မော်လမြိုင်ကျွန်းမှာ ပြည်သူ့စစ်ခေါင်းဆောင် သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ၊ ၅-၂၀၂၂ မင်းမြတ် (VOM) ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ချမ်းမြေ့(၁၃)ရပ်ကွက် က မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ အမျိုးသားကို ဒီကနေ့ ညနေ ၄ နာရီကျော်ခန့်က ကလဘ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် သေနတ်နဲ့ပစ်သတ်သွားလို့ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ် ။ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသားဟာ မြို့နယ်အဆင့် ပြည်သူ့စစ်ခေါင်းဆောင်တာဝန်ယူထားတဲ့ ခင်မောင်ကြည်ဆိုသူဖြစ်ပြီး ဆဝါရီလဘ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် သေနတ်သမားတွေက ပစ်သတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” ညနေ ၄ နာရီခွဲလောက်မှာ သေနတ်နဲ့လာပစ်သွားတာ ၊ လည်ပင်း ထုတ်ချင်းပေါက် ပွဲချင်းပြီး သေဆုံးခဲ့တာတွေ့ ရတယ် ၊ လဘ္ဘက်ရည်ဆိုင်ရှေ့မှာ ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာ ၊ သေနတ်နဲ့အပစ်ခံရတဲ့သူက အသစ်ပြန်ဖွဲ့ထားတဲ့မြို့နယ်ပြည်သူ့စစ်အဖွဲ့မှာ သူကခေါင်းဆောင် ။”လို့ မျက်မြင်တွေ့ ရှိသူ ဒေသခံတဦးကပြောပါတယ်။…

Read More

ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို အငြိမ်းစားဗိုလ်ချုပ်တွေပဲ နေရာယူ

အောက်တိုဘာ ၅-၂၀၂၂ KT(VOM) ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို အငြိမ်းစားဗိုလ်ချုပ်တွေ အစားထိုးခန့်အပ်လိုက်ပြီး သူတို့ရဲ့အစည်းအဝေးပြီးချိန်မှာပဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ရဲချုပ်ဟောင်းနဲ့ လဝက ဝန်ကြီးဟောင်း ဦးခင်ရီဟာ ပြည်ထောင်စု ကြံ့ခိုင်နဲ့ဖွံ့ဖြိုး‌ရေးပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာပြီး ဒု-ဥက္ကဋ္ဌ ရာထူးနေရာတွေကို လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဦးမြတ်ဟိန်းနဲ့ သမ္မတရုံးနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းတို့ ပဲ ပြန်အရွေးခံရပါတယ်။ ဗဟိုအတွင်းရေးမှူးဖြစ်သူကတော့ အငြိမ်းစား ဗိုလ်ချုပ် ဦးတင်အောင်ချစ်က တွဲဘက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။ ” လာမယ့်ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်၊ ပါတီဝင်တစ်ဦးချင်းစီရဲ့လုံခြုံရေးကိုနည်းလမ်းပေါင်းစုံသုံး၍အကာအကွယ်ပေးဖို့စီစဥ်ထားပါတယ်၊ ကျွန်တော်တို့ပါတီမှာ ဒီနေ့အထိ တပ်မတော်ဘက်ကကူးပြောင်းလာတဲ့သူကို လက်ခံထားတာမရှိသေးပါဘူး”လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်လာသူ ဦးခင်ရီက ဒီကနေ့ ရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ နေ့လယ် ၁ နာရီကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီကအထက်ပါအကြောင်းအရာတွေကို ပြောခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar…

Read More

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသားတဦး သေဆုံး

အောက်တိုဘာ ၅-၂၀၂၂ KK(VOM) ရန်ကုန်တိုင်းအစိုးရရုံးရှေ့မှာ ဒီကနေ့ မနက်ပိုင်းက စက်ဘီးနင်းလားသူ အမျိုးသားတဦးကို အိမ်စီးယာဥ်တစ်စီးက တိုက်ခဲ့လို့ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အလုံမြို့နယ်၊ ပြည်လမ်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီကနေ့ မနက်ခြောက်နာရီခွဲက စက်ဘီးနင်းလာသူ အမျိုးသားတဦးကို အိမ်စီးယာဥ်တစ်စီးမှ တိုက်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အမဲရောင် အိမ်စီးကားတိုက်သွားတာ စက်ဘီးနဲ့ကတ္တရာလမ်းရိုက်မိပြီး ပွဲချင်းပြီးသေတာ၊ လူနာတင်ယာဥ်တောင် အသက်မမီဘူး”လို့ ရှင်းပြပါတယ်။ ယာဥ်တိုက်ဖြစ်စဥ်ကို ဖုန်းသတင်းရလို့ သွားရောက်ကူညီခဲ့ရာ အခင်းဖြစ်ရာနေရာမှာ ပွဲချင်းပြီးသေဆုံးနေလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာအလင်းလူမှုကူညီရေးအသင်း ဥက္ကဌဖြစ်သူက ပြောပါတယ်။ “ကျနော်တို့သွားတော့ အသက်မမီတော့ဘူး၊ အသက်ငါးဆယ်ကျော်လောက်ရှိမယ် သေတဲ့သူက အမျိုးသား၊ အဲ့ဒါရန်ကုန်ဆေးရုံကြီးကို ပို့ပေးလိုက်တယ်”လို့ ရှင်းပြပါတယ်။ လက်ရှိအခြေအနေမှာ အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ယာဥ်နဲ့တိုက်သွားသူဟာ ထွက်ပြေးနေပြီး ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။ Photo- မေတ္တာအလင်းလူမှုကူညီရေး #voiceofmyanmar…

Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ဇာတ်အဖွဲ့ကား မှောက်လို့ ၅ ယောက်သေဆုံး၊ ဒဏ်ရာရသူများပြား

အောက်တိုဘာ ၅-၂၀၂၂ VOM (GG) မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ” ပွင့်နေခြည် ” ဇာတ်ပွဲကား တိမ်းမှောက်ပြီး ၅ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ညနေ ၄ နာရီလောက်မှာ ဇာတ်အဖွဲ့ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” လောလောဆယ် သေတာ ၅ ယောက်ရှိတယ်၊ အရေးပေါ်လူနာက ၁၀ ယောက် ၁၅ ယောက်လောက်ရှိမယ်၊ခုမှ လူနာတွေကို ဆေးရုံကို တောက်လျှောက်ပို့နေတုန်းပဲ ” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။ ကားပေါ်မှာ ယောကျ်ားလေး ၂၁ ယောက်နဲ့မိန်းကလေး ၇ယောက်ပါလာတာဖြစ်ကြောင်း၊ အဲ့ဒီ ထဲမှာ ယောကျ်ားလေး ၁၅ ယောက်၊ မိန်းကလေး ၅ ယောက်၊ အသက် ၂ နှစ်အရွယ် ကလေးငယ်တို့က ထိခိုက်ဒဏ်ရာရပြီး…

Read More

ခေတ်ကိုသရော်တဲ့ တကွက်ကာတွန်းတွေအဓိကရေးဆွဲခဲ့တဲ့ ကာတွန်းဆရာ ရာဇာသာစည်ကွယ်လွန်

အောက်တိုဘာ ၅-၂၀၂၂ VOM (GG) ပြည်တွင်းသတင်းဂျာနယ်တွေမှာ ခေတ်ကိုသရော်တဲ့ တကွက်ကာတွန်းတွေ ရေးဆွဲတဲ့ ကာတွန်းဆရာ ရာဇာသာစည်ဟာ ဒီနေ့ အောက်တို ဘာလ ၅ရက်နေ့က သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ၊ နေ့လယ်၂ နာရီ ၅၀ မှာဆုံးတယ်။ တကွက်ကာတွန်းတွေကို အဓိကရေးဆွဲခဲ့တာပါ ” လို့ ကာတွန်းဆရာ ရာဇာသာစည် ရဲ့မိတ်ဆွေဖြစ်သူ ကာတွန်းဆရာတဦးက ပြောပြပါတယ်။ ဆရာ ရာဇာသာစည်ဟာ ငှက်ဖျားရောဂါဝေဒနာနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ဆေးကုသမှုခံယူနေတာ ၅ လဝန်းကျင်လောက်ရှိနေပြီလို့ သိရပါတယ်။ ကာတွန်းဆရာ ရာဇာသာစည် ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ကြောင်း၊ မနက်ဖန် အောက်တိုဘာလ ၆ ရက်နေ့မှာ သဂြိုလ်မယ်လို့သိရပါတယ်။ ဒီနေ့ဟာ ကာတွန်းဆရာ ရာဇာသာစည်ရဲ့ မွေးနေ့လည်း ဖြစ်ကြောင်း၊ ဆရာရာဇာသာစည် ကွယ်လွန်တဲ့အပေါ် ကာတွန်းဆရာတွေ၊…

Read More

ဈေးကွက်ထဲ ရွှေထည်ရောင်းချမှုတွေ များပြားနေ

အောက်တိုဘာ ၅ – ၂၀၂၂ SN (VOM) လတ်တလော ပြည်တွင်းရွှေဈေးကွက်အတွင်း အဝယ်ထက် ရွှေထည်ရောင်းချမှုတွေ များပြားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သိရပါတယ်။ “အရောင်းကတော့ တောက်လျှောက် လာရောင်းတယ်။ တချို့ဆိုင်တွေမှာ ပိုက်ဆံကို ၂ပတ်လောက်နေမှ ရှင်းပေးတယ်။ လာရောင်းတာကို ပြန်ကျို၊ ကျိုပြီးတော့ အတုံးအခဲလုပ် ပြန်ရောင်း၊ ရောင်းပြီးတော့မှ လာရောင်းထားတဲ့သူတွေကို ပိုက်ဆံပြန်ပေးတယ်။ ရွှေက ဒီရာသီဆို ပုံမှန်စျေးကျတတ်ပါတယ်။ ဝယ်လိုအားနည်းပြီး ရောင်းတာတွေများတယ်။ ရွှေစျေးက ဒီဇင်ဘာလလောက်အထိ ကျနိုင်တယ်။ ဘတ်ဂျတ်ပိတ်တဲ့ လတွေလည်းဖြစ်တော့ ဌာနဆိုင်ရာတွေကလည်း မဝယ်တော့ဘူး။ စျေးကွက်ကတော့အေးတယ်။ မိုးတွင်းဆိုတော့ အလုပ်အကိုင်တွေသိပ်မကောင်းလို့ဝယ်လိုအားနည်းတာလည်းပါတယ်” လို့ YGEA မှ တာဝန်ရှိသူက ပြောပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၂၅ ဖြစ်ပြီး…

Read More

မင်္ဂလာဒုံစျေးအပြင်ဘက်က ဆိုင်ခန်း ၁၂၀ ကျော်ကို ဖျက်သိမ်းဖို့သတိပေး

အောက်တိုဘာ ၅-၂၀၂၂ KK + GG( VOM) ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးကြီး အပြင်ဘက်တန်းမှာ ရောင်းချနေတဲ့ ဆိုင်ခန်းအားလုံးကို ၁၅ ရက်အတွင်းအပြီး ဖျက်သိမ်းရမယ်လို့ တပ်မြို့စည်ပင်(မင်္ဂလာဒုံ)က စာထုတ်အသိပေးထားတယ်လို့သိရပါတယ်။ အဲ့ဒီဆိုင်ခန်းတွေဟာ တပ်မြို့စည်ပင်သာယာနယ်မြေပိုင် ဖြစ်နေတာကြောင့် အခုလို ဖျက်သိမ်းဖို့သတိပေးတာဖြစ်ကြောင်းနဲ့ သတ်မှတ် ၁၅ ရက်အတွင်း ဖယ်ရှားခြင်းမရှိတဲ့ ဆိုင်ခန်းတွေကိုတော့ ဥပဒေအရ ဖယ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။ “စျေးအပြင်တန်းတွေဖျက်ခိုင်းတာပါ၊ တပ်စည်ပင် ကထုတ်တဲ့နို့တစ်စာကတော့ လိုင်းပေါ်မှာပြန့်နေပါပြီ ၊ ၁၅ရက်အတွင်း အာင်အားသုံးရှင်းမယ်တဲ့၊ သူတို့ဘဲ မူလကရန်ပုံငွေအတွက်ဆိုပြီး ငှါးစား ရောင်းစားခဲ့တာပါ ၊ နှစ်ထပ်ဆိုင်ခန်းပြန်ဆောက်ပြီးရောင်းစား ၊ ငှားစားမယ်လို့တော့ကြားတယ် သေချာတော့မသိဘူး “လို့ မြို့ခံတဦးကပြောပါတယ်။ ဒါ့ကြောင့် လက်ရှိမှာတော့ ဆိုင်ခန်းတချို့က စတင်ပြီးဖျက်သိမ်းမှုတွေလုပ်ဆောင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ ” အပေါ်တန်းတွေ ရေတမာလမ်း ဟိုဘက်ဒီဘက်အကုန်ပါတယ်၊ တပ်နယ်မှူးရုံးရှေ့ပဲကျန်ခဲ့မှာတဲ့၊ ခုကို စဖယ်နေကြပြီ၊ ဖျက်သိမ်းရှင်းလင်းလုပ်သူလုပ်နေကြပြီ၊…

Read More

အိန္ဒိယမြောက်ပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် ၂၅ ဦးထက်မနည်းသေဆုံး

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥထရာခန်းပြည်ယန်မှာ အောက်တိုဘာ ၄ ရက်ညပိုင်းကဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားတစီးတိမ်းမှောက်မှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးသွားပါတယ်။ အဲဒီဘတ်စ်ကားဟာ လျှိုမြှောင်တခုအတွင်းကို တိမ်းမှောက်ချိန် ကားပေါ်မှာခရီးသည် ၄၀ ဦးထက်မနည်းစီးနှင်းလိုက်ပါခဲ့ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ လက်ရှိအချိန်ထိ အခင်းဖြစ်ရာနေရာကနေ လူ၂၁ ဦးကို ပြည်နယ်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီမတော်တဆမှုကြောင့် သေဆုံးမိသားစုတွေနဲ့ထပ်တူ ၀မ်းနည်းကြောင်း ၀န်ကြီးချုပ်မိုဒီကပြောပါတယ်။ အိန္ဒိယနိုင်ငံမှယ လမ်းအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအားနည်းပြီး လမ်းပျက်စီးမှု၊ ယာဉ်ကြံ့ခိုင်မှုနဲ့ စည်းမျဉ်းစည်းကမ်းမလိုက်နာမှုတွေကြောင့် နှစ်စဉ်သေဆုံးသူ တသိန်းကျော်ထိရှိနေပါတယ်။ ဘတ်စ်ကားတွေဟာ အိန္ဒိယရဲ့ရေပန်းစားတဲ့ သယ်ယူပို့ဆောင်ရေးဖြစ်ပြီး အထူးသဖြင့် မြို့ငယ်တွေမှာ ပိုမိုတွင်ကျယ်ပေမယ့် သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကို မကြခဏချိုးဖောက်မှုတွေရှိနေပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဒေလီ

Read More

ကော်မတီထုတ်ပြန်တဲ့ စားသုံးဆီဈေးနဲ့ ပြင်ပပေါက်ဈေး ကျပ် ၂ထောင်ကျော် ကွာဟနေ

အောက်တိုဘာ ၅ – ၂၀၂၂ SN (VOM) စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စားသုံးဆီ အခြေခံရည်ညွှန်းဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးဟာ ကျပ် ၂ထောင်ကျော် ကွာဟနေတယ်လို့ ဈေးကွက်ထဲကနေ သိရပါတယ်။ ကော်မတီအနေနဲ့ အောက်တိုဘာ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ စားသုံးဆီရည်ညွှန်းဈေးကို တပိဿာ ၄၀၂၀ ကျပ်အဖြစ် သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်ထဲမှာတော့ တစ်ပိဿာ ကျပ် ၆၇၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတာပဲ ဖြစ်ပါတယ်။ “သူတို့က စျေးကျအောင်လို့ဆိုပြီး စျေးတွေလျှော့သတ်မှတ်တယ်ဆိုပေမယ့် အခုရက်ပိုင်း ဝယ်ရတာလည်း ၆၅၀၀၊၆၇၀၀ ပဲ။ သူတို့သတ်မှတ်တဲ့ ၄၀၀၀ ကျော်ဆိုတာ စျေးထဲမှာမရပါဘူး။ စျေးထဲမှာကိုယ်တိုင် လာဝယ်ကြည့်စေချင်တယ်။ သူတို့ပြောတဲ့စျေးနဲ့ ဝယ်လို့ ရလား၊ မရလားဆိုတာကို သိစေချင်တယ်” လို့ ပြည်သူတဦးက ပြောပါတယ်။ စျေးနှုန်းတွေလျှော့ချဖို့နဲ့ ဈေးကစားရင် အရေးယူမယ်လို့…

Read More

ဒုံးကျည်ပစ်ခတ်မှု မအောင်ခဲ့ဘဲ ပြည်သူတွေထိတ်လန့်စေတဲ့အတွက် တောင်ကိုရီးယားစစ်တပ် တောင်းပန်

ဆိုးလ်၊ စက်တင်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်ပစ်ခတ်မှုမအောင်မြင်ခဲ့ဘဲ ကမ်းရိုးတန်းမြို့ Gangneung ဒေသခံတွေထိတ်လန့်မှုဖြစ်ပွားခဲ့တဲ့အပေါ် တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၅ ရက်မှာ တောင်းပန်လိုက်ပါတယ်။ ဒုံးကျည်ပစ်ခတ်မှုမအောင်မြင်ခဲ့ဘဲ မီးလောင်ပြီး ပေါက်ကွဲသံတေးထွက်ပေါ်ခဲ့ပြီး လူအသေအပျောက်ထိခိုက်မှုမရှိခဲ့ပေမယ့်လည်း ခုနှစ်နာရီကြာတဲ့အချိန်ထိ ဖြစ်စဉ်ကို တောင်ကိုရီးယားစစ်တပ်က အတည်ပြုခဲ့ခြင်းမရှိပါဘူး။ ပစ်ခတ်လိုက်တဲ့ Hyunmoo-2 ဒုံးကျည်ဟာ ထိပ်ဖူးမပေါက်ကွဲခဲ့ကြောင်းနဲ့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပွားခဲ့တဲ့ အတွက်တောင်းပန်ကြောင်း တောင်ကိုရီးယားစစ်တပ်က နောက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒုံးကျည်ပစ်ခတ်မှုဟာ အောက်တိုဘာ ၄ ရက်အစောပိုင်းက ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုအပေါ် တောင်ကိုရီးယားက တုံ့ပြန်လုပ်ဆောင်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လက်ရှိမှာ ပူးတွဲစစ်ရေးလေ့ကျင့်နေပြီး ဒီလိုလေ့ကျင့်မှုအပေါ် ကန့်ကွက်နေတဲ့မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး ဒုံးကျည်ပစ်ခတ်ခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဆိုးလ်

Read More
VOM News

FREE
VIEW