ပဲခူးမှာ ဖိနပ်စက်ရုံ မီးလောင်ပြီး သိန်း ၅၀၀ ကျော်ဆုံးရှုံး ၊ တာဝန်ခံ တရုတ်နိုင်ငံသားကို အမှုဖွင့်စစ်ဆေးနေ

စက်တင်ဘာ ၁၁-၂၀၂၂
VOM (GG)

ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေ ၊ညောင်အင်းစက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် Melody Global ဖိနပ်စက်ရုံမှာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး သိန်း ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

” မနက် ၁၀ နာရီ ကျော်လောက်မှာ မီးလောင်တယ်။၁၁ နာရီမှာ မီးညွန့်ကျိုးတယ်။၁၁ ကျော်မှာ မီးငြိမ်းတယ်။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၅ ရာနဲ့ ၄ သိန်း ကျော်တယ်။ စက်ရုံမှူးကို မီးပေါ့ဆမှုနဲ့ အရေးယူထားတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

လက်ရှိမှာ စက်ရုံမီးလောင်မှုနဲ့ပတ်သက်ပြီး စက်ရုံ တာဝန်ခံဖြစ်တဲ့ တရုတ်နိုင်ငံသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မီးလောင်မှုမှာ Melody Globalစက်ရုံတွင်းက ဖိနပ်အောက်ခံသရေပြား ပေါင်းခံစက်ရုံအတွင်း ဘွိုင်လာအိုးအပူလွန်ကဲပြီး ဝါယာလျှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီမီးလောင်မှုကို တိုင်းမီးသတ်ဌာနက တပ်ဖွဲ့ဝင် တွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် ၈ စီး၊ အုပ်ချုပ်ယာဉ် ၁ စီးနဲ့ ပူးပေါင်းမီးငြိမ်းသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ဖိနပ်စက်ရုံမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW