နိုင်ငံရေးအကြပ်ရိုက်နေတဲ့ မလေးရှားမှာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေ

ကွာလာလမ်ပူ၊ အောက်တိုဘာ-၁၁-၂၀၂၂
မျိုးဆက်(VOM)

မလေးရှာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အဆုံးသတ်ဖို့အတွက် အထွေထွေရွေးကောက်ပွဲ စောလျင်စွာ ကျင်းပဖို့ မလေးရှား၀န်ကြီးချုပ်က အောက်တိုဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

မလေးရှားဘုရင်ရဲ့ သဘောတူညီချက်နဲ့ ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ၀န်ကြီးချုပ် အစ္စမေးဆာဘရီက ပြောပါတယ်။ ပါလီမန်၏ လက်ရှိသက်တမ်းဟာ ဇူလိုင်လမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲစောလျင်စွာကျင်းပရေး ဆုံးဖြတ်ချက်ဟာ မကြာသေးမီကပြုလုပ်တဲ့ ပြည်နယ်အဆင့်ရွေးကောက်ပွဲတွေမှာ အာဏာရအစုအဖွဲ့က အများစုအနိုင်ရရှိပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

နိုင်ငံကိုလက်ရှိအုပ်ချုပ်နေတဲ့ အဲဒီအစုအဖွဲ့ရဲ့ ထိပ်တန်းတာ၀န်ရှိသူတွေဟာ အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရွေးကောက်ပွဲကို နို၀င်ဘာလမှာ အစောဆုံးကျင်းပသွားဖွယ်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲပြီးနောက် မလေးရှာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW