ယူကရိန်းမှာ နျူကလီးယားဘေးအန္တရာယ် အမှန်တကယ်ရှိနေကြောင်း အိုင်အေအီးအေ သတိပေး

ကိယက်ဗ်၊ သြဂုတ်-၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းရှိ Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံအနီးမှာ စစ်ရေးလုပ်ဆောင်မှုမှန်သမျှကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်က တိုက်တွန်းလိုက်ပြီး နျူကလီးယားဘေးအန္တရာယ် အမှန်တကယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

ဥရောပရဲ့အကြီးဆုံး Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံမှာ ပစ်ခတ်တိုက်ခိုက်မှု သတင်းတွေအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အိုင်အေအီးအေ အကြီးအကဲ ရာဖေးလ်မာရီယာနိုဂရော့ဆီက ပြောပါတယ်။

စက်ရုံကို ဦးတည်တိုက်ခိုက်မှု သို့မဟုတ် စက်ရုံကနေပစ်ခတ်မှုမှန်သမျှဟာ နျူကလီးယားဘေးအန္တရာယ်ဖြစ်နိုင်ခြေကို မီးနဲ့ကစားနေသလိုဖြစ်နေတယ်လို့ သူကသတိပေးပြောဆိုပါတယ်။

ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စက်ရုံအဆောက်အဦးရဲ့ အစိတ်အပိုင်းတွေ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း ယူကရိန်းဘက်ကပြောပါတယ်။ အဲဒီနျူကလီးယားစက်ရုံကို မတ်လအတွင်းမှာ ရုရှားက သိမ်းယူခဲ့တာဖြစ်ပါတယ်။

ရုရှားဟာ စက်ရုံကို စစ်အခြေစိုက်စခန်းသဖွယ်အသုံးပြုနေပြီး အဲဒီနေရာကနေ အရပ်ဘက်ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေကာ အကြမ်းဖက်နည်းဗျူဟာကို အသုံးပြုနေကြောင်း ယူကရိန်းက စွပ်စွဲထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW