ဆိုးလ်မြို့မှာ ရေကြီးရေလျှံအကြီးအကျယ်ဖြစ်ပွားပြီး လူ ၈ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

 

ဆိုးလ်၊ သြဂုတ်-၉-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွားပါတယ်။

သြဂုတ် ၈ ရက်ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းတွေရေနစ်မြုပ်ကာ မြေအောက်ဘူတာရုံတွေလည်း ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး မြို့နဲ့ အနီးနားရှိပြည်နယ်တွေမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အချို့ဒေသတွေမှာ မိုးရွာသွန်းမှုဟာ နှစ်ပေါင်း ၈၀ အတွင်း မိုးရေချိန်အမြင့်ဆုံးထိ စံချိန်တင်ခဲ့ကြောင်းနဲ့ ရက်အတန်ကြာ မိုးဆက်လက်ရွာသွန်းဖွယ်ရှိကြောင်း တောင်ကိုရီးယား မိုးလေ၀သဌာနကပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဆိုးလ်မြို့မှာလူ ၁၆၃ ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စာသင်ကျောင်းတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ ခိုလှုံနေရကြောင်း ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ရေဘေးအန္တရာယ်မြင့်မားတဲ့ ဒေသမှလူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က တာ၀န်ရှိသူတွေကို အမိန့်ပေးထားပြီး သြဂုတ် ၉ရက် နံနက်မှာ ရုံးတက်ကြမယ့် ၀န်ထမ်းတွေနွှံ လိုက်ရောညီထွေဖြစ်တဲ့ အလုပ်ချိန်တွေပြောင်းလဲဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းထားပါတယ်။

Ref: BBC
Photo:Reuters/AFP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW