ရုရှားရဲ့ တိုက်ခိုက်နိုင်ခြေကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်နေ

ကိယက်ဗ်၊ အောက်တိုဘာ-၁၁-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းမြို့ကြီးတွေကို ရုရှားကဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက် တရက်အကြာ အောက်တိုဘာ ၁၁ ရက်မှာ ရုရှားကနောက်ထပ်ဒုံးကျည်တွေနဲ့တိုက်ခိုက်နိုင်ရှိတာကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ ပြည်သူတွေကို သတိပေးချက်ထုတ်ပြန်ထားပါတယ်။

နေ့ဘက်မှာ ယူကရိန်းပိုင်နက်နယ်မြေတွေမှာ ဒုံးကျည်နဲ့တိုက်ခိုက်နိုင်ခြေမြင့်မားတာကြောင့် ဘေးကင်းလုံခြုံရေးစေရေးအတွက် အမိုးအကာတွေအောက်မှာနေထိုင်ကြဖို့နဲ့ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေကို လျစ်လျူမရှုဖို့ ယူကရိန်းအာဏာပိုင်တွေရဲ့ သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားဟာ ယူကရိန်းကို အောက်တိုဘာ ၁၀ ရက်က ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးသေဆုံးပြီး ၁၀၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် ဒေသအသီးသီးမှာ လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်သွားခဲ့ပြီး ပြုပြင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အမေရိကန်နဲ့ ဂျီ-၇ နိုင်ငံတွေကတော့ ဒီတိုက်ခိုက်မှုကို တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိနေပါတယ်။

ယူကရိန်းကို ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုဟာ ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားနဲ့ဆက်သွယ်ထားတဲ့ အချက်အခြာကျတဲ့တံတားကို စနေ့နေ့ကတိုက်ခိုက်ခံရမှုအတွက် တုံ့ပြန်တာလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo:AP

#voiceofmyanmar #VOM #ယူကရိန်း #ရုရှား

Related posts

Leave a Comment

VOM News

FREE
VIEW