မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ဇာတ်အဖွဲ့ကား မှောက်လို့ ၅ ယောက်သေဆုံး၊ ဒဏ်ရာရသူများပြား

အောက်တိုဘာ ၅-၂၀၂၂
VOM (GG)

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ” ပွင့်နေခြည် ” ဇာတ်ပွဲကား တိမ်းမှောက်ပြီး ၅ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ညနေ ၄ နာရီလောက်မှာ ဇာတ်အဖွဲ့ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” လောလောဆယ် သေတာ ၅ ယောက်ရှိတယ်၊ အရေးပေါ်လူနာက ၁၀ ယောက် ၁၅ ယောက်လောက်ရှိမယ်၊ခုမှ လူနာတွေကို ဆေးရုံကို တောက်လျှောက်ပို့နေတုန်းပဲ ” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

ကားပေါ်မှာ ယောကျ်ားလေး ၂၁ ယောက်နဲ့မိန်းကလေး ၇ယောက်ပါလာတာဖြစ်ကြောင်း၊ အဲ့ဒီ ထဲမှာ ယောကျ်ားလေး ၁၅ ယောက်၊ မိန်းကလေး ၅ ယောက်၊ အသက် ၂ နှစ်အရွယ် ကလေးငယ်တို့က ထိခိုက်ဒဏ်ရာရပြီး ပြင်းထန်ကာစိုးရိမ်ရပြီး ၅ယောက်က သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်း တွေက မြဝတီဆေးရုံကို ပို့ဆောင်နေကြောင်း၊ သေဆုံးသူတွေက အမျိုးသား တွေချည်းဖြစ်တယ်လို့သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့” ပွင့်နေခြည် ” ဇာတ်အဖွဲ့ကားဟာ မော်လမြိုင်မြို့က ဇာတ်အဖွဲ့ဖြစ်ပြီး မြဝတီကို ဇာတ်ကဖို့သွားချိန် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြဝတီ-အာရှလမ်း မှာ အရင်ကလည်း ယာဥ်တိမ်းမှောက်မှုတွေနဲ့ ယာဥ်တိုက်မှု မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မြ၀တီ #အာရှလမ်း #ဇာတ်ကားမှောက် #လူငါးယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW