ခေတ်ကိုသရော်တဲ့ တကွက်ကာတွန်းတွေအဓိကရေးဆွဲခဲ့တဲ့ ကာတွန်းဆရာ ရာဇာသာစည်ကွယ်လွန်

အောက်တိုဘာ ၅-၂၀၂၂
VOM (GG)

ပြည်တွင်းသတင်းဂျာနယ်တွေမှာ ခေတ်ကိုသရော်တဲ့ တကွက်ကာတွန်းတွေ ရေးဆွဲတဲ့ ကာတွန်းဆရာ ရာဇာသာစည်ဟာ ဒီနေ့ အောက်တို ဘာလ ၅ရက်နေ့က သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်ပါတယ် ၊ နေ့လယ်၂ နာရီ ၅၀ မှာဆုံးတယ်။ တကွက်ကာတွန်းတွေကို အဓိကရေးဆွဲခဲ့တာပါ ” လို့ ကာတွန်းဆရာ ရာဇာသာစည် ရဲ့မိတ်ဆွေဖြစ်သူ ကာတွန်းဆရာတဦးက ပြောပြပါတယ်။

ဆရာ ရာဇာသာစည်ဟာ ငှက်ဖျားရောဂါဝေဒနာနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ဆေးကုသမှုခံယူနေတာ ၅ လဝန်းကျင်လောက်ရှိနေပြီလို့ သိရပါတယ်။

ကာတွန်းဆရာ ရာဇာသာစည် ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ကြောင်း၊ မနက်ဖန် အောက်တိုဘာလ ၆ ရက်နေ့မှာ သဂြိုလ်မယ်လို့သိရပါတယ်။

ဒီနေ့ဟာ ကာတွန်းဆရာ ရာဇာသာစည်ရဲ့ မွေးနေ့လည်း ဖြစ်ကြောင်း၊ ဆရာရာဇာသာစည် ကွယ်လွန်တဲ့အပေါ် ကာတွန်းဆရာတွေ၊ သူရဲ့တပည့်တွေအပါအဝင် မိတ်ဆွေတွေကနေ ဝမ်းနည်းကြောင်း လူမှုကွန်ယက်ကနေ ရေးသားထုတ်ဖော်ပြောဆိုထားကြတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ကာတွန်းဆရာရာဇာသာစည် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW