ကွန်ဂိုမှာ အကျဉ်းထောင်ကို သူပုန်တွေတိုက်ခိုက်မှု အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်နေ

ကင်ရှာဆာ၊ သြဂုတ်-၁၁-၂၀၂၂
မျိုးဆက်(VOM)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ လက်နက်ကိုင်သူပုန်တွေက အကျဉ်းထောက်ကို တိုက်ခိုက်ခဲ့မှုကြောင့် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၈၀၀ ကျော်ကို ရှာဖွေလျှက်ရှိကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ကီဗူပြည်နယ်ရှိ ကာကွမ်ဂူရာဗဟိုအကျဉ်းထောင်အား လက်နက်ကိုင်သူပုန်တွေက တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့၀င်နှစ်ဦးလည်း သေဆုံးသွားကြောင်း ကွန်ဂိုစစ်တပ်နဲ့ အခြားသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၅၀ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အေဒီအက်ဖ်အဖွဲ့တွေ တိုက်ခိုက်မှုကြောင့် လွတ်မြောက် သွားသူတွေထဲမှာ သူပုန်ခေါင်းဆောင်တဦးလည်း ပါ၀င်ပါတယ်။

လက်နက်ကိုင်သူပုန် ၈၀ ခန့်ဟာ အကျဉ်းထောင်ကို တစ်နာရီ မိနစ် ၃၀ ကြာတိုက်ခိုက်မှုအတွင်း သူတို့အဖွဲ့မှ အဖွဲ့၀င် အမျိုးသမီး ၁၂ ဦးအပါအ၀င် အခြားအကျဉ်းသားအများအပြား လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ကွန်ဂိုစစ်တပ် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

လက်နက်ကိုင်အဖွဲ့မှ သုံးဦးဟာ ဒေသခံတွေရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။ အဲဒီအဖွဲ့ဟာ ကွန်ဂိုအရှေ့ပိုင်းမှာ လူပေါင်းများစွာကို သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကင်ရှာဆာ

Related posts

Leave a Comment

VOM News

FREE
VIEW