ပခုက္ကူမြို့က ရွှေသန့်စင်လုပ်ငန်းအိမ် ဓားပြတိုက်ခံရ ပြီး ရွှေ ၁၁ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၂ ရာပါသွား

စက်တင်ဘာ ၊ ၉ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ သီရိမင်္ဂလာလမ်းမှာရှိတဲ့ ရွှေသန့်စင်လုပ်ငန်း လုပ်ကိုင်တဲ့နေအိမ်ဟာ မနေ့ စက်တင်ဘာ ၈ ရက် ၊ ည ၁၂ နာရီခန့်က ဓားပြတိုက်ခံရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့ညက မိုးတွေရွာနေတုန်း တိုက်သွားတာလို့ ကြားရတယ် ၊ အတိုက်ခံရတဲ့အိမ်က ရွှေလှော်(ရွှေသန့်စင် လုပ်ငန်း)နဲ့ ဆုံဆီ လုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ဖြစ်တယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ပခုက္ကူမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ကနဦး သိရတာက ပန်တိမ်လုပ်ငန်းနဲ့ ရွှေသန့်စင်လုပ်ကိုင်တဲ့ ဦးသန်းထွန်းရဲ့နေအိမ်ကို…

Read More

ကြိုတင်ကာကွယ်မှုအတွက် နျူကလီးယားနဲ့တိုက်ခိုက်ခွင့်ပေးတဲ့ ဥပဒေ မြောက်ကိုရီးယား ပြဌာန်း

ပြုံးယမ်း၊ စက်တင်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်ပိုင်နိုင်ငံတစ်ခုအဖြစ် ကြေညာထားတဲ့ ဥပဒေတရပ်ကို စက်တင်ဘာ ၈ ရက်မှာ အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ ဒါဟာ နောက်ပြန်မဆုတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုခဲ့ပြီး နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲတွေဖြစ်နိုင်ခြေကို ပယ်ချလိုက်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ ဥပဒေမှာတော့ နိုင်ငံလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုပြုတဲ့ နျူကလီးယားတိုက်ခိုက်မှုကို အသုံးပြုခွင့် ပြဌာန်းထားပါတယ်။ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းကြပ်စွာချမှတ်ထားပေမယ့်လည်း မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်ပြည်မကြီးထိ ပစ်ခတ်တိုက်ခိုက် ခြိမ်းခြောက်နိုင်စွမ်းရှိဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ကာ သူ့ရဲ့စစ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင်နေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရာထူးမှအနားယူသွားတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့အကြား ထိပ်သီးဆွေးနွေးပွဲနှစ်ကြိမ်ပြုလုပ်ပြီးနောက် ၂၀၁၉ ခုနှစ်မှာလည်း တာဝေးပစ်ဒုံးကျည်တွေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို…

Read More

စစ်တွေမှာ ရဲအုပ်တဦး သေနတ်နဲ့အနီးကပ် ပစ်သတ်ခံရ

စက်တင်ဘာ ၉- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနေ့ စက်တင်ဘာ ၈ရက် ည ၇ နာရီခန့်က ပြည်သူ့ဆေးရုံကြီးအနီး၊ လမ်းမကြီးပေါ် မီးပွိုင့်ဖြတ်ဖို့စောင့်နေတဲ့ ရဲအုပ်တဦး သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွား​တယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိပ္ပံလို့ သိရပြီး VOM က သက်ဆိုင်ရာကို မေးမြန်းခဲ့ရာမှာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ နယ်ထိန်းခေါင်းဆောင်ကို ပစ်ခတ်သွားသူတွေဟာ ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာ မသိရသေးဘဲ အာဏာပိုင်တွေဘက်ကလည်း ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကတော့ “အဲ့ဒါက ရဲကို ဆက်မေးမှရမယ်။ ငါတို့လည်း အဲဒါစောင့်တော့ စောင့်နေတယ်။”လို့ ပြောပါတယ်။ အဲဒီလို ပစ်ခတ်မှုဖြစ်စဥ်မှာ ရဲအုပ်ရဲ့ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ အလားတူဖြစ်စဥ်မျိုး…

Read More

ဗြိတိန်ရဲ့နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီး ကွယ်လွန်

လန်ဒန်၊ စက်တင်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်ရဲ့ နန်းသက်အရှည်ဆုံး စိုးစံခဲ့သူ ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးဟာ အသက် ၉၆ နှစ်အရွယ် စက်တင်ဘာ ၈ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ ဗြိတိန်ထီးနန်းကို နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သူဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ကျန်းမာရေး စိုးရိမ်ရကြောင်းသူ့ရဲ့ ဆရာ၀န်တွေက သတိပေးပြီးနောက်မှာ သူ့ရဲ့တော်၀င်မိသားစု၀င်တွေဟာ စကော့တလန်က ဘယ်လ်မိုရဲ့လ်စံအိမ်မှာ သွားရောက်စုဝေးခဲ့ကြပါတယ်။ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှာတော့ ဘုရင်မကြီးဟာ ငြိမ်းချမ်းစွာ နတ်ရွာစံသွားတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။ ဘုရင်မကြီးဟာ ၁၉၅၂ ခုနှစ်မှာ နန်းတက်ပြီးနောက် ကြီးမားတဲ့ လူမှုအပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဘုရင်မကြီးကွယ်လွန်သွားပြီးနောက် စျာပနနဲ့ အောက်မေ့ဖွယ်အခမ်းအနားတွေကို အကြီးဆုံးသားတော် ဝေလမင်းသားက ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဘုရင်မကြီးက အင်္ဂါနေ့မှာ ခန့်အပ်လိုက်တဲ့ ဗြိတိန်၀န်ကြီးချုပ် လစ်ဇ်ထရပ်စ်က ဘုရင်မကြီးဟာ မိမိတို့လိုအပ်တဲ့ တည်ငြိမ်မှုနဲ့ ခွန်အားကိုပေးစွမ်းခဲ့တဲ့…

Read More
VOM News

FREE
VIEW