ဟုမ္မလင်းက NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ သူ့မိသားစု မုံရွာမြို့မှာ ဖမ်းဆီးခံရ

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ ၊ တိမ်းရှောင်နေရတဲ့ ဟုမ္မလင်းမြို့နယ် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဆွေဝင်းနဲ့ သူ့မိသားစုဟာ မနေ့ အောက်တိုဘာ ၅ ရက်ညပိုင်းက မုံရွာမြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာနိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့ကည ၁၀ နာရီဝန်းကျင်က လာဖမ်းသွားတာပါ ၊ သူ့မိန်းမနဲ့ သူ့ကလေးပါ ခေါ်သွားတယ်လို့ သိရတယ် ၊ ဦးကျော်ဆွေဝင်းက ဟုမ္မလင်း အမှတ် ၁ မဲဆန္ဒနယ်ကနေ NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အနိုင်ရခဲ့သူဖြစ်တယ် ၊ ရှမ်းနီတိုင်းရင်သား လူငယ်တဦးဖြစ်တယ် ” လို့ မုံရွာ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဆွေဝင်း အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ချင်းတွင်းမြစ်ဝှမ်း…

Read More

ထိုင်းနေ့ကလေးထိန်းကျောင်းကို ရဲအရာရှိဟောင်းက ပစ်ခတ်မှုကြောင့် လူ ၃၁ ဦးသေဆုံး

ဘန်ကောက်၊ အောက်တိုဘာ-၆-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ နေ့ကလေးထိန်းကျောင်းတခုထဲကို ရဲအရာရှိဟောင်းတဦးက ဒီနေ့အောက်တိုဘာ ၆ ရက်မှာ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် Nong Bua Lamphu မှာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအပြီးမှာတော့ သေနတ်သမားဟာ ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးတွေရော လူကြီးတွေရော ပါ၀င်တယ်လို့ဆိုပါတယ်။ သေနတ်သမားဟာ ကလေးရော လူကြီးကိုပါ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီး ကနဦးမှာ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ လက်ရှိချိန်ထိ မသိရသေးပါဘူး။ အဲဒီရဲအရာရှိဟာ မကြာသေးမီက ရာထူးကနေ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၂၃ ဦးပါ၀င်ကြောင်း ပြည်နယ်ရဲမှူးကပြောပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ရှားရှားပါးပါးဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ စစ်သားတစ်ဦးက…

Read More

သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ဂါလန် ၂ သန်းကျော် ဆီချနေတယ်လို့ သိရ

အောက်တိုဘာ ၆ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းရှိ Terminalမှာ စက်သုံးဆီ ဂါလန် ၂ သန်းကျော် ဆီချနေတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။ MT Intan Premier သင်္ဘောကနေ ဓာတ်ဆီ 92 Ron ၂ ဒသမ ၀၉ ဂါလန်သန်းနဲ့ ဓာတ်ဆီ 95 Ron ၀ ဒသမ ၁၇ ဂါလန်သန်းကို အောက်တိုဘာ ၁ ရက်နေ့ကစလို့ ဆီချလုပ်ငန်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “အခု စက်သုံးဆီဈေးတွေ ကျနေတာက သူတို့ ရုရှားဘက်ကဆီတွေ သွင်းတယ်လို့တော့ ကြားတာပဲ။ အဲ့ဒါကြောင့် တဖြည်းဖြည်းနဲ့ ကျနေတာလားမသိဘူး။ တကယ်လို့ အဲ့ဒီဘက်ကမရတော့ဘူးဆိုရင်လည်း ဆီဈေးက ပုံမှန်အတိုင်း ပြန်တက်မှာပဲလေ။ ဟိုအရင်လိုဈေးနဲ့ ပြန်ရရင်တော့ အကောင်းဆုံးပေါ့” လို့ အငှားယာဉ်မောင်းတဦးက…

Read More

နှစ်ပတ်အတွင်း ခြောက်ကြိမ်မြောက်အဖြစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း မြောက်ကိုရီးယား ပစ်ခတ်

ပြုံးယမ်း၊ အောက်တိုဘာ-၆-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ အောက်တိုဘာ ၆ ရက်မှာ နောက်ထပ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီး ဒါဟာ သီတင်းနှစ်ပတ်အတွင်း ခြောက်ကြိမ်မြောက် ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုလည်းဖြစ်ပါတယ်။ မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုထားပါတယ်။ အောက်တိုဘာ ၄ ရက်ကလည်း မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကိုဖြတ်ကျော်ကာ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေချမှတ်တာတွေကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကာကွယ်ပေးနေကြောင်း အမေရိကန်က စွပ်စွဲပြောဆိုပါတယ်။ ဒီလိုပိတ်ဆို့အရေးယူမှုတွေကို ရုရှားနု့တရုတ်တို့ကဆန့်ကျင်ခြင်းဖြင့် မြောက်ကိုရီးယားကို အကာအကွယ်ပေးနေခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကပြောပါတယ်။ ဒါပေမယ့် ရုရှားနဲ့ တရုတ်သံအမတ်တွေကတော့ မြောက်ကိုရီးယားအရေး ဆွေးနွေးမှုတွေမြှင့်တင်ခြင်းဟာ ပြစ်ဒဏ်ပေးတာထက် ပိုမိုကောင်းမွန်ကြောင်း ပြောဆိုပါတယ်။ Ref: BBC Photo:AP…

Read More

ရွှေစျေးထိန်းတဲ့အနေနဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို တောက်လျှောက် ရောင်းပေးတော့မယ်လို့ သိရ

အောက်တိုဘာ ၆ – ၂၀၂၂ SN (VOM) ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို သတ်မှတ်ရာနေရာတွေမှာ တောက်လျှောက် ရောင်းပေးတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ကနေ သိရပါတယ်။ နစကအနေနဲ့ ရန်ကုန်နဲ့မန္တလေးမှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ရောင်းချပေးနေတာဖြစ်ပြီး ပြည်တွင်းကုန်ဈေးနှုန်းနဲ့ ရွှေဈေးနှုန်းကို ထိန်းပေးတဲ့သဘောဖြစ်တယ်လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။ “ဒီ ရွှေရောင်းပေးတာက ပုံမှန်အတိုင်းပဲ ဖြစ်သွားတော့မှာပါ။ ဌာနကလည်း တောက်လျှောက် ရောင်းပေးသွားတော့မယ့်သဘောရှိပါတယ်။ ပြင်ပဈေးကိုလည်းထိန်းတဲ့သဘောပဲပေါ့” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ အောက်တိုဘာ ၆ ရက်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နဲ့ မန္တလေးမြို့ရှိ Star Mart Mandalay တို့မှာ အောက်တိုဘာ ၆ ရက်၊ မွန်းလွဲ ၁…

Read More

မန္တလေးမြို့မှာ ဆေးဆိုင် အနုကြမ်းစီးပြီး အမျိုးသမီး ၂ဦး သတ်သွားတဲ့သူကို ဖမ်းဆီးရမိ

အောက်တိုဘာ ၆-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်းနဲ့ ၁၁၈လမ်းအနီးက ဆေးဆိုင်တစ်ဆိုင်ဟာ ဒီကနေ့မနက်ပိုင်းအစောပိုင်း ၅နာရီကျော်ခန့်က အနုကြမ်းစီးခံရပြီး ဆေးဆိုင်အတွင်းက အမျိုးသမီး၂ဦး အသတ်ခံလိုက်ရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဥ်က ကျူးလွန်သွားသူ အမျိုးသားကို သက်ဆိုင်ရာရဲတပ်ဖွဲ့က အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” တရားခံ မိပါပြီ ၊ ကျူးလွန်သူက အဲ့ဒီပတ်၀န်းကျင်ကပဲ၊ စစ်ဆေးကြည့်တော့ ၀င်ခိုးတဲ့အချိန် အဲ့ဒီအမျိုးသမီး ၂ယောက်က အိမ်နီးနားချင်းမှန်းသိလို့ သတ်ပစ်လိုက်တာလို့ သိရတယ်၊ မိတာကတော့ အခင်းဖြစ်တဲ့အိမ်ရဲ့အနောက်ဘက် ခြံ၀င်းအလွတ်ထဲက ဗွက်အိုင်ထဲမှာ မိတာပါ”လို့ ရဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ သေဆုံးသွားသူတွေဟာ အသက် ၅၇နှစ်အမျိုးသမီးနဲ့ အသက် ၃၁နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး ပစ်မှုကျူးလွန်သူကတော့ အသက် ၃၈နှစ်အရွယ် အမျိုးသားတဦးဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ အမျိုးသမီး၂ဦးကို ကားရှော့ခ်ဘားနဲ့ ဦးခေါင်းတွေကိုရိုက်နှက်ကာ သတ်ပစ်ခဲ့ပြီးနောက်…

Read More

ဂျပန်နိူင်ငံသား သတင်းထောက် ပုဒ်မနှစ်ခုနဲ့ ထောင်(၇)နှစ်ခံရ

အောက်တိုဘာ ၆-၂၀၂၂ KK(VOM) ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Mr Toru Kubota ကို မနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ခုနှစ်နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။ Mr Toru Kubota ကို မနေ့ မနက်ပိုင်းက ပုဒ်မ ၅၀၅(က)၊အီလက်ထ​ရောနစ်ဥပဒေပုဒ်မ ၃၃(က)နဲ့ ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ “စစ်အုပ်ချုပ်ရေးနယ်မြေထဲက မြို့နယ်တွေဆိုတော့ စစ်ခုံရုံးက စစ်တာ၊ အမိန့်ချတာလည်း မြန်တယ်၊ ပုဒ်မ နှစ်ခုလုံးကို တစ်ပြိုင်တည်းချတာ၊ လဝကပုဒ်မနဲ့စွဲထားတာက စစ်နေတုန်း”လို့ ပြောပါတယ်။ ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Mr Toru Kubota အပါအဝင်သုံးဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ မြိတ်လမ်းက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခဲ့ပြီးနောက်…

Read More

မန္တလေးမြို့မှာ ဆေးဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရပြီး အမျိုးသမီး ၂ဦး အသတ်ခံရ

အောက်တိုဘာ ၆-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်းနဲ့ ၁၁၈လမ်းအနီးက ဆေးဆိုင်တစ်ဆိုင်ဟာ ဒီကနေ့မနက်ပိုင်းအစောပိုင်း ၅နာရီကျော်ခန့်က အနုကြမ်းစီးခံရပြီး ဆေးဆိုင်အတွင်းက အမျိုးသမီး၂ဦး အသတ်ခံလိုက်ရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရဲနဲ့နီးစပ်သူတဦးကတော့ “ဖြစ်စဥ်က ဟုတ်ပါတယ်၊ မနက်အစောကြီး ဆေး၀ယ်ချင်တယ်ပြောပြီး တံခါးဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်ချိန် ဖြစ်တယ်လို့ ကနဦးသိရတယ်၊ အခုတော့ သက်ဆိုင်ရာ မူခင်းရဲတပ်ဖွဲ့က စစ်နေတုန်းပါပဲ”လို့ ပြောပါတယ်။ အသတ်ခံရသူ အမျိုးသမီး၂ဦးဟာ အသက်ကြီး အမျိုးသမီး၁ဦးနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး၁ဦးတို့ဖြစ်တယ်လို့ သိရပြီး အနုကြမ်းစီးခံရတာကြောင့် ဘာပစ္စည်းတွေ ပါသွားသလဲဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက် ညပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့်နားမှာ ကားလုယူခံရပြီး အလောင်းကို လမ်းဘေးစွန့်ပစ်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ကာ ကျူးလွန်သူတရားခံကို နောက်တစ်ရက် ရှမ်းပြည်နယ်ဘက်မှာ ဖမ်းဆီးရမိခဲ့တာလည်း…

Read More
VOM News

FREE
VIEW