မင်္ဂလာဒုံစျေးအပြင်ဘက်က ဆိုင်ခန်း ၁၂၀ ကျော်ကို ဖျက်သိမ်းဖို့သတိပေး

အောက်တိုဘာ ၅-၂၀၂၂
KK + GG( VOM)

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးကြီး အပြင်ဘက်တန်းမှာ ရောင်းချနေတဲ့ ဆိုင်ခန်းအားလုံးကို ၁၅ ရက်အတွင်းအပြီး ဖျက်သိမ်းရမယ်လို့ တပ်မြို့စည်ပင်(မင်္ဂလာဒုံ)က စာထုတ်အသိပေးထားတယ်လို့သိရပါတယ်။

အဲ့ဒီဆိုင်ခန်းတွေဟာ တပ်မြို့စည်ပင်သာယာနယ်မြေပိုင် ဖြစ်နေတာကြောင့် အခုလို ဖျက်သိမ်းဖို့သတိပေးတာဖြစ်ကြောင်းနဲ့ သတ်မှတ် ၁၅ ရက်အတွင်း ဖယ်ရှားခြင်းမရှိတဲ့ ဆိုင်ခန်းတွေကိုတော့ ဥပဒေအရ ဖယ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။

“စျေးအပြင်တန်းတွေဖျက်ခိုင်းတာပါ၊ တပ်စည်ပင် ကထုတ်တဲ့နို့တစ်စာကတော့ လိုင်းပေါ်မှာပြန့်နေပါပြီ ၊ ၁၅ရက်အတွင်း အာင်အားသုံးရှင်းမယ်တဲ့၊ သူတို့ဘဲ မူလကရန်ပုံငွေအတွက်ဆိုပြီး ငှါးစား ရောင်းစားခဲ့တာပါ ၊ နှစ်ထပ်ဆိုင်ခန်းပြန်ဆောက်ပြီးရောင်းစား ၊ ငှားစားမယ်လို့တော့ကြားတယ် သေချာတော့မသိဘူး “လို့ မြို့ခံတဦးကပြောပါတယ်။

ဒါ့ကြောင့် လက်ရှိမှာတော့ ဆိုင်ခန်းတချို့က စတင်ပြီးဖျက်သိမ်းမှုတွေလုပ်ဆောင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။

” အပေါ်တန်းတွေ ရေတမာလမ်း ဟိုဘက်ဒီဘက်အကုန်ပါတယ်၊ တပ်နယ်မှူးရုံးရှေ့ပဲကျန်ခဲ့မှာတဲ့၊ ခုကို စဖယ်နေကြပြီ၊ ဖျက်သိမ်းရှင်းလင်းလုပ်သူလုပ်နေကြပြီ၊ ကြံ့ခိုင်ရေးဝင်းပတ်ချာလည်လည်း အကုန်ပါတယ်တဲ့ ” လို့ နောက်ထပ်ဒေသခံတဦးကပြောပါတယ်။

ဆိုင်ခန်းတွေကိုသာ ဖယ်ရှားခိုင်းပြီး ဖယ်ရှားခံရတဲ့ ဆိုင်ခန်းစျေးသည်တွေအတွက် နေရာအစားထိုးပြန်ပေး၊မပေးကိုတော့ ပြောဆိုတာမျိုးမရှိသေးဘူးလို့သိရပြီး ဖယ်ရှားခံရတဲ့ စျေးဆိုင်ခန်းပေါင်း ၁၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်္ဂလာဒုံစျေးအပြင်ဘက်ဆိုင်ခန်းတွေ #ဖျက်သိမ်းဖို့သတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW