စက်တင်ဘာ ၁၁-၂၀၂၂ VOM (GG) ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေ ၊ညောင်အင်းစက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် Melody Global ဖိနပ်စက်ရုံမှာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး သိန်း ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ ” မနက် ၁၀ နာရီ ကျော်လောက်မှာ မီးလောင်တယ်။၁၁ နာရီမှာ မီးညွန့်ကျိုးတယ်။၁၁ ကျော်မှာ မီးငြိမ်းတယ်။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၅ ရာနဲ့ ၄ သိန်း ကျော်တယ်။ စက်ရုံမှူးကို မီးပေါ့ဆမှုနဲ့ အရေးယူထားတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ လက်ရှိမှာ စက်ရုံမီးလောင်မှုနဲ့ပတ်သက်ပြီး စက်ရုံ တာဝန်ခံဖြစ်တဲ့ တရုတ်နိုင်ငံသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ Melody Globalစက်ရုံတွင်းက ဖိနပ်အောက်ခံသရေပြား ပေါင်းခံစက်ရုံအတွင်း ဘွိုင်လာအိုးအပူလွန်ကဲပြီး…
Read MoreDay: September 11, 2022
မန္တလေးက နေရာ ၂ခုမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၄လောင်း တွေ့
စက်တင်ဘာ ၁၁-၂၀၂၂ Voice Of Myanmar မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၄လောင်းကို နေရာ ၂ခုမှာ တွေ့ရှိရတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်က ချိတ်ပိတ်သိမ်းဆည်းခံထားရတဲ့ ပန်တော်ဦး ဟိုတယ်ရှေ့မှာ ဓားထိုးခံရပြီးသေဆုံးနေတဲ့ အမျိုးသား အလောင်း၁လောင်းကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ နောက်ပြီး စစ်ကိုင်း – မန္တလေး ကားလမ်း၊ တံတားဖြူ ရေထိန်းတံခါးအနီးမှာ လည်ပင်း လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အမျိုးသား ၃ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ရပြီး အလောင်းတွေပေါ်မှာ သွေးသောက်အဖွဲ့ ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲထားတယ်လို့လည်း သိရပါတယ်။ “ဖြစ်စဥ်တွေကတော့ ဟုတ်တယ်၊ အသေးစိတ် ဘာမှပြောမရလို့ပါ၊ အလောင်းက ၄လောင်း ၊ ၃လောင်းမှာက သွေးသောက်စာတန်းချိတ်ထားတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ ပြောပါတယ်။ အဲ့ဒီ့ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး…
Read Moreမူဆယ် ၁၀၅ မိုင်က Agent ၂၃ ဦး ဖမ်းဆီးခံရ
စက်တင်ဘာ ၁၁၊ ၂၀၂၂ Shy V (VOM) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က Agent ၂၃ ဦး လက်နက်ကိုင်တွေကို အခွန်ဆောင်လို့ ဆိုပြီး ဗျူဟာမှူး ၁ ဦးက အစည်းအဝေးခေါ်ကာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။ “ဟုတ်တယ် မနေ့က အစည်းအဝေး ခေါ်မယ်ဆိုပြီးတော့ ခေါ်သွားတယ်။” လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။ ကုန်သည်တွေအနေနဲ့ အစိုးရ တရားဝင် အခွန်အပြင် တရားမဝင်ကောက်တဲ့ အစိုးရအဖွဲ့ စုံ၊ KIA, TNLA, SSPP/SSA တွေကို အတက်ရောအဆင်းပါ တခြမ်း တခါ ပေးဆောင်ရတဲ့အပြင် လမ်းပေါ်မှာ ကောက်နေတဲ့ အဖွဲ့တိုင်းကိုလည်း ပေးဆောင်ရတာကြောင့် အခက်အခဲဖြစ်ကာ လုပ်ငန်းရှင် ထက်ဝက်နီးပါး လုပ်ငန်းရပ်ဆိုင်းထားရတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။…
Read Moreမုံရွာမြို့လယ်က သိန်းတရာရွှေဆိုင် ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ပိသာကျော် ဓားပြတိုက်ခံရ
စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ တရုတ်တန်းလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံ ၊ မြို့လယ်မီးပွိုင့်နားက သိန်းတရာရွှေဆိုင်ဟာ ဒီကနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” သေနတ်တွေကိုင်ထားတဲ့ လူ ၅ ယောက်ဟာ KLUGER အနက်ရောင်နဲ့ ရောက်လာပြီး တိုက်သွားတာ ” လို့ ဘုရားကြီးရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ရွှေဆိုင်နဲ့ နီးစပ်သူ ရွှေလုပ်ငန်းရှင်တယောက်က ” ဆိုင်က မဖွင့်ဘူး ၊ ပိတ်ထားတာပါ ၊ ရွှေဝယ်ချင်တယ်လို့ပြောပြီး ဆိုင်ထဲကို ဝင်လာတယ် ၊ ဆိုင်ထဲရောက်တော့ သေနတ်ပြပြီး ဆိုင်လုပ်သားတွေကို မှောက်ခိုင်းထားတယ် ၊ အဲ့ဒီနောက်ပိုင်း အရောင်းကောင်တာထဲက…
Read Moreဧရာဝတီတိုင်းမှာ စက်သုံးဆီ အရောင်းဆိုင်အများစု ဖွင့်ထားပေမယ့် ဆီပြတ်နေပြီး ဝယ်မရဖြစ်နေ
စက်တင်ဘာ၊ ၁၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းမှာ ပိတ်ထားတဲ့ စက်သုံးဆီဆိုင်အများစု စက်တင်ဘာ ပထမအပတ်က ပြန်လည်ဖွင့်ထားပေမယ့်လည်း စက်သုံးဆီ ဝယ်ယူလို့မရဘဲပြတ်လပ်မှုဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “ဆီဆိုင်တွေကတော့ ပြန်ဖွင့်နေတာတွေ့ရတယ် ၊ ဆီလည်းသွားဖြည့်တော့ ဆီပြတ်နေတယ်တဲ့ ၊ ဆီ ၂၀၀၀ ဖိုးလောက်ရဖို့ ၄ ဆိုင်သွားဝယ်ခဲ့ရတယ် ၊ နည်းနည်းပါးပါး ရှိနေတဲ့ လမ်းဘေးဆီဆိုင်တွေမှာလည်း တစ်လီတာကို ၃ ထောင်ရဲ့အထက်မှာပဲရှိတယ် ၊ ရုပ်ပြသက်သက်ဖွင့်နေရတဲ့ သဘောရှိတယ် ၊ ကလေးတွေ ကျောင်းအကြိုသွားတာ ဆီလိုက်ဝယ်နေရတာနဲ့ မိုးချုပ်သွားလို့ ကျောင်းစောင့်အိမ်မှာ စောင့်နေခဲ့ရတယ်”လို့ ဧရာဝတီတိုင်းကဒေသခံ တဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ စက်သုံးဆီနဲ့ ပတ်သက်လို့လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းရှင်တဦးက“ ကျွန်တော်တို့ကိုယ်တိုင်က စက်သုံးဆီကို အရင်ကလို လိုသလောက်မရပါဘူး ခွဲတမ်းနဲ့ယူရောင်းနေရတာပါ ၊ ရတဲ့ခွဲတမ်းနဲ့သုံးလိုအား မမျှတော့ ဆီက မကြာခဏပြတ်လပ်နေတာ ၊…
Read Moreမုံရွာ – ပုသိမ်ကားလမ်းမှာ လူ ၃ ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေလုယူခံရ
စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ပေခုနှစ်ပင်ကျေးရွာအနီး ၊ မုံရွာ ပုသိမ်ကားလမ်းပေါ်မှာ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက စျေးဝယ်လာသူ ၃ ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေ လုယူခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဒီးဒုတ်ကွင်းရွာကနေ ပေါက်မြို့ကို စျေးဝယ်သွားတဲ့ ဦးဌေးပိုင် ၊ ဦးနေစိုးနဲ့ မသန္တာဦး ၃ ယောက်ဟာ ပစ်သတ်ခံရပြီး သူတို့စီးလာတဲ့ ဆိုင်ကယ် ၃ စီး လုယူခံရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့…
Read Moreဖားကန့်မြို့ထဲမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ် ရဲ ၃ ဦး ဒဏ်ရာရ
စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့၊ မော်ဝင်ရပ်ကွက် ၊ ရွှေဂဏန်း ပင်လယ်စာအရောင်းဆိုင်ရှေ့မှာ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။ ” မူးယစ်အထူးအဖွဲ့က IPSUM ကားနဲ့ KLUGER ကား ၂ စီးနဲ့ ရွှေဂဏန်း ပင်လယ်စာဆိုင်ရှေ့မှာ စျေးဆင်း ဝယ်နေတဲ့အချိန် Crown ကား အဖြူရောင်ပေါ်ကနေ စတင်ပစ်ခတ်တယ် ၊ အဲ့ဒီအချိန်မှာ မူးယစ်အဖွဲ့ကား ၂ စီးပေါ်ကလည်း ပြန်ပစ်တာဖြစ်တယ် “လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ”…
Read More