ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မရုပ်သိမ်းသေးဘူးလို့ WHO ဆုံးဖြတ်

ဂျီနီဗာ၊ အောက်တိုဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်လက်တည်ရှိနေပြီး ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေရှိနေဆဲဖြစ်ကာ သေဆုံးမှုလည်း များပြားနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာသတိပေးပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူတွေဟာ အရေးပေါ်အခြေအနေ အဆုံးသတ်ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး အရေးပေါ်အခြေအနေရုပ်သိမ်းဖို့ အချိန်စောလွန်သေးတယ်လို့ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးမှုများပြားနေတာနဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ မသေချာမရေရာအခြေအနေတွေအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့မှာ ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ရတဲ့ လူနာအရေအတွက် တိုးပွားလျှက်ရှိပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ အလားတူအခြေအနေတွေကို သတိထားရမှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW