ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းဖို့ ပါတီခေါင်းဆောင်တွေ စီစဥ်နေ

အောက်တိုဘာ ၁၁-၂၀၂၂ KK(VOM)+KT(VOM) သူရဦးရွှေမန်း ဦးဆောင်တည်ထောင်ထားတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့စီစဥ်နေတယ်လို့ ပါတီဝင်အချို့ဆီက သိရပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုတော့ဘဲ ပါတီကိုဖျက်သိမ်းဖို့ အစည်းအဝေးတွေပြုလုပ်နေတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။ “ဆွေးနွေးတာတော့ရှိတယ် ဆက်ပြီးတော့ ပါတီရပ်တည်ဖို့ သင့် မသင့် ဆုံးဖြတ်ချက်တော့ မချရသေးဘူး၊ ဘာကြောင့်လဲဆိုတော့ နိူင်ငံရေးဖြစ်စဥ်ပြောင်းလဲပြီး ပုဒ်မ ၁၄၄ ထုတ်တာရှိတယ်၊ ငါးဦးထက် ပိုမစုရ အမိန့်တွေရှိတယ် ဒေသန္တရအမိန့်တွေလည်းရှိတော့ စည်းရုံးရေးဆင်းဖို့မလွယ်ဘူး”လို့ ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲလုပ်မယ့်နေ့ရက်ကို တိကျစွာပြောနိူင်ခြင်းမရှိသည့်အပြင် လက်ရှိနိူင်ငံရေးအခြေအနေမှာ လူထုက စားဝတ်နေရေးကိုသာ လုံးပန်းနေရပြီး နိူင်ငံရေးကို စိတ်ပါဝင်စားခြင်းမရှိသည့်အတွက် ရပ်နားရန် စီစဥ်ရတာဖြစ်တယ်လို့ ပါတီမှတာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။ “ဖျက်ဖို့ကတော့ ၉၉ ရာခိုင်နှုန်းလောက်သေချာတယ်၊ လူတွေက နိူင်ငံရေးကို စိတ်မဝင်စားတော့ဘူး စားဝတ်နေရေးကို…

Read More

နိုင်ငံရေးအကြပ်ရိုက်နေတဲ့ မလေးရှားမှာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေ

ကွာလာလမ်ပူ၊ အောက်တိုဘာ-၁၁-၂၀၂၂ မျိုးဆက်(VOM) မလေးရှာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အဆုံးသတ်ဖို့အတွက် အထွေထွေရွေးကောက်ပွဲ စောလျင်စွာ ကျင်းပဖို့ မလေးရှား၀န်ကြီးချုပ်က အောက်တိုဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ မလေးရှားဘုရင်ရဲ့ သဘောတူညီချက်နဲ့ ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ၀န်ကြီးချုပ် အစ္စမေးဆာဘရီက ပြောပါတယ်။ ပါလီမန်၏ လက်ရှိသက်တမ်းဟာ ဇူလိုင်လမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲစောလျင်စွာကျင်းပရေး ဆုံးဖြတ်ချက်ဟာ မကြာသေးမီကပြုလုပ်တဲ့ ပြည်နယ်အဆင့်ရွေးကောက်ပွဲတွေမှာ အာဏာရအစုအဖွဲ့က အများစုအနိုင်ရရှိပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ နိုင်ငံကိုလက်ရှိအုပ်ချုပ်နေတဲ့ အဲဒီအစုအဖွဲ့ရဲ့ ထိပ်တန်းတာ၀န်ရှိသူတွေဟာ အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရွေးကောက်ပွဲကို နို၀င်ဘာလမှာ အစောဆုံးကျင်းပသွားဖွယ်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲပြီးနောက် မလေးရှာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ Ref: NHK Photo:AP #voiceofmyanmar #VOM #ကွာလာလမ်ပူ

Read More

စက်သုံးဆီ ဂါလန် ၆ သန်းကျော် သီလဝါဆိပ်ကမ်းမှာ ဆီထပ်ချမယ်

အောက်တိုဘာ ၁၁ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်းအတွင်းက သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီဂါလန် ၆ သန်းကျော် ဆီချလုပ်ငန်းတွေ ထပ်မံဆောင်ရွက်ဦးမယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သိရပါတယ်။ ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်း တင်ဆောင်လာတဲ့ MT Aulac Vision သင်္ဘောနဲ့ ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်း၊ ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်း တင်ဆောင်လာတဲ့ MT Yu Yi သင်္ဘောတွေ အခုရက်ပိုင်းအတွင်း သီလဝါဆိပ်ကမ်းကို ထပ်မံဆိုက်ကပ်လာမှာဖြစ်ပါတယ်။ “ဆိပ်ကမ်းမှာ ဆီချတာမှန်တယ်။ ဒါပေမယ့် အခုလက်ရှိ ဆီကိုတော့ သူတို့က တက်ဈေးနဲ့ပဲရောင်းတာလေ။ နောက်တစ်သုတ်မှာမှ ဈေးချပြီးရောင်းမှာလားမသိဘူး။ ဆီဈေးက တက်တာကတော့မြန်တယ်။ ကျတာပဲနှေးနေတာ။ ကျတာကတော့ ခဏပဲ ၃…

Read More

ရုရှားရဲ့ တိုက်ခိုက်နိုင်ခြေကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်နေ

ကိယက်ဗ်၊ အောက်တိုဘာ-၁၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းမြို့ကြီးတွေကို ရုရှားကဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက် တရက်အကြာ အောက်တိုဘာ ၁၁ ရက်မှာ ရုရှားကနောက်ထပ်ဒုံးကျည်တွေနဲ့တိုက်ခိုက်နိုင်ရှိတာကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ ပြည်သူတွေကို သတိပေးချက်ထုတ်ပြန်ထားပါတယ်။ နေ့ဘက်မှာ ယူကရိန်းပိုင်နက်နယ်မြေတွေမှာ ဒုံးကျည်နဲ့တိုက်ခိုက်နိုင်ခြေမြင့်မားတာကြောင့် ဘေးကင်းလုံခြုံရေးစေရေးအတွက် အမိုးအကာတွေအောက်မှာနေထိုင်ကြဖို့နဲ့ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေကို လျစ်လျူမရှုဖို့ ယူကရိန်းအာဏာပိုင်တွေရဲ့ သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားဟာ ယူကရိန်းကို အောက်တိုဘာ ၁၀ ရက်က ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးသေဆုံးပြီး ၁၀၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီလိုတိုက်ခိုက်မှုကြောင့် ဒေသအသီးသီးမှာ လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်သွားခဲ့ပြီး ပြုပြင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အမေရိကန်နဲ့ ဂျီ-၇ နိုင်ငံတွေကတော့ ဒီတိုက်ခိုက်မှုကို တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိနေပါတယ်။ ယူကရိန်းကို ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုဟာ ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားနဲ့ဆက်သွယ်ထားတဲ့ အချက်အခြာကျတဲ့တံတားကို စနေ့နေ့ကတိုက်ခိုက်ခံရမှုအတွက် တုံ့ပြန်တာလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

လဟယ်မြို့အတွက် ဖုန်းလိုင်းတွေ လုပ်ပေးစေချင်

ပြည်သူ့ကြားက ရင်ဖွင့်သံ လဟယ်မြို့အတွက် ဖုန်းလိုင်းတွေ လုပ်ပေးစေချင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် ဒေသခံများဒေသခံများအခက်ခဲဖြစ်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လဟယ်မြို့မှာ ဖုန်းလိုင်း အင်တာနက်လိုင်းများပျက်တောက်နေတာ ရက်တပါတ်ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လဟယ်မြို့ဟာဆိုယခင်က MPT၊ ATOM ၊ Ooredoo ကွန်ယက်များရှိကြပြီ Ooredoo ဖုန်းလိုင်းပျက်တောက်နေခြင်းမှာ၁နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်လို့ ဒေသခံများဟာ MPT၊ ATOM ကွန်ယက်များကို အားထားအသုံးပြုနေရပြီး Mpt လိုင်းများစတင်ပျက်တောက်ချိန်ကစလို့ ATOM ဖုန်းလိုင်းများလဲပျက်တောက်သွားခဲ့ပါတယ်။ ဒေသကမဖွံ့ဖြိုးတော့ ကျန်မာရေးနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်ပူပန်နေရသလို ခန္တီးမြို့ မန္တလေး မုံရွာကို စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများမှာတဲ့အခါလဲ ဆက်သွယ်ရေးမရတာကြောင့် ဖုန်းလိုင်းမိတဲ့ ခန္တီးကို လူကိုယ်တိုင်ဆင်းပြီး ဆက်သွယ်မှာယူနေရပါတယ်။ လဟယ်မြို့ရဲ့ စားသောက်ကုန်များဟာ မုံရွာမန်းလေးကအဓိကထားမှာယူနေရပြီ ယခုလိုဆက်သွယ်ရေးလိုင်းများအမြန်ဆုံးပြန်ရစေချင်ကြောင်းနဲ့ အင်တာနက်လိုင်း မရတာထက် ဖုန်းလိုင်းများပျက်တောက်နေခြင်းကအဝေးရောက် မိသားစုတွေကလည်း မြို့နေမိသားစုအတွက်ကို စိတ်ပူနေရသလို ဒေသခံတွေ ကလည်း…

Read More

ပြည်ပနိုင်ငံသားတွေအတွက် ကိုဗစ်-၁၉ ကန့်သတ်ချက်အများစု ဂျပန်အစိုးရ ရုပ်သိမ်းပြီ

တိုကျို၊ အောက်တိုဘာ-၁၁-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်အများစုကို အောက်တိုဘာ ၁၀ ရက်မှာ ဂျပန်အစိုးရက ရုပ်သိမ်းလိုက်ပြီး နိုင်ငံကိုလာရောက်မယ့် ပြည်ပနိုင်ငံသားတွေနေ့စဉ်၀င်ရောက်မှုကို ၅သောင်းသာကန့်သတ်ထားတာကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဗြိတိန်တို့အပါအ၀င် ဒေသနဲ့ နိုင်ငံ ၆၈ ခုမှ ကာလတိုလာရောက်မယ့်သူတွေအတွက် ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကိုလည်း ပြန်လည်စတင်နေပြီဖြစ်ပြီး ယခင်ကအဖွဲ့လိုက်လာရောက်မှုကိုသာ ကန့်သတ်ထားခဲ့ရာမှ တဦးချင်းခရီးသွားတွေကို ၀င်ရောက်ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ဒေသတွင်းလေဆိပ်တွေနဲ့ ဆိပ်ကမ်းတွေဟာလည်း နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့ သင်္ဘေတွေကို တဖြည်းဖြည်း ပြန်လည်လက်ခံသွားဖွယ်ရှိနေပါတယ်။အဖျားရောဂါကဲ့သို့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ မပြသရွေ့ ခရီးသွားတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုပြုလုပ်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် လာရောက်မယ့် ခရီးသွားတွေအနေနဲ့ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိကြောင်း ဆေးစစ်ချက် သို့မဟုတ် ကာကွယ်ဆေးသုံးကြိမ်ထိုးနှံပြီးစီးထားကြောင်း သက်သေခံချက်ပါရှိရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ကို သွားရောက်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါလရီလကတည်းက ပြည်၀င်ခွင့်ပိတ်လိုက်ပြီးနောက်ပိုင်း…

Read More

မြန်မာ့ရေလုပ်ငန်းကဏ္ဍ ပြည်ပတင်ပို့မှုအပိုင်းမှာ အခက်တွေ့နေ

အောက်တိုဘာ ၁၁ – ၂၀၂၂ SN (VOM) လက်ရှိ မြန်မာ့ရေလုပ်ငန်းကဏ္ဍဟာ မွေးမြူထုတ်လုပ်မှု၊ ဖမ်းဆီးမှုနဲ့ ပြည်ပတင်ပို့ရောင်းချမှုအပိုင်းအားလုံးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရေထွက်ကုန် တင်ပို့ရောင်းချသူတွေဆီက သိရပါတယ်။ ကမ်းဝေး ငါးဖမ်းလှေတွေမှာ အဓိကအသုံးပြုရတဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေမှုကြောင့် ဖမ်းဆီးမှုပိုင်းမှာလည်း အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရသလို ပြည်ပတင်ပို့ရောင်းချမှု အပိုင်းမှာလည်း ကွန်တိန်နာဈေး ကြီးမြင့်မှုနဲ့ ငွေကြေးစီးဆင်းမှုမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ “အခက်အခဲတွေကတော့ အများကြီးပါ။ နည်းပညာပိုင်းအရလည်း အားနည်းတယ်။ ဒါကိုမှ လျှပ်စစ်မီးအခက်အခဲ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်သွယ်ရေးနဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲတွေကြောင့် ပိုပြီးတော့ အဆင်မပြေဖြစ်ရတယ်။ ဖမ်းဆီးမှုအပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိတဲ့အတွက် ငါးကုန်ကြမ်းရရှိမှုတွေလည်း လျော့နည်းနေပါတယ်” လို့ ရေထွက်ပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဒါ့အပြင် ငါးမွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူရေးအစာ၊ ငါးသားပေါက်အပါအဝင် သွင်းအားစုစရိတ်တွေ ကြီးမြင့်တာတွေဖြစ်နေပြီး ထုတ်လုပ်မှုစရိတ်စကတွေလည်း…

Read More

ရော်ဘာကို ပြည်ပတင်ပို့ရာမှာ ပြင်ပပေါက်ဈေး ရာနှုန်းပြည့်ရတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေကို မယှဉ်နိုင်သေး

အောက်တိုဘာ ၁၁ – ၂၀၂၂ SN (VOM) ပြည်တွင်းကထွက်ရှိတဲ့ ရော်ဘာကို နိုင်ငံခြားတင်ပို့ရာမှာ ပြင်ပပေါက်ဈေးနဲ့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရောင်းလို့ရနေတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေကို မယှဉ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကနေ ​သိရပါတယ်။ “ပြည်ပဈေးကွက်ကို ရော်ဘာတင်ပို့ရာမှာ အပြင်ပေါက်ဈေးနဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ ရောင်းလို့ရတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု၈ကော်မရှင်က တဆင့်ဝင်ရောက်ထားတဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေ၊ ပြည်တွင်းနဲ့ ဖက်စပ်ရတဲ့ ကုမ္ပဏီကြီးတွေကို ရာခိုင်နှုန်း ၆၅ ၊ ၃၅ ရတဲ့ ပြည်တွင်းကုမ္ပဏီတွေက ယှဉ်ပြီးတော့ မလုပ်နိုင်သေးဘူးဖြစ်နေတယ်” လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။ ရော်ဘာကို နိုင်ငံခြားတင်ပို့မှုအပိုင်းမှာ ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့ များစွာ အားယူနေရဆဲဖြစ်ပြီး ဗဟိုဘဏ်ရဲ့လက်ရှိသတ်မှတ်ချက်တွေအရ အဆင်ပြေမှု မရှိနိုင်သေးဘူးလို့ ပြောပါတယ်။…

Read More

တူညီတဲ့အရာ

ဆူးငှက် မန္တလေးရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းကြီးတည်ထောင်တော့ မြို့ကွက်ချထားတဲ့အခါ မြို့ပတ်ပတ်လည်မှာ ဘုန်းတော်ကြီးကျောင်းဝင်းတွေနဲ့ပတ်ဝန်းစေတယ်။ မြို့အရှေ့ခြမ်းမှာ ဟိုး…မြောက် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားမှသည် မနော်ယမ္မံဥယျာဉ်တော်အထိ ဘုန်းတော်ကြီးကျောင်းဝင်းကြီးတွေ ရှိသလို မြို့တောင်ခြမ်း မဟာမုနိရုပ်ရှင်တော်မြတ်ဝန်းကျင်မှာလည်း ဘုန်းကြီးကျောင်းဝင်းကြီးတွေရှိတယ်။ မြို့နန်းတည်စ အနောက်ဖက်ခြမ်းနယ်နိမိတ်ဖြစ်တဲ့ရွှေတချောင်း ခေါ် ကုပ်သိုမြောင်းရဲ့အနောက်ခြမ်းမှာလည်း တောင်မှမြောက်အထိ ဘုန်းကြီးကျောင်းဝင်းကြီးတွေရှိတယ်။ ဒီလို မြို့ပတ်လည်မှာ ဘုန်းကြီးကျောင်းကြီးတွေ ရံထားသလို မြို့ထဲကဘုရားစေတီတွေဝန်းကျင်မှာလည်း ဘုန်းကြီးကျောင်းကြီးတွေ ရှိသေးတယ်။ မင်းတုန်းမင်းကြီးက ဗုဒ္ဓသာသနာကို ပဉ္စမသင်္ဂါယနာတင်သည်အထိ ဆည်းကပ်ခဲ့သလိုပဲ ညီတော် ကနောင်မင်းသားနဲ့ မှူးမတ်ဝန်ကြီးများဝန်းရံအားပေးမှုနှင့် ဒေါက်တာမတ်ကဲ့သို့ ခရစ်ယန်သာသနာပြုများနှင့် ခရစ်ယန်သာသနာကိုလည်းနရာပေးခဲ့တယ်။ အလားတူ မဟာမေဒင်ဘာသာဝင်တွေကိုလည်း ဝန်မင်း၊ အမှုထမ်းတွေအထိ ခန့်ထားချီးမြှောက်တယ်။ ဗလီဝတ်ကျောင်းတွေလည်း လှူဒါန်းခဲ့တယ်။ ၈၃ လမ်းနှင့် ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားတာင်ဆင်ကျုံးဝင်းမှာ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကြီး ရှိတယ်။ အလားတူ ၈၂ လမ်းနှင့်…

Read More
VOM News

FREE
VIEW