ကွာလာလမ်ပူ၊ စက်တင်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းကတော်ဖြစ်သူ Rosmah Mansor ဟာ ဆိုလာစွမ်းအင်စီမံကိန်းတခုနဲ့ဆက်စပ်ပြီး လာဘ်ငွေ ဒေါ်လာ ၄၃ သန်းရယူခဲ့ကြောင်း စွဲချက်သုံးခုအတွက် အပြစ်မရှိဘူးလို့ ယခင်က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အထူးတရားရုံး တရားသူကြီးကတော့ ၀န်ကြီးဟောင်းကတော်ဟာ ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း စက်တင်ဘာ ၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်ဟောင်နာဂျစ်ဟာ အကျင့်ပျက်ချစားမှုကြောင့် ထောင် ၁၂ နှစ်ကျခံရပြီး ရက်ပိုင်းအတွင်း သူမနဲ့ပတ်သက်ပြီး စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူမအပေါ်စွဲချက်တွေဟာ ထောင်ဒဏ်နှစ် ၂၀ ထိချမှတ်နိုင်ပြီး လာဘ်ပေးလာဘ်ယူငွေပမာဏရဲ့ ငါးဆထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ အသက် ၇၀ အရွယ်သူမဟာ ဇိမ်ခံပစ္စည်းနဲ့ လက်၀တ်ရတနာတွေ အလွန်နှစ်သက်ပြီး ၀ယ်ယူမှုတွေကြောင့် ထင်ရှားသူဖြစ်ပါတယ်။ လက်ရှိမှာတရားရုံးက စီရင်ချချက်လိုက်ပေမယ့်…
Read MoreMonth: September 2022
ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ၊ ဘတ်စျေး ပြန်ကျ
စက်တင်ဘာ ၁-၂၀၂၂ VOM (GG) ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ဆိုတဲ့ အမိန့်စာ ထုတ်ပြန်ပြီးနောက် ပြည်တွင်း ရွှေစျေး ၊ ဒေါ်လာစျေး ၊ ဘတ်စျေးနဲ့ စက်သုံးဆီစျေးနူန်းတွေ ဒီနေ့မှာ ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မှာ ၁၆ ပဲရည် အခေါက်ရွှေစျေးက မနေ့က ၃၇ သိန်းစျေးကနေ သိန်း ၃၀ အထိ ပြန်ကျသွားသလို အမေရိကန်ဒေါ်လာကလည်း တဒေါ်လာကို ၄၅၀၀ ကျော်ကနေ ၃၅၀၀ အထိ ပြန်ကျသွားကြောင်း၊ထိုင်း ဘတ်စျေးကလည်း မြန်မာငွေ ၁ သိန်းကို ဘတ်ငွေ ၁၀၀၀ ကနေ မြန်မာငွေ ၁ သိန်းကို ဘတ်ငွေ ၁၀၇၀ အထိ( ၁ ဘတ်ကို မြန်မာငွေ ၁၀၀…
Read Moreအမေရိကန်မှာနေသူတွေရဲ့ ပျှမ်းမျှလူ့သက်တမ်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်း
ဝါရှင်တန်၊ စက်တင်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ နေထိုင်သူတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် အကြီးအကျယ် ကျဆင်းသွားပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းနေပါတယ်။ သူတို့ရဲ့ လူ့သက်တမ်းဟာ ၂၀၁၉ ခုနှစ်မှာရှိခဲ့တဲ့ ပျှမ်းမျှ ၇၉ နှစ်နဲ့နှိုင်းယှဉ်ပါက လက်ရှိမှာ ၇၆ ဒသမ ၁ နှစ်သာရှိနေပြီး ရာစုနှစ်အတွင်း နှစ်နှစ်ဆက်တိုက် အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ကြောင်း အစိုးရကထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလိုသက်တမ်းတိုရခြင်းရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာလည်း အဓိက ပါ၀င်နေကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ သြဂုတ် ၃၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ဌာနေတိုင်းရင်းသားတွေရဲ့ သက်တမ်းဟာလည်း ယခင်ကထက် နှစ်နှစ်ကျဆင်းသွားပြီး ကြားဖြတ်လေ့လာမှုတွေအရ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်အကြား ၂ ဒသမ ၇ ထိ ကျဆင်းသွားပါတယ်။ အမေရိကန်ပြည်သူတွေရဲ့…
Read Moreကရင်ပြည်နယ် ဝန်ကြီးဟောင်း၃ဦး တောင်ကလေးထောင်ကနေ ပြန်လွတ်လာ
စက်တင်ဘာ ၁-၂၀၂၂ VOM (GG) ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရတဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ၃ဦး ဒီနေ့စက်တင်ဘာလ ၁ ရက်နေ့မှာ ထောင်ကနေပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ” ပြစ်ဒဏ်စေ့ လွတ်ရက်ပြည့်လို့ပြန်လွတ်လာတာ။သူတို့ကို ဘားအံ တောင်ကလေးထောင်မှာ ထားတာ။ဒီနေ့ သူတို့ အဲ့ဒီကနေပဲလွတ်လာတယ် ” လို့ ဝန်ကြီးဟောင်းဦးဘိုဘိုမောင်ရဲ့မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် အပါအဝင် လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ၀န်ကြီး ဦးမင်းကိုခိုင် ၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့် တို့ ပြန်လွတ်လာတာဖြစ်ပါတယ်။ အဲ့ဒီဝန်ကြီး ၃ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက် ၅၀၅ ( ခ) နဲ့တရားစွဲကာ ထောင် ၂ နှစ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ NLD ပါတီဝင်တွေနဲ့ ဝန်ကြီးတွေ အများအပြား ဖမ်းဆီးခံခဲ့ရသလို…
Read Moreနောင်ချိုက တိုက်ပွဲရှောင်စခန်းတွေမှာ ၅နှစ်အောက် ကလေးတွေ တုပ်ကွေးရောဂါဖြစ်နေပြီး ကုသဖို့ ဆေးမရှိ ဖြစ်နေ
စက်တင်ဘာ ၁ -၂၀၂၂ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ဒိုးပင်ကျေးရွာ ၊ ဒိုးပင်ဘုန်းကြီးကျောင်းနဲ့ ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာတွေမှာ လာရောက်ခိုလှုံနေတဲ့ တိုက်ပွဲရှောင်တွေထဲက ၅နှစ်အောက် ကလေး အယောက် ၃၀ ကျော်ဟာ ရာသီပေါ် တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ကုသဖို့အတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ မရှိတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ နောင်ချိုဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖျားနာနေတဲ့ ကလေးပေါင်း ၅ နှစ်အောက် ၃၀ ကျော်ရှိတယ် ၊ သက်ကြီးပိုင်း လူနာနဲ့ဆို ၅၀ ကျော်မယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်း မိုးအဆက်မပြတ်ရွာပြီးနောက် ကလေးတွေ စပြီးဖျားနာကုန်ကြတာ ၊ သူနာပြု ဆရာမ တယောက်နဲ့ အကူ ၂ ယောက်ရှိတယ် ၊ ဆေးနဲ့ ဆေးပစ္စည်း မရှိတော့ သူတို့လည်း ဘာမှ ဆက်လုပ်မပေးနိုင်ဘူး “လို့…
Read More