တန့်ဆည်နယ်မှာ ၁၈ လအတွင်း လူနေအိမ် ၁ ထောင်ကျော် မီးရှို့ဖျက်ဆီးခံရ

သြဂုတ် ၊ ၂၁ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ရေဦး ခရိုင် ၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၁၈ လ အတွင်း လူနေအိမ် ၁ ထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး ၊ အိမ်ခြေ ၃ ရာကျော် ရိုက်ချိုးဖျက်ဆီးခံထားရတယ်လို့ တန့်ဆည်ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပျက်စီးဆုံးရှုံးရတဲ့ ရွာပေါင်းက ၄၈ ရွာ ၊ မီးလောင်ပျက်စီး အိမ်ခြေက ၁၂၈၂ အိမ် ၊ ရိုက်ချိုးဖျက်စီးခံရတဲ့ အိမ်ပေါင်း ၃၀၆ အိမ် ဖြစ်တယ် ၊လက်တလော အိမ်ခြေယာမဲ့ မိသားစု ၁ ထောင်ကျော်နဲ့ ၊ လူဦးရေ ၇ ထောင်နီးပါးရှိတယ် ၊ အဲ့ဒီအရေအတွက်က ပြီးခဲ့တဲ့ ၂၀၂၁ ၊ မေလကနေ ဒီနှစ် သြဂုတ်အထိ လက်လှမ်းမှီသလောက် ပြုစုကောက်ယူထားတဲ့ အရေအတွက်ဖြစ်တယ် ၊ မြေပြင်အခြေအနေက ဒိထက်ပိုနိုင်တာကြောင့် ကွာဟတာ အနည်းငယ် ရှိနိုင်တယ် ” လို့ တန့်ဆည်နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ကာပေါင်းကျကျေးရွာမှာ ၁၁ ကြိမ် ဝင်ရောက်ဖျက်ဆီးခံရပြီး မီးလောင်ပျက်စီးအိမ် ၁၁၆အိမ် ၊ ဖျက်ဆီးခံရတဲ့ အိမ်ခြေ၁၁၄ အိမ်၊ ကျီကုန်းကျေးရွာမှာက ၂၄ အိမ် ၊ ပုတီး ကျေးရွာက ၁၈ အိမ် မီးလောင် ၊ ဖျက်ဆီးခံရတာက ၂၇ အိမ် ၊ စည်သာကျေးရွာမှာ ဖျက်ဆီးခံရတဲ့အိမ် ၇ အိမ် ၊လိပ်ခြံကျေးရွာမှာ ဖျက်ဆီးခံရတာက ၉ အိမ် ၊ ပေချောင် ကျေးရွာမှာက အိမ် ၅ လုံး မီးရှို့ခံရ၊ ထန်းကုန်းကြီးကျေးရွာမှာက အိမ် ၁ လုံး မီးရှို့ခံရ ၊ ခရုတောကျေးရွာမှာက အိမ် ၁၅ လုံး မီးရှို့ခံရကာ ဖျက်ဆီးခံရတာ အိမ် ၁ လုံးရှိတယ် လို့ ပြောပါတယ်။

ဒါ့အပြင် ရွာရှည်မြောက်ကျေးရွာမှာ မီးရှို့ခံရတဲ့နေအိမ် ၇၅ အိမ် ၊ ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၂၀ ၊ ထန်းပင်ဆိပ်ကျေးရွာမှာက မီးရှို့ခံရတဲ့အိမ် ၈၃ အိမ်၊ ဖျက်ဆီးခံရတဲ့အိမ် ၅ လုံး ၊ ဖလံချိုင်ကျေးရွာမှာ မီးရှို့ခံရတဲ့အိမ် ၃ အိမ်၊ ချောင်းဆုံးတောင်ရွာ မှာမီးရှို့ခဲရတဲ့အိမ် ၈၉ အိမ် ၊ ကုန်းအိုင်ကျေးရွာမှာ မိးရှို့ခံရတဲ့အိမ် ၃၀ အိမ် ၊ မူးခွကျေးရွာမှာ မီးရှို့ခံရတဲ့အိမ် ၂ အိမ် ၊ ဖျက်ဆီးခံရတာ ၁၂ အိမ် ၊ ကျွန်းလည်ကျေးရွာမှာ မီးရှို့ခံရတဲ့အိမ် ၅ အိမ် နဲ့ ၃၃ အိမ် ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ် ။

အဲ့ဒီနောက် အင်ပင်သာကျေးရွာမှာက အိမ်ခြေ ၄၀ မီးရှို့ခံရတယ် ၊ ရွှေကျင်ရွာမှာက ၃၃ အိမ် မီးရှို့ခံရပြီး ၂ အိမ်ဖျက်ဆီးခံရတယ် ၊ အကုက္ကားကျေးရွာ မီးရှို့ခံရတာ ၂ အိမ်ရှိတယ် ၊ ကပဲကျေးရွာမှာက ၈ အိမ် မီးရှို့ခံရပြီး ၊ အိမ်ခြေ ၄၀ ဖျက်ဆီးခံရတယ် ၊ ဘေယင်းကျေးရွာမှာက ၁၀ အိမ်ဖျက်ဆီးခံရပြီး ၊ ၁ အိမ် မီးရှို့ခံရတယ် ၊ မြောက်အင်းရွာမှာက ၂၃ အိမ် မီးရှို့ခံရတယ် ၊ ကမ်းဖြူမြောက်ရွာမှာက ၃ အိမ်မီးရှို့ခံရပြီး ၇ အိမ်ဖျက်ဆီးခံရတယ် ၊ စိမ်းစားကျေးရွာမှာက ၅၃ အိမ်မီးရှို့ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် ချောင်းရိုးကျေးရွာမှာက မီးရှို့ဖျက်ဆီးခံရတာက ၂၁၄ အိမ် ၊ ငါးရငယ်ကျေးရွာမှာက ၆ အိမ် မီးရှို့ခံရတယ် ၊ ကမ်းဖြူမြောက်ရွာမှာက ၃ အိမ်မီးရှို့ခံရပြီး ၊ ၇ အိမ်ဖျက်ဆီးခံရတယ် ၊ သာကေတကျေးရွာမှာက ၁ အိမ် မီးရှို့ခံရတယ် ၊ ဂရိတ်ကျေးရွာမှာက ၁၈ အိမ် မီးရှို့ခံရပြီး ၊ ၃ အိမ် ဖျက်ဆီးခံရတယ် ၊ တောကျင်ကျေးရွာမှာက ၅၂ အိမ်မီးရှို့ခံရပြီး ၊ ၇ အိမ်ဖျက်ဆီးခံရတာဖြစ်ပါတယ်။

အဲ့ဒီနောက် ကြောင်ဆင်းအိုင်ကျေးရွာမှာက ၃ အိမ် ၊ ကန်လေးကုန်းကျေးရွာမှာက ၃၅ အိမ် ၊ လက်ဆယ်ကျေးရွာ ၅ အိမ် ၊ အင်တောရိုးကျေးရွာမှာက ၁၂ အိမ် ၊ ရေရှင်ကုန်း ရွာမှာက ၃၈ အိမ် ၊ မြေခုရွာက ၄၆ အိမ် ၊ ကျက်ဆူကန်ရွာမှာက ၃ အိမ် ၊ ဖန်းခါးစင်ရွာက ၁၅ အိမ် ၊ တပ်ကုန်းရွာမှာက ၉ အိမ် ၊ နားဋောင်းကျရွာမှာက ၁ အိမ် ၊ ကျွန်းနောကုန်းရွာမှာက ၆ အိမ် ၊ အောင်ချမ်းသာရွာမှာက ၁၀၃ အိမ် ၊ ဆင်ငယ်ရွာမှာက ၁၃ အိမ် ၊ လမ်းဆုံမှာက စျေးဆိုင်ခန်း ၃၉ ခန်း ၊ ရွာမုံတောင်ရွာမှာက ၁၀ အိမ် ၊ ကံပေါက်ရွာမှာက ၇ အိမ် ၊ ကိုးတောင်ဘို့ရွာမှာက ၁၂ အိမ် ၊ ရွာသစ်ကွာမှာက ၊ ၁အိမ် ၊ ဗျတ်ကြီးရွာမှာက ၁ အိမ် ၊မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။

အဲ့ဒီ မီးရှို့ခံရလို့ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ ဖျက်ဆီးခံရလို့ ပျက်စီးသွားတဲ့ အိမ်တွေဟာ ၁၈ လအတွင်း ထိတွေ့တိုက်ပွဲပဋိပက္ခတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးဘေးဒုက္ခသည် မိသားစု ၁ ထောင်ကျော်ဟာလည်း ရွာကို ပြန်မလာရဲတာကြောင့် နီးစပ်ရာ တောတိုက်တွေ ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW