နီပြာတံ … ၊ ဂယ်လီပရု(ပ်) နှင့် သိမ်မွေ့ ခိုင်မာသော သတင်းစာဆရာ အယ်ဒီတာ

ဆူးငှက် တကယ်တော့ ကျွန်တော်က လူထုသတင်းစာကိုကောင်းကောင်းမမီပါ။ လူထုသတင်းစာက ၁၉၆၇ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့မှာ ရပ်စဲသွားသည်မို့ ထိုစဉ်က ကျွန်တော်အသက်ရှိလှ (၇)နှစ်၊(၈)နှစ်ပေါ့…။ဆော့ကောင်း ကစားကောင်းတုန်း အရွယ်ပေါ့။ ဒါပေမဲ့ အဖေနှင့်ရေစက်ရုံကြီးအနား (ယခု ဗဟိုမီးသတ်)က ဦးကြီးတို့အိမ်သို့ ဥပုသ်နေ့ အလည်အပတ်သွားလျှင်ဖြင့် ဦးကြီးတို့ ဧည့်ခန်းစားပွဲပေါ်မှာ လူထုသတင်းစာကို တွေ့ဖူးနေခဲ့သည်။လေး ငါး ခြောက်နှစ်သား ကျွန်တော့်အရွယ်နှင့် ထိုစဉ်က လူထုသတင်းစာဆိုဒ်(ယခုထွက်နေသောသတင်းစာများအရွယ်၏ ၂ဆ )ဘယ်လိုမှ ကိုင်၍ဖတ်မရနိုင်လေတော့။ စားပွဲပေါ်တင်ထားသည့် သတင်းစာခေါက်အတိုင်း မျက်နှာဖုံး၊ကျာဖုံးအခြမ်းတွေလောက်သာ ကြည့်နိုင်ခဲ့သည်။ မှတ်မိနေတာကတော့ အခါကြီး ရက်ကြီးများ (သင်္ကြန်၊ ကဆုန်လပြည့်၊ ဓမ္မာစကြာနေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့…စသည်)နှင့် ဂဇက်ဝင်ရက်များ(တော်လှန်ရေးနေ့၊မဒေးနေ့၊အာဇာနည်နေ့၊ဟီးရိုရှီးမားနေ့၊ လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့ …စသည်)တွင် လူထုသတင်းစာမျက်နှာဖုံးက ရောင်စုံပန်းချီကားများဖြင့် သရုပ်ဖော်လေ့ရှိခြင်းဖြစ်သည်။ ကျွန်တော်က လူထုသတင်းစာကို မျက်နှာဖုံးပန်းချီများအပေါ် စွဲမက်မှုအခန်းကဏ္ဍနှင့်ပဲ မှတ်မိနေ၏။ အတွင်းက သတင်းတွေ၊ဆောင်းပါးတွေ၊ ဝေဖန်ရေးတွေဆိုသည်ကနောက်…

Read More

ဆိုမာလီရှိ ဟိုတယ်ကို စစ်သွေးကြွတွေ နာရီ ၃၀ ကြာစီးနှင်းတိုက်ခိုက်မှု လူ ၁၂ ဦးသေဆုံး

မိုဂါဒစ်ရှူး၊ သြဂုတ်-၂၁-၂၀၂၂ မျိုးဆက်(VOM) ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးမှာရှိတဲ့ ဟိုတယ်တခုကို အယ်လ်ရှာဘတ်စစ်သွေးကြွတွေက နာရီ ၃၀ ကြာ စီးနှင်းထားမှုကို ခြေမှုန်းနိုင်ခဲ့ပြီလို့ ဆိုမာလီယာစစ်တပ်က ပြောပါတယ်။ အဲဒီစီးနှင်းတိုက်ခိုက်မှုအတွင်း လူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။ စစ်သွေးကြွတွေဟာ ဟိုတယ်ထဲကို ဖောက်ခွဲရေးပစ္စည်းတွေ ဖောက်ခွဲပြီး သောကြာနေ့ကတည်းက ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟိုတယ်လာဧည့်သည်တွေနဲ့ ၀န်ထမ်းတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း အယ်လ်ခိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ အယ်လ်ရှာဘတ်စစ်သွေး ကြွအဖွဲ့က ထုတ်ပြန်ထားပါတယ်။အဲဒီဟိုတယ်ဟာ ဆိုမာလီအစိုးရတာ၀န်ရှိသူတွေ လာရောက်လေ့ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။ စစ်သွေးကြွတွေ ဟိုတယ်ကိုစီးနှင်းထားတာကို အဆုံးသတ်နိုင်ခဲ့ပြီး သေနတ်သမားတွေအားလုံးလည်း သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ တာ၀န်ရှိသူတဦးက အေအက်ဖ်ပီကို ပြောပါတယ်။ သောကြာနဲ့ စနေနေ့ နှစ်ရက်စလုံး စစ်သွေးကြွတွေကိုခြေမှုန်းနိုင်ဖို့အတွက် ဆိုမာလီစစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့ရတာကြောင့် ဟိုတယ်ကတော့…

Read More

ရုရှားသမ္မတပူတင်ရဲ့ မဟာမိတ်ဖြစ်သူရဲ့သမီး ကားဗုံးခွဲခံရပြီး သေဆုံး

မော်စကို၊ သြဂုတ်-၂၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ရဲ့ မဟာမိတ်တဦးဖြစ်သူရဲ့ သမီး ရုရှားနိုင်ငံ မော်စကိုမြို့အနီးမှာဖြစ်ပွားခဲ့တဲ့ ကားဗုံးကွဲမှုကြောင့် သေဆုံးသွားပါတယ်။ သေဆုံးသူ ဒါယာဒူဂင်နာဟာ နေအိမ်ကိုကားမောင်းပြန်လာစဉ် သူမရဲ့ကား ပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ သမ္မတပူတင်ရဲ့ ဦးနှောက်လို့ လူသိများတဲ့ သေဆုံးသူရဲ့ဖခင် ရုရှားဒဿနပညာရှင် အလက်ဇန္ဒားဒူဂင်ကတော့ ဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်တယ်လို့ ယူဆနေပါတယ်။ မစ္စတာဒူဂင်ဟာ အစိုးရအဖွဲ့မှာ တရား၀င်ရာထူး ရယူထားတာမရှိပေမယ့်လည်း ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့မဟာမိတ်တဦးဖြစ်ပြီး ထင်ရှားတဲ့ အမျိုးသားရေးဝါဒီတဦးလည်း ဖြစ်ပါတယ်။ သားအဖနှစ်ဦးဟာ စနေနေ့ညနေက အခမ်းအနားတခုကနေ ကာတစီးထဲအတူထွက်ခွာလာခဲ့ပြီး နောက်ပိုင်းမှာတော့ မစ္စတာဒူဂင်က သမီးဖြစ်သူနဲ့ လမ်းခွဲပြီး သီးခြားပြန်ခဲ့တာဖြစ်တယ်လို့ ရုရှားသတင်းဌာနတခုဖြစ်တဲ့ 112 က ဖော်ပြထားပါတယ်။ အသက် ၃၀ အရွယ် သေဆုံးသွားတဲ့ ဒါယာဒူဂင်နာဟာ ယူကရိန်းကို ရုရှားကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ သတင်းမှားတွေဖြန့်ဝေမှုကြောင့် အမေရိကန်နဲ့ဗြိတိန်တို့က…

Read More

ညောင်ဖြူပင်ရဲစခန်း ပစ်ခတ်ခံရမှုမှာ စခန်းမှူး သေဆုံး

သြဂုတ် ၂၁ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ကြား ၊ ညောင်ဖြူပင်ကျေးရွာမှာရှိတဲ့ ၊ ညောင်ဖြူပင် နယ်မြေရဲကင်းစခန်းဟာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ် တိုက်ခိုက်ခံရပြီး စခန်းမှူးသေဆုံးခဲ့တယ်လို့ ညောင်ဖြူပင်ရွာခံတွေဆီက သိရပါတယ်။ ” မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ရဲကင်းစခန်းကို ကားနဲ့လာပြီး အနီးကပ် ပစ်သွားတယ်၊ အပြန်အလှန်ပစ်ကြတာပါ ၊ အချိန်အနည်းငယ်ကြာတယ် ၊ ရဲစခန်းဘက်က လူသေဆုံးတာရှိတယ်၊ လူနာတင်ကားတွေ သွားလာတာမြင်ရတယ် ” လို့ ညောင်ဖြူပင်ရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ မုံရွာမြို့နယ် ရဲအသိုင်းအဝိုင်းက ” အရင်ခရိုင်ရုံးမှာ CRO တာဝန်ထမ်းဆောင်သွားတဲ့ ရဲအုပ် အောင်မျိုးဟာ အဲ့ဒီ ညောင်ဖြူပင် စခန်းမှူးလုပ်နေတာ ၊ သူ့ရောက်မှ တိုက်ခိုက်ခံရတာ…

Read More

တရုတ်ကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းမြှင့်တင်ဖို့ တာဝေးပစ်ခရုဇ်ဒုံးကျည် အစင်း ၁၀၀၀ ဖြန့်ကြက်ဖို့ ဂျပန်စီစဉ်နေ

တိုကျို၊ သြဂုတ်-၂၁-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ တရုတ်ကိုတန်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် တာဝေးပစ်ခရုဇ်ဒုံးကျည် အစင်း ၁၀၀၀ ကိုဖြန့်ကြက်ဖို့ စဉ်းစားနေကြောင်း ဂျပန်အခြေစိုက် ယိုမီယူရီသတင်းစာက သြဂုတ် ၂၁ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ အဲဒီဒုံးကျည်တွေဟာ ရှိပြီးသားဒုံးကျည်တွေကို အကွာအဝေး ကီလိုမီတာ ၁၀၀ ကနေ ၁၀၀၀ ထိပစ်ခတ်နိုင်စွမ်းရှိအောင် ပြုပြင်ထားတဲ့ ဒုံးကျည်တွေဖြစ်ကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အဲဒီသတင်းစာက ဖော်ပြထားပါတယ်။ သင်္ဘော သို့မဟုတ် လေယာဉ်တွေပေါ်ကနေ ပစ်ခတ်နိုင်တဲ့ အဲဒီဒုံးကျည်တွေကို နိုင်ငံတောင်ပိုင်း နန်ဆိုင်ကျွန်းစုအနီးမှာ ဖြန့်ကြက်သွားဖွယ်ရှိပြီး မြောက်ကိုရီးယားနဲ့ တရုတ်ကမ်းရိုးတန်းဒေသတွေထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေကတော့ ချက်ချင်းမှတ်ချက်ပြုပြောဆိုခြင်း မရှိသေးပါဘူး။ စစ်ပြီးခေတ်အခြေခံဥပဒေအရ နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ကိုအသုံးပြုခွင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ ဂျပန်နိုင်ငံဟာ သူ့ရဲ့စစ်အသုံးစရိတ်ကိုမြှင့်တင်ခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း စစ်ရေးနဲ့ပတ်သက်ပြီး ပိုမိုခိုင်မာတဲ့မဟာဗျူဟာတရပ် ချမှတ်လုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း…

Read More

ဟင်္သာတမှာ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ ဗုံးထပေါက်လို့ အမျိုးသား ၂ ဦးသေဆုံး

သြဂုတ်၊၂၁ -၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ၊ ဒူးယားကျေးရွာနဲ့ လက်ပံစုကျေးရွာအနီးမှာ မနေ့ သြဂုတ် ၂၀ရက် ည ၈ နာရီကျော်ခန့်က မောင်းလာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟင်္သာတမြို့ဘက်ကနေမောင်းလာတဲ့ ဆိုင်ကယ် ၁ စီးဟာ ဟင်္သာတမြို့နယ် ၊ ဒူးယားကျေးရွာနဲ့ လက်ပံစု ကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား ၁ ဦးနဲ့ အနောက်ကလိုက်လာတဲ့ အမျိုးသား ၁ ဦးတို့ ဗုံးပေါက်ကွဲတဲ့ အခင်းဖြစ်ပွားရာ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာလို့သိရပါတယ်။ ”အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦး မောင်းလာတဲ့ ဆိုင်ကယ်ကနေ ဗုံးထပေါက်ကွဲတာ ၊ အခင်းဖြစ်ပွားရာနေရာမှာပဲ အမျိုးသား ၂ ဦးပွဲချင်းပြီး…

Read More

သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာကြီး မောင်သစ်လွင်(လူထု)ကွယ်လွန်

သြဂုတ် ၂၁-၂၀၂၂ Voice Of Myanmar သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာကြီး မောင်သစ်လွင်(လူထု)ဟာ မနေ့ သြဂုတ် ၂၀ရက် ညနေ၄နာရီက မန္တလေးမြို့မှာ ကွယ်လွန်ခဲ့တယ်လို့ စာရေးဆရာအသိုင်းအ၀ိုင်းကနေ သိရပါတယ်။ ” ဟုတ်ပါတယ် ဆရာကြီးက မနေ့ကညနေက ကွယ်လွန်သွားပါတယ်၊ စာရေးဆရာတွေရဲ့ လောကအတွက်ရော မန္တလေးအတွက်ပါ အဖိုးတန်တဲ့ဆရာကြီးဖြစ်တဲ့အတွက် အခုလိုဆုံးပါကွယ်လွန်သွားတော့ နှမျှောတသ​ဖြစ်ရပါတယ်”လို့မန္တလေးမြို့ခံစာရေးဆရာက ပြောပါတယ်။ ဆရာကြီး မောင်သစ်လွင်(လူထု)ကို ဒီက​နေ့ သြဂုတ် ၂၁ရက် နေ့လယ် ၂နာရီမှာ အမရပူရမြို့နယ်၊ နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်ကနေ တောင်အင်းမြောက်အင်သုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆရာကြီးဟာ ၁၉၃၄ခုနှစ်က ချောက်ရေနံမြေသပိတ်မိဘတွေက မွေးဖွားခဲ့သူဖြစ်ပြီး ဘီအိုစီကဖွင့်ခဲ့တဲ့ မူလတန်ကျောင်းမှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း စစ်ပြေးရင်း စာသင်ခဲ့ရသူဖြစ်ပြီး ၁၉၄၆ ခုနှစ် တပြည်လုံးအထွေထွေသပိတ်မှောက်တဲ့အခါ ကျောင်းသားသမဂ္ဂအနေနဲ့ပါ၀င် လှုပ်ရှားခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်…

Read More

တန့်ဆည်နယ်မှာ ၁၈ လအတွင်း လူနေအိမ် ၁ ထောင်ကျော် မီးရှို့ဖျက်ဆီးခံရ

သြဂုတ် ၊ ၂၁ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ရေဦး ခရိုင် ၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၁၈ လ အတွင်း လူနေအိမ် ၁ ထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး ၊ အိမ်ခြေ ၃ ရာကျော် ရိုက်ချိုးဖျက်ဆီးခံထားရတယ်လို့ တန့်ဆည်ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပျက်စီးဆုံးရှုံးရတဲ့ ရွာပေါင်းက ၄၈ ရွာ ၊ မီးလောင်ပျက်စီး အိမ်ခြေက ၁၂၈၂ အိမ် ၊ ရိုက်ချိုးဖျက်စီးခံရတဲ့ အိမ်ပေါင်း ၃၀၆ အိမ် ဖြစ်တယ် ၊လက်တလော အိမ်ခြေယာမဲ့ မိသားစု ၁ ထောင်ကျော်နဲ့ ၊ လူဦးရေ ၇ ထောင်နီးပါးရှိတယ် ၊ အဲ့ဒီအရေအတွက်က ပြီးခဲ့တဲ့ ၂၀၂၁ ၊ မေလကနေ ဒီနှစ်…

Read More
VOM News

FREE
VIEW