ပဲခူးမှာ ဖိနပ်စက်ရုံ မီးလောင်ပြီး သိန်း ၅၀၀ ကျော်ဆုံးရှုံး ၊ တာဝန်ခံ တရုတ်နိုင်ငံသားကို အမှုဖွင့်စစ်ဆေးနေ

စက်တင်ဘာ ၁၁-၂၀၂၂ VOM (GG) ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေ ၊ညောင်အင်းစက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် Melody Global ဖိနပ်စက်ရုံမှာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး သိန်း ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ ” မနက် ၁၀ နာရီ ကျော်လောက်မှာ မီးလောင်တယ်။၁၁ နာရီမှာ မီးညွန့်ကျိုးတယ်။၁၁ ကျော်မှာ မီးငြိမ်းတယ်။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၅ ရာနဲ့ ၄ သိန်း ကျော်တယ်။ စက်ရုံမှူးကို မီးပေါ့ဆမှုနဲ့ အရေးယူထားတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ လက်ရှိမှာ စက်ရုံမီးလောင်မှုနဲ့ပတ်သက်ပြီး စက်ရုံ တာဝန်ခံဖြစ်တဲ့ တရုတ်နိုင်ငံသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ Melody Globalစက်ရုံတွင်းက ဖိနပ်အောက်ခံသရေပြား ပေါင်းခံစက်ရုံအတွင်း ဘွိုင်လာအိုးအပူလွန်ကဲပြီး…

Read More

မန္တလေးက နေရာ ၂ခုမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၄လောင်း တွေ့

စက်တင်ဘာ ၁၁-၂၀၂၂ Voice Of Myanmar မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၄လောင်းကို နေရာ ၂ခုမှာ တွေ့ရှိရတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်က ချိတ်ပိတ်သိမ်းဆည်းခံထားရတဲ့ ပန်တော်ဦး ဟိုတယ်ရှေ့မှာ ဓားထိုးခံရပြီးသေဆုံးနေတဲ့ အမျိုးသား အလောင်း၁လောင်းကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ နောက်ပြီး စစ်ကိုင်း – မန္တလေး ကားလမ်း၊ တံတားဖြူ ရေထိန်းတံခါးအနီးမှာ လည်ပင်း လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အမျိုးသား ၃ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ရပြီး အလောင်းတွေပေါ်မှာ သွေးသောက်အဖွဲ့ ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲထားတယ်လို့လည်း သိရပါတယ်။ “ဖြစ်စဥ်တွေကတော့ ဟုတ်တယ်၊ အသေးစိတ် ဘာမှပြောမရလို့ပါ၊ အလောင်းက ၄လောင်း ၊ ၃လောင်းမှာက သွေးသောက်စာတန်းချိတ်ထားတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ ပြောပါတယ်။ အဲ့ဒီ့ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး…

Read More

မူဆယ် ၁၀၅ မိုင်က Agent ၂၃ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁၁၊ ၂၀၂၂ Shy V (VOM) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က Agent ၂၃ ဦး လက်နက်ကိုင်တွေကို အခွန်ဆောင်လို့ ဆိုပြီး ဗျူဟာမှူး ၁ ဦးက အစည်းအဝေးခေါ်ကာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရ​တယ်လို့ ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။ “ဟုတ်တယ် မနေ့က အစည်းအဝေး ခေါ်မယ်ဆိုပြီးတော့ ခေါ်သွားတယ်။” လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။ ကုန်သည်တွေအနေနဲ့ အစိုးရ တရားဝင် အခွန်အပြင် တရားမဝင်ကောက်တဲ့ အစိုးရအဖွဲ့ စုံ၊ KIA, TNLA, SSPP/SSA တွေကို အတက်ရောအဆင်းပါ တခြမ်း တခါ ပေးဆောင်ရတဲ့အပြင် လမ်းပေါ်မှာ ကောက်နေတဲ့ အဖွဲ့တိုင်းကိုလည်း ပေးဆောင်ရတာကြောင့် အခက်အခဲဖြစ်ကာ လုပ်ငန်းရှင် ထက်ဝက်နီးပါး လုပ်ငန်းရပ်ဆိုင်းထားရ​တယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။…

Read More

မုံရွာမြို့လယ်က သိန်းတရာရွှေဆိုင် ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ပိသာကျော် ဓားပြတိုက်ခံရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ တရုတ်တန်းလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံ ၊ မြို့လယ်မီးပွိုင့်နားက သိန်းတရာရွှေဆိုင်ဟာ ဒီကနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” သေနတ်တွေကိုင်ထားတဲ့ လူ ၅ ယောက်ဟာ KLUGER အနက်ရောင်နဲ့ ရောက်လာပြီး တိုက်သွားတာ ” လို့ ဘုရားကြီးရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ရွှေဆိုင်နဲ့ နီးစပ်သူ ရွှေလုပ်ငန်းရှင်တယောက်က ” ဆိုင်က မဖွင့်ဘူး ၊ ပိတ်ထားတာပါ ၊ ရွှေဝယ်ချင်တယ်လို့ပြောပြီး ဆိုင်ထဲကို ဝင်လာတယ် ၊ ဆိုင်ထဲရောက်တော့ သေနတ်ပြပြီး ဆိုင်လုပ်သားတွေကို မှောက်ခိုင်းထားတယ် ၊ အဲ့ဒီနောက်ပိုင်း အရောင်းကောင်တာထဲက…

Read More

ဧရာဝတီတိုင်းမှာ စက်သုံးဆီ အရောင်းဆိုင်အများစု ဖွင့်ထားပေမယ့် ဆီပြတ်နေပြီး ဝယ်မရဖြစ်နေ

စက်တင်ဘာ၊ ၁၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းမှာ ပိတ်ထားတဲ့ စက်သုံးဆီဆိုင်အများစု စက်တင်ဘာ ပထမအပတ်က ပြန်လည်ဖွင့်ထားပေမယ့်လည်း စက်သုံးဆီ ဝယ်ယူလို့မရဘဲပြတ်လပ်မှုဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “ဆီဆိုင်တွေကတော့ ပြန်ဖွင့်နေတာတွေ့ရတယ် ၊ ဆီလည်းသွားဖြည့်တော့ ဆီပြတ်နေတယ်တဲ့ ၊ ဆီ ၂၀၀၀ ဖိုးလောက်ရဖို့ ၄ ဆိုင်သွားဝယ်ခဲ့ရတယ် ၊ နည်းနည်းပါးပါး ရှိနေတဲ့ လမ်းဘေးဆီဆိုင်တွေမှာလည်း တစ်လီတာကို ၃ ထောင်ရဲ့အထက်မှာပဲရှိတယ် ၊ ရုပ်ပြသက်သက်ဖွင့်နေရတဲ့ သဘောရှိတယ် ၊ ကလေးတွေ ကျောင်းအကြိုသွားတာ ဆီလိုက်ဝယ်နေရတာနဲ့ မိုးချုပ်သွားလို့ ကျောင်းစောင့်အိမ်မှာ စောင့်နေခဲ့ရတယ်”လို့ ဧရာဝတီတိုင်းကဒေသခံ တဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ စက်သုံးဆီနဲ့ ပတ်သက်လို့လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းရှင်တဦးက“ ကျွန်တော်တို့ကိုယ်တိုင်က စက်သုံးဆီကို အရင်ကလို လိုသလောက်မရပါဘူး ခွဲတမ်းနဲ့ယူရောင်းနေရတာပါ ၊ ရတဲ့ခွဲတမ်းနဲ့သုံးလိုအား မမျှတော့ ဆီက မကြာခဏပြတ်လပ်နေတာ ၊…

Read More

မုံရွာ – ပုသိမ်ကားလမ်းမှာ လူ ၃ ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေလုယူခံရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ပေခုနှစ်ပင်ကျေးရွာအနီး ၊ မုံရွာ ပုသိမ်ကားလမ်းပေါ်မှာ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက စျေးဝယ်လာသူ ၃ ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေ လုယူခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဒီးဒုတ်ကွင်းရွာကနေ ပေါက်မြို့ကို စျေးဝယ်သွားတဲ့ ဦးဌေးပိုင် ၊ ဦးနေစိုးနဲ့ မသန္တာဦး ၃ ယောက်ဟာ ပစ်သတ်ခံရပြီး သူတို့စီးလာတဲ့ ဆိုင်ကယ် ၃ စီး လုယူခံရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့…

Read More

ဖားကန့်မြို့ထဲမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ် ရဲ ၃ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့၊ မော်ဝင်ရပ်ကွက် ၊ ရွှေဂဏန်း ပင်လယ်စာအရောင်းဆိုင်ရှေ့မှာ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။ ” မူးယစ်အထူးအဖွဲ့က IPSUM ကားနဲ့ KLUGER ကား ၂ စီးနဲ့ ရွှေဂဏန်း ပင်လယ်စာဆိုင်ရှေ့မှာ စျေးဆင်း ဝယ်နေတဲ့အချိန် Crown ကား အဖြူရောင်ပေါ်ကနေ စတင်ပစ်ခတ်တယ် ၊ အဲ့ဒီအချိန်မှာ မူးယစ်အဖွဲ့ကား ၂ စီးပေါ်ကလည်း ပြန်ပစ်တာဖြစ်တယ် “လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ”…

Read More
VOM News

FREE
VIEW