လဟယ်မြို့အတွက် ဖုန်းလိုင်းတွေ လုပ်ပေးစေချင်

ပြည်သူ့ကြားက ရင်ဖွင့်သံ

လဟယ်မြို့အတွက် ဖုန်းလိုင်းတွေ လုပ်ပေးစေချင်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် ဒေသခံများဒေသခံများအခက်ခဲဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လဟယ်မြို့မှာ ဖုန်းလိုင်း အင်တာနက်လိုင်းများပျက်တောက်နေတာ ရက်တပါတ်ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လဟယ်မြို့ဟာဆိုယခင်က MPT၊ ATOM ၊ Ooredoo ကွန်ယက်များရှိကြပြီ Ooredoo ဖုန်းလိုင်းပျက်တောက်နေခြင်းမှာ၁နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်လို့ ဒေသခံများဟာ MPT၊ ATOM ကွန်ယက်များကို အားထားအသုံးပြုနေရပြီး Mpt လိုင်းများစတင်ပျက်တောက်ချိန်ကစလို့ ATOM ဖုန်းလိုင်းများလဲပျက်တောက်သွားခဲ့ပါတယ်။

ဒေသကမဖွံ့ဖြိုးတော့ ကျန်မာရေးနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်ပူပန်နေရသလို ခန္တီးမြို့ မန္တလေး မုံရွာကို စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများမှာတဲ့အခါလဲ ဆက်သွယ်ရေးမရတာကြောင့် ဖုန်းလိုင်းမိတဲ့ ခန္တီးကို လူကိုယ်တိုင်ဆင်းပြီး ဆက်သွယ်မှာယူနေရပါတယ်။

လဟယ်မြို့ရဲ့ စားသောက်ကုန်များဟာ မုံရွာမန်းလေးကအဓိကထားမှာယူနေရပြီ ယခုလိုဆက်သွယ်ရေးလိုင်းများအမြန်ဆုံးပြန်ရစေချင်ကြောင်းနဲ့ အင်တာနက်လိုင်း မရတာထက် ဖုန်းလိုင်းများပျက်တောက်နေခြင်းကအဝေးရောက် မိသားစုတွေကလည်း မြို့နေမိသားစုအတွက်ကို စိတ်ပူနေရသလို ဒေသခံတွေ ကလည်း အဝေးရောက် မိသားစုဝင်တွေကို စိတ်ပူပန်နေရပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အလုပ်လုပ်ရတာ အခက်အခဲရှိနေတာကြောင့် ဖုန်းလိုင်းများအမြန်ဆုံးရစေချင်ကြောင်း ဒေသခံတွေ ကိုယ်စား သက်ဆိုင်ရာသိစေဖို့ VOM ကတဆင့် အကူအညီတောင်းခံအပ်ပါတယ်။

လဟယ်သားတဦး

#voiceofmyanmar #VOM #လဟယ်ဖုန်းလိုင်းပြတ်

Related posts

Leave a Comment

VOM News

FREE
VIEW