ပုထိုးလုံး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံက ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၂၀ ကျော်ကို ယောPDF က ပြန်လွတ်ပေး

သြဂုတ် ၊ ၃ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် ၊ ကျောမြို့ဧရိယာမှာရှိတဲ့ ပုထိုးလုံး သဘာဝ ဓာတ်ငွေ့သုံး ၁၂ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်ပေး စက်ရုံကနေ ဖမ်းဆီးခံလိုက်ရတဲ့ စက်ရုံ ဝန်ထမ်း ၂၀ ကျော်ကို ယော PDF အဖွဲ့က မနေ့ သြဂုတ် ၂ ရက်မှာ ပြန်လွတ်ပေးလိုက်လို့ လွတ်လာကြတယ်လို့ ကျောမြို့ခံတွေဆီက သိရပါတယ်။

.” အဖမ်းခံရတဲ့ စက်ရုံဝန်ထမ်းက ၂၄ ယောက်ဖြစ်တယ် ၊ အဲ့ဒီအထဲက ဝန်ထမ်း ၂၃ ယောက်ကို မနေ့ မနက်ပိုင်းက ပြန်လွှတ်ပေးတယ် ၊ စက်ရုံးမှူး ဦးမင်းအောင် ကတော့ သူ့တို့ဖမ်းထားမြဲဖြစ်ပြီး ထိပ်တုံးခတ်ထားတာ ” လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖမ်းဆီးခံရတဲ့ စက်ရုံဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က အဖမ်းခံရတာလို့ သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ကျောမြို့ရှိ ပုထိုးလုံး သဘာဝ ဓာတ်အားပေး စက်ရုံကို ဇူလိုင် ၂၈ ရက်က ယောPDFရဲ့ YDF တပ်ရင်း (၁၂) က ဝင်ရောက်စီးနင်းခဲ့ပြီး စက်ရုံထဲက ကားလေးစီးနဲ့ သေနတ်အတိုတစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။

အဲ့ဒါအပြင် စက်ရုံ ဝန်ထမ်းတွေနဲ့ စက်ရုံ အင်ဂျင်နီယာမှူး ဦးမင်းအောင် အပါအဝင် ဝန်ထမ်း ၂၄ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ကယားပြည်နယ်ဘက်မှာ လျှပ်စစ် မဟာဓာတ်အားလိုင်း တာဝါတိုင် ပညာရှင်တွေနဲ့ အလုပ်သမား ဝန်ထမ်း ၃၀ နီးပါးကို အခုလို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူတချို့ကို ပြန်လွတ်ပေးခဲ့တာ ရှိခဲ့ပေမယ့် မလွတ်ပဲကျန်နေခဲ့တဲ့ သူတွေရဲ့ အခြေအနေကတော့ ဒီကနေ့အထိ နောက်ဆက်တွဲ ဘာမှ မကြားရတော့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုထိုးလုံး သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံ #ဖမ်းဆီးသွားတဲ့ ဝန်ထမ်း၂၀ကျော်ကိုယောPDFပြန်လွတ်ပေး #ကျော #ဂန့်ဂေါခရိုင်

Related posts

Leave a Comment

VOM News

FREE
VIEW