ဆရာစံနောက်‌မြောက်ရပ်ကွက်မှာ မနေ့ည၁၂ နာရီလောက်က မော်လမြိုင်လမ်းထဲမှာ အိမ်စီးကားတစီးနဲ့ အရပ်ဝတ်များဝတ်ဆင်ထားသူတွေက လူငယ်တ
ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

လှိုင်မြို့နယ် ၇ ရပ်ကွက်က လမ်းအချို့မှာလည်း စစ်တပ်နဲ့ရဲတွေက မနေ့ညခြောက်နာရီကျော်က စစ်ကားသုံးစီးနဲ့လာရောက်ကာ လူငယ်ရှစ်ဦးခန့်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“စစ်ကားတွေဝင်လာပြီး ဖုန်းတွေစစ်တယ် ခေါင်းပေါ်လက်တင်ထားပြီး ထိုင်ခိုင်းထားတယ် ကျောင်းကုန်း ၃ လမ်းနဲ့သံလမ်းဘက်မှာ အနိမ့်ဆုံးရှစ်ဦး အဖမ်းခံရတယ်”လို့ပြောပါတယ်။

ဒီလိုဖမ်းဆီးတာတွေအပြင် လူထုသစ္စာ
အဓိဋ္ဌာန်ပြုပွဲမှာ ပါဝင်ကာ ကားဟွန်းကိုအချိန် ကြာမြင့်စွာတီးခဲ့တဲ့ ပုဇွန်တောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ဇီဇဝါလမ်းနဲ့ မြောင်းကြီးလမ်းထောင့်က အငှားယာဥ်မောင်းတစ်ဦးကို စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဒါ့အပြင် မနေ့မနက်ပိုင်းက ကမာရွတ်မြို့နယ် ၃ ရပ်ကွက် ပေ ပေ ၅၀ လမ်း(စျေးလမ်း)မှာ အမျိုးသားတဦးနဲ့ စျေးသည်လင်မယားနှစ်ဦးကို သံပုံးတီးလို့ ဖမ်းဆီးခဲ့သလို စက်ဘီးနင်းလာတဲ့လူငယ်တဦးကိုလည်း လှည့်ကင်းကားတွေက ဖမ်းဆီးခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတဦးကပြောပါတယ်။

“ပေ ၅၀ စျေးလမ်းမှာက သုံးယောက် စံရိပ်ငြိမ်ဂမုန်းပွင့်ရှေ့မှာက တစ်ယောက် အားလုံးပေါင်း လေးယောက်”လို့ သူကရှင်းပြပါတယ်။

အခြားမြို့နယ်တွေမှာလည်း ဖမ်းဆီးခံရတယ်လို့သတင်းတွေထွက်ခဲ့ပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။

ရန်ကုန်မှာ မနေ့က တောင်ဒဂုံ၊မြောက်ဒဂုံနဲ့သဃ်န်းကျွန်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ #ရန်ကုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW