မဏီပူရ်ပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာ ၅ ဦးကို အိန္ဒိယရဲက ဖမ်းဆီး

သြဂုတ် ၁၀-၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ ချာချန်ပူရ် ( Churachandpur) ခရိုင် ၊ နဂထွယ် ( Ngathal )ရွာက နေအိမ်တခုမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို မဏိပူရ်အာဏာပိုင်တွေက မနေ့ သြဂုတ် ၉ ရက်က ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယနိုင်ငံရောက် မြန်မာအရေးကို ကူညီပေးနေတဲ့ မိုးရေးမြို့ခံ မြန်မာတွေဆီက သိရပါတယ်။ ” အဖမ်းခံရတာက မြန်မာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်တယ် ၊ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ထုတ်ဖော်ပြောဖို့ အချိန်စောသေးတယ် “လို့ မိုးရေးမြို့က မြန်မာလုပ်သားအရေးကို ကူညီပေးနေတဲ့ ကုန်သည် ကိုသိန်းမြင့်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာ ၅ ဦးဟာ နေထိုင်ခွင့် စာရွက်စာတမ်း…

Read More

ဒေါ်လာ ရောင်း၊ဝယ်၊လဲလှယ်ခြင်းကို ၀.၃%နဲ့သာ ပြုလုပ်ရမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်

ဩဂုတ် ၁၀-၂၀၂၂ VOM (GG) နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ရောင်းခြင်း ဝယ်ခြင်း ၊ လဲလှယ်ခြင်းတွေကို ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ရည်ညွန်းငွေလဲလှယ်နူန်း ဝ.၃ % ဘောင်အတွင်းကနေသာ အတိုးအလျှော့လုပ် ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြီး အသိပေးပြောဆိုလိုက်ပါတယ်။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ လုပ်ငန်း(AD) တွေ ၊လိုင်စင်ရဘဏ်၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့် (MC)လိုင်စင်ရဘဏ်၊ လိုင်စဉ်ရဘဏ် မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ဖြစ်စေ ၊ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်း ဆောက်ရွက်ခြင်း၊ ငွေလွဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတွေ ပြည်ပကိုနိုင်ငံခြား ငွေလွှဲပြောင်းခြင်းနဲ့ လွှဲပို့ခြင်း​တွေ ဆောင်ရွက်တဲ့အခါမှာ အဲ့ဒီသတ်မှတ်ဘောင်အတွင်းကနေ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ” အရင်ကလည်း အခုလို ဘောင်အတွင်းကရောင်းဖို့ဝယ်ဖို့ ခဏခဏထုတ်ခဲ့တယ်။ ဒေါ်လာစျေးတွေ အခုလိုတက်တဲ့အခါဆို သူတို့ထုတ်တတ်တယ်။ ဒါပေမယ့် အခုလိုထုတ်လည်း…

Read More

ကရိုင်းမီးယားဒေသလွတ်မြောက်မှ စစ်ပွဲအဆုံးသတ်မယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ သြဂုတ်-၁၀-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲဟာ ကရိုင်းမီးယားဒေသကနေ စတင်ခဲ့ပြီး အဲဒီဒေသလွတ်မြောက်မှသာ စစ်ပွဲအဆုံးသတ်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကရိုင်းမီးယားဒေသမှာရှိတဲ့ ရုရှားလေတပ်စခန်းမှာ ပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးပြီးနောက် ယူကရိန်းသမ္မတက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ သမ္မတဇီလန်စကီးဟာ ရုရှားလေတပ်စခန်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆို တာမျိုးမရှိပေမယ့်လည်း ကရိုင်းမီးယားဒေသဟာ ယူကရိန်းပိုင်နက်ဖြစ်ပြီး ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။ လေတပ်အခြေစိုက်စခန်းမှာ လက်နက်ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းကတော့ ဒါဟာသူ့လက်ချက်မဟုတ်ဘူးလို့ ဆိုပါတယ်။ ကရိုင်းမီးယားဒေသကို ယူကရိန်းရဲ့အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် ၂၀၁၄ ခုနှစ်မှာ ရုရှားက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ကျွန်းလှက ​မြို့နယ်ကျန်းမာရေးမှူး အသတ်ခံရတာ အပါအဝင် စစ်ကိုင်းတိုင်းထဲမှာ မနေ့က လူသတ်မှု ၃ ကြိမ်ဖြစ်

သြဂုတ် ၊ ၁၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာ ၊ ကျွန်းလှ ၊ ဝက်လက် စတဲ့ မြိုနယ် ၃ ခုမှာ မနေ့ သြဂုတ် ၉ ရက် ၊ ၁ နေ့ထဲမှာ လူသတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူတွေထဲမှာ ကျန်းမာရေးမှူး ဝန်ထမ်း ၁ ဦးပါဝင်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကျွန်းလှမြို့နယ်က အသတ်ခံရတဲ့ကျန်းမာရေးမှူးက Non CDM ဖြစ်တယ် ၊ ဝက်လက်မြို့နယ်မှာ အသတ်ခံရတဲ့သူက တောင်သူ ဖြစ်တယ် ၊ နောက်ပြီး မုံရွာမှာ အသတ်ခံရသူက သုံးဘီဆိုင်ကယ် အငှားမောင်းတဲ့သူတွေဖြစ်တယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ ဒါ့အပြင် မနေ့က…

Read More

တရုတ်ကိုယှဉ်နိုင်ဖို့ နည်းပညာထုတ်ကုန်တွေအတွက် ဒေါ်လာ ၂၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ့်ဥပဒေ အမေရိကန်ပြဌာန်း

၀ါရှင်တန်၊ သြဂုတ်-၁၀-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဟာ အဆင့်မြင့်နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်ရေးနဲ့ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေအတွက် ဒေါ်လာ ၂၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ့် ဥပဒေတရပ်ကို သမ္မတဂျိုးဘိုင်ဒင်က သြဂုတ် ၉ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အဆင့်မြင့်နည်းပညာနယ်ပယ်မှာ တရုတ်နိုင်ငံထက် ခြေတစ်လှမ်းနောက်ကျနေမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေချိန်မှာ အဲဒီဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှာ ကွန်ပြူတာချစ်ပ်ထုတ်လုပ်ရေး စက်ရုံတွေတည်ဆောက်မယ့် ကုမ္ပဏီတွေအပေါ် အခွန်လျှော့ချမှုတွေလည်းပါ၀င်ပါတယ်။ နည်းပညာထုတ်ကုန်နယ်ပယ်မှာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့လိုအပ်မှုကို ကိုးကားပြီး အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေ ပိုမိုရရှိစေဖို့အတွက် ဒီကိစ္စအပေါ် အမေရိကန်ကုမ္ပဏီတွေက ယခင်ကာလတွေကတည်းက တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေပြဌာန်းမှုကို ဝါရှင်တန်ရှိ တရုတ်သံရုံးက ကန့်ကွက်ပြောဆိုထားပြီး စစ်အေးကာလ စိတ်ဓါတ်မျိုးဖြစ်ကြောင်း ဝေဖန်ပြောဆိုပါတယ်။ အမေရိကန်ဟာ လက်ရှိမှာ ကမ္ဘာတစ်၀န်းရှိ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်ကုန်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပါတယ်။ အဲဒီထုတ်ကုန်တွေထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး…

Read More

မူဆယ်မှာ အကောက်ခွန် အရာရှိ ၁ ဦး အဖမ်းခံရပြီး ၊ ၂ ဦး ပျောက်ဆုံးနေ

သြဂုတ် ၊ ၁၀၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ မှာ တာဝန်ထမ်းဆောင်နေတဲ့ အကောက်ခွန် ဦးစီးအရာရှိ ၁ ဦး အဖမ်းခံရပြီး ၊ ၂ ဦးဟာ အခုလ ၈ ရက်နေ့ကစလို့ ပျောက်ဆုံးနေတယ်လို့ မူဆယ်မြို့ခံ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီလ ၈ ရက်နေ့က စပြီးပျောက်နေတာပါ ၊ ဦးစီးအရာရှိ ဦးအေးစိုးမိုး ဆိုသူကတော့ မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက်မှာရှိတဲ့ ပီတိ လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတာပါ ၊ ကျန် ၂ ဦးကလည်း မူဆယ်မြို့ထဲမှာ အလားတူ ပျောက်နေတာ ” လို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။…

Read More

ယူကရိန်းမှာ နျူကလီးယားဘေးအန္တရာယ် အမှန်တကယ်ရှိနေကြောင်း အိုင်အေအီးအေ သတိပေး

ကိယက်ဗ်၊ သြဂုတ်-၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းရှိ Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံအနီးမှာ စစ်ရေးလုပ်ဆောင်မှုမှန်သမျှကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်က တိုက်တွန်းလိုက်ပြီး နျူကလီးယားဘေးအန္တရာယ် အမှန်တကယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။ ဥရောပရဲ့အကြီးဆုံး Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံမှာ ပစ်ခတ်တိုက်ခိုက်မှု သတင်းတွေအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အိုင်အေအီးအေ အကြီးအကဲ ရာဖေးလ်မာရီယာနိုဂရော့ဆီက ပြောပါတယ်။ စက်ရုံကို ဦးတည်တိုက်ခိုက်မှု သို့မဟုတ် စက်ရုံကနေပစ်ခတ်မှုမှန်သမျှဟာ နျူကလီးယားဘေးအန္တရာယ်ဖြစ်နိုင်ခြေကို မီးနဲ့ကစားနေသလိုဖြစ်နေတယ်လို့ သူကသတိပေးပြောဆိုပါတယ်။ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စက်ရုံအဆောက်အဦးရဲ့ အစိတ်အပိုင်းတွေ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း ယူကရိန်းဘက်ကပြောပါတယ်။ အဲဒီနျူကလီးယားစက်ရုံကို မတ်လအတွင်းမှာ ရုရှားက သိမ်းယူခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ စက်ရုံကို စစ်အခြေစိုက်စခန်းသဖွယ်အသုံးပြုနေပြီး အဲဒီနေရာကနေ အရပ်ဘက်ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေကာ အကြမ်းဖက်နည်းဗျူဟာကို အသုံးပြုနေကြောင်း ယူကရိန်းက စွပ်စွဲထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM…

Read More

ဧရာဝတီတိုင်းထဲမှာ ပြည်သူ့စစ်လုပ်ဖို့ စာရင်းထဲပါတဲ့လူငယ်တွေ မလုပ်ချင်လို့ထွက်ပြေးနေရ

သြဂုတ် ၉ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက ကျုံပျော်မြိုနယ်အပါအဝင်မြို့နယ်တချို့မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ အမည်စာရင်းပါတဲ့လူငယ်တွေဟာ ပြည်သူ့စစ်မလုပ်ချင်လို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ”ပြည်သူ့စစ်သင်တန်းတက်မယ့်သူတွေစာရင်းကို တပ်ကလာကောက်သွားပြီး အဲ့ဒီသင်တန်းတက်ဖို့ စာရင်းမှာပါတဲ့လူငယ်တွေက အခုထွက်ပြေးကုန်ကြတယ်၊စာရင်းရှိပြီးလူတွေက ပြည်သူစစ်မလုပ်ချင်လို့ မရှိကြတော့လို့ ထွက်ပြေးကုန်ကြတာပါ၊ကျွန်တော်တို့ ကျုံပျော်မြို့နယ်ထဲမှာဆို အင်းရဲမြို့၊အထောင်မြို့၊ရှားခဲကျေးရွာတွေကလူငယ်တွေထွက်ပြေးကုန်ကျတာ၊အုပ်ချုပ်ရေးမှူးတွေစာရင်းကောက်တာမဟုတ်ဘဲ ပြည်သူ့စစ်သင်တန်းတက်ဖို့ အစ်မတို့အိမ်က ဘယ်သူပါတယ်၊ခင်ဗျားတို့အိမ်ကဘယ်သူပါတယ် ဒီလိုအသိပေးတာပဲလုပ်သွားတာ။”လို့ ကျုံပျော်မြို့ခံတယောက်ကပြောပါတယ်။ ကျုံပျော်မြို့နယ်ထဲက ဒေသခံ လူငယ် အယောက် ၃၀ ဟာ သက်ဆိုင်ရာက ခေါ်ယူစာရင်းကောက်ထားတဲ့ ပြည်သူ့စစ်သင်တန်းကို မတက်ချင်လို့ ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီး သာပေါင်းမြို့နယ်က လူငယ်တွေကလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ စာရင်းထဲတော့ပါသွားပေမယ့် ကြောက်လို့စာရင်းထည့်ပေးတာပဲရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ”ရွာမှာ လူအယောက် ၆၀ စာရင်းလာကောက်သွားတယ်၊ လူငယ်တွေကို အဓိကလာကောက်သွားတာ၊လုပ်ချင်တဲ့ သူတွေက တပ်နဲ့နီးစပ်သူတွေပါ မလုပ်ချင်တဲ့သူတွေက တပ်နဲ့မရင်းနှီးသူတွေပါ၊ကျွန်တော်တို့လည်း စာရင်းထဲကို ကြောက်လို့သာထည့်ပေးလိုက်ရတာ ပြည်သူ့စစ်ကို လုပ်ကို…

Read More

မန္တလေး အိုးဘိုထောင်တွင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်

ဩဂုတ်-၉ -၂၀၂၂ Voice Of Myanmar (VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းက အိုးဘိုထောင်မှာ ဒီကနေ့ ဩဂုတ်လ ၉ ရက် မနက်ပိုင်းက ထောင်တွင်းမှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းက အိုးဘိုထောင်ဗူးအတွင်းအဆောင်(၂)က အဆောင်မှူးရုံးခန်းကို အကျဉ်းသားတချို့က ဝိုင်းဝန်း တောင်းဆိုမှုလုပ်ရာက ထောင်အာဏာပိုင်တွေက လူစုခွဲခိုင်းတာမှာ လူစုမခွဲလို့ ရိုက်နှက်လူစုခွဲတာရှိတယ်လို့ သတင်းရရှိပါတယ်။ ထောင်နဲ့နီးစပ်တဲ့ ယုံကြည်ရတဲ့ ရင်းမြစ်ကို VOM က ဆက်သွယ်မေးကြည့်တော့ ” မနေ့က ထောင်ဝင်စာပစ္စည်းတွေထုတ်တဲ့အချိန် နာမည်တူ အဖေမတူ အကျဉ်းသား ၂ ယောက် ပစ္စည်းထုပ်ချင်းမှားတယ်။ မှားမှန်းသိတဲ့ တယောက်က အဆောင်မှူးကိုတင်ပြတဲ့အခါ တခြားနာမည်တူတယောက်က ကော်ဖီမစ်နဲ့ မုန့်ထုပ်စားပြီးနေတယ်လို့သိရတယ်။ ဒါကိုစားမိတဲ့သူက ဒီနေ့အစားပြန်ပေးလို့ နှစ်ဦးလုံးကျေနပ်ပြီးကာမှာ ဘေးကအကျဉ်းသား တချို့က အဆောင်မှူးကို ကန့်ကွက်ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်တော့ တချို့လူစုမခွဲလို့ ရိုက်ခံရတာရှိတယ် အပြင်းအထန်တော့…

Read More

ဆိုးလ်မြို့မှာ ရေကြီးရေလျှံအကြီးအကျယ်ဖြစ်ပွားပြီး လူ ၈ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

  ဆိုးလ်၊ သြဂုတ်-၉-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွားပါတယ်။ သြဂုတ် ၈ ရက်ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းတွေရေနစ်မြုပ်ကာ မြေအောက်ဘူတာရုံတွေလည်း ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး မြို့နဲ့ အနီးနားရှိပြည်နယ်တွေမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အချို့ဒေသတွေမှာ မိုးရွာသွန်းမှုဟာ နှစ်ပေါင်း ၈၀ အတွင်း မိုးရေချိန်အမြင့်ဆုံးထိ စံချိန်တင်ခဲ့ကြောင်းနဲ့ ရက်အတန်ကြာ မိုးဆက်လက်ရွာသွန်းဖွယ်ရှိကြောင်း တောင်ကိုရီးယား မိုးလေ၀သဌာနကပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ဆိုးလ်မြို့မှာလူ ၁၆၃ ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စာသင်ကျောင်းတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ ခိုလှုံနေရကြောင်း ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ရေဘေးအန္တရာယ်မြင့်မားတဲ့ ဒေသမှလူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က တာ၀န်ရှိသူတွေကို အမိန့်ပေးထားပြီး သြဂုတ် ၉ရက် နံနက်မှာ ရုံးတက်ကြမယ့် ၀န်ထမ်းတွေနွှံ လိုက်ရောညီထွေဖြစ်တဲ့…

Read More
VOM News

FREE
VIEW